ဝူဟောင်းဝူတစ်ယောက် Episodeတစ်ခုအတွက် ဒေါ်လာ 2 သိန်းကျော်အနုပညာကြေးယူမယူ

အော်တစ်ဇင်ရှေ့နေမလေးဝူဟောင်းဝူအဖြစ်နာမည်ကြီးခဲ့တဲ့ မင်းသမီး Park Eun Bin တစ်ယောက်ဇာတ်လမ်းတွဲသစ်တစ်ခုရဲ့ Episode တစ်ခုစီအတွက်အနုပညာကြေးကို အမေရိကန်ဒေါ်လာ 2 သိန်းကျော်ယူတယ်ဆိုတဲ့ ကောလာဟလတွေထွက်ပေါ်နေပါတယ်။Park Eun Bin ဟာ Episode တစ်ခုကိုဒေါ်လာ နှစ်သိန်းနှစ်သောင်းငါးထောင်အထိသရုပ်ဆောင်ကြေးယူတယ်ဆိုပြီး အတိအကျထွက်ပေါ်လာခဲ့တာပါ။ ဒီသတင်းအတွက်သူမရဲ့အေဂျင်စီဘက်ကရော ထုတ်လုပ်ရေးကုမ္ပဏီဘက်ကပါပြတ်ပြတ်သားသားငြင်းဆိုထားကြပါတယ်။

သူမဟာ Hyper Knife ဆိုတဲ့ဇာတ်လမ်းတွဲအတွက်သရုပ်ဆောင်ကြေးကိုများပြားလွန်းတဲ့ ပမာဏတောင်းခံတယ်ဆိုပြီးတော့မီဒီယာတစ်ခုကစွပ်စွဲပြောဆိုထားတာဖြစ်ပါတယ်။ ထုတ်လုပ်ရေးကုမ္ပဏီနဲ့ Disney Plus တို့ကသူမရဲ့အနုပညာကြေးနဲ့ပတ်သက်ပြီး ညှိနှိုင်းနေကြရတယ်လို့ပြောဆိုထားတာဖြစ်ပါတယ်။သူမရဲ့အေဂျင်စီဖြစ်တဲ့ Namoo Actors ကတော့ “ဒါကလုံးဝမဟုတ်ပါဘူး။အခြေအမြစ်မရှိတဲ့သ တင်းတွေပါ။ အခုအချိန်မှာဒရာမာအသစ်အတွက်ဆွေးနွေးနေတုန်းပဲရှိပါသေးတယ်။ ဒီလိုအချိန်မှာ သတင်းမှားတွေထွက်လာတာကအ လကားသက်သက်အခြေအနေကိုရှုပ်ထွေးစေပါတယ်” ဆိုပြီးပြောခဲ့တာဖြစ်ပါတယ်။

Hyper Knife ဇာတ်လမ်းတွဲဟာ ဆေးဘက်ဆိုင်ရာနဲ့ရာဇဝတ်ဆိုင်ရာသည်းထိတ်ရင်ဖိုဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ဆရာဝန်လည်းဖြစ် ကွင်းဆက်လူသတ်သမားလည်းဖြစ်တဲ့အမျိုးသမီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ Park Eun Bin အနေနဲ့ ဒီဇာတ်လမ်းတွဲမှာစိတ် ရောဂါကုဆရာဝန်နဲ့လူသတ်သမားအဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး ဒီလိုဆိုးသွမ်းတဲ့ Character မျိုးကိုပထမဆုံးအကြိမ် သရုပ်ဆောင်မှာဖြစ်ပါတယ်။ သူမနဲ့အတူတွဲဖက်ပါဝင်မယ့်သူက မင်းသားကြီး Sol Kyung Gu ဖြစ်နေတာကြောင့် Hyper Knife အပေါ်လူတွေရဲ့စိတ် ဝင်စားမှုမြင့်မားနေတာတွေ့ရပါတယ်။

Ju Ju

zawgyi

ေအာ္တစ္ဇင္ေရွ႕ေနမေလးဝူေဟာင္းဝူအျဖစ္နာမည္ႀကီးခဲ့တဲ့ မင္းသမီး Park Eun Bin တစ္ေယာက္ဇာတ္လမ္းတြဲသစ္တစ္ခုရဲ႕ Episode တစ္ခုစီအတြက္အႏုပညာေၾကးကို အေမရိကန္ေဒၚလာ 2 သိန္းေက်ာ္ယူတယ္ဆိုတဲ့ ေကာလာဟလေတြထြက္ေပၚေနပါတယ္။Park Eun Bin ဟာ Episode တစ္ခုကိုေဒၚလာ ႏွစ္သိန္းႏွစ္ေသာင္းငါးေထာင္အထိသ႐ုပ္ေဆာင္ေၾကးယူတယ္ဆိုၿပီး အတိအက်ထြက္ေပၚလာခဲ့တာပါ။ ဒီသတင္းအတြက္သူမရဲ႕ေအဂ်င္စီဘက္ကေရာ ထုတ္လုပ္ေရးကုမၸဏီဘက္ကပါျပတ္ျပတ္သားသားျငင္းဆိုထားၾကပါတယ္။

သူမဟာ Hyper Knife ဆိုတဲ့ဇာတ္လမ္းတြဲအတြက္သ႐ုပ္ေဆာင္ေၾကးကိုမ်ားျပားလြန္းတဲ့ ပမာဏေတာင္းခံတယ္ဆိုၿပီးေတာ့မီဒီယာတစ္ခုကစြပ္စြဲေျပာဆိုထားတာျဖစ္ပါတယ္။ ထုတ္လုပ္ေရးကုမၸဏီနဲ႔ Disney Plus တို႔ကသူမရဲ႕အႏုပညာေၾကးနဲ႔ပတ္သက္ၿပီး ညႇိႏႈိင္းေနၾကရတယ္လို႔ေျပာဆိုထားတာျဖစ္ပါတယ္။သူမရဲ႕ေအဂ်င္စီျဖစ္တဲ့ Namoo Actors ကေတာ့ “ဒါကလုံးဝမဟုတ္ပါဘူး။အေျခအျမစ္မရွိတဲ့သ တင္းေတြပါ။ အခုအခ်ိန္မွာဒရာမာအသစ္အတြက္ေဆြးေႏြးေနတုန္းပဲရွိပါေသးတယ္။ ဒီလိုအခ်ိန္မွာ သတင္းမွားေတြထြက္လာတာကအ လကားသက္သက္အေျခအေနကိုရႈပ္ေထြးေစပါတယ္” ဆိုၿပီးေျပာခဲ့တာျဖစ္ပါတယ္။

Hyper Knife ဇာတ္လမ္းတြဲဟာ ေဆးဘက္ဆိုင္ရာနဲ႔ရာဇဝတ္ဆိုင္ရာသည္းထိတ္ရင္ဖိုဇာတ္လမ္းအမ်ိဳးအစားျဖစ္ၿပီး ဆရာဝန္လည္းျဖစ္ ကြင္းဆက္လူသတ္သမားလည္းျဖစ္တဲ့အမ်ိဳးသမီးတစ္ေယာက္အေၾကာင္းျဖစ္ပါတယ္။ Park Eun Bin အေနနဲ႔ ဒီဇာတ္လမ္းတြဲမွာစိတ္ ေရာဂါကုဆရာဝန္နဲ႔လူသတ္သမားအျဖစ္ သ႐ုပ္ေဆာင္မွာျဖစ္ၿပီး ဒီလိုဆိုးသြမ္းတဲ့ Character မ်ိဳးကိုပထမဆုံးအႀကိမ္ သ႐ုပ္ေဆာင္မွာျဖစ္ပါတယ္။ သူမနဲ႔အတူတြဲဖက္ပါဝင္မယ့္သူက မင္းသားႀကီး Sol Kyung Gu ျဖစ္ေနတာေၾကာင့္ Hyper Knife အေပၚလူေတြရဲ႕စိတ္ ဝင္စားမႈျမင့္မားေနတာေတြ႕ရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*