ဝန်ထမ်းတွေကို လစာ ၈လစာ ဘောနပ်စ်ပေးတဲ့ စင်ကာပူလေကြောင်းလိုင်း

စင်ကာပူလေကြောင်းလိုင်းက ဝန်ထမ်းတွေကို ဘောနပ်စ်ပေးချမှုတွေနဲ့ပတ်သက်လာရင်အမြင့်မားဆုံး ပမာဏအဖြစ်သတ်မှတ်နေကြပါတယ်။စင်ကာပူလေကြောင်းလိုင်းက သူတို့ရဲ့ဝန်ထမ်းတွေကို လစာရှစ်လစာကို ဘောနပ်စ်အဖြစ်ဆုချီးမြှင့်မှာဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး လေကြောင်းလိုင်းနဲ့နီးစပ်သူအမည်မဖော်လိုသူတဦးက CNN ကို အခုလိုပြောကြားခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး စင်ကာပူလေကြောင်းလိုင်းကို ဆက်သွယ်ခဲ့ပေမဲ့တုံ့ပြန်ပြောဆိုခြင်းမရှိခဲ့ပါဘူး။ကုမ္ပဏီက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ နှစ်စဉ်အသားတင်အမြတ်ငွေ ၁ဒဿမ ၉၈ဘီလီယံနဲ့စံချိန်တင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ကပ်ရောဂါဖြစ်ပွားပြီးနောက်မှာ တရုတ်၊ ဟောင်ကောင်၊ ဂျပန်နဲ့ ထိုင်ဝမ်နိုင်ငံတွေက သူတို့ရဲ့ခရီးသွားလာခွင့်တွေကို အပြည့်အဝပြန်ဖွင့်လိုက်တာကြောင့် မြောက်အာရှမှာခရီးသွားလာမှုနှုန်းပြန်လည်ကောင်းမွန်လာခဲ့ပြီး လေကြောင်းခရီးသွားလာမှုမြင့်တက်လာခဲ့တယ်လို့ သူတို့ရဲ့ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။စင်ကာပူလေကြောင်းလိုင်းက ဂုဏ်သိက္ခာကြီးမားသော Skytrax World Airline Awards ဆုရရှိခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။စင်ကာပူလေကြောင်းလိုင်းက ဝန်ထမ်းတွေကို အမြင့်ဆုံးဘောနပ်စ်ပေးနေတဲ့ တခုတည်းသောလေကြောင်းလိုင်းတခုတော့မဟုတ်ပါဘူး။ ဒူဘိုင်းက Emirates က သူတို့ရဲ့ဝန်ထမ်းတွေကိုရက်သတ္တပတ် ၂၀နဲ့ညီမျှတဲ့ ဘောနပ်စ်ကိုပေးမှာဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကဖော်ပြခဲ့ပါတယ်။

MYit

zawgyi

စင္ကာပူေလေၾကာင္းလိုင္းက ဝန္ထမ္းေတြကို ေဘာနပ္စ္ေပးခ်မႈေတြနဲ႔ပတ္သက္လာရင္အျမင့္မားဆုံး ပမာဏအျဖစ္သတ္မွတ္ေနၾကပါတယ္။စင္ကာပူေလေၾကာင္းလိုင္းက သူတို႔ရဲ႕ဝန္ထမ္းေတြကို လစာရွစ္လစာကို ေဘာနပ္စ္အျဖစ္ဆုခ်ီးျမႇင့္မွာျဖစ္ပါတယ္။ အဆိုပါကိစၥနဲ႔ပတ္သက္ၿပီး ေလေၾကာင္းလိုင္းနဲ႔နီးစပ္သူအမည္မေဖာ္လိုသူတဦးက CNN ကို အခုလိုေျပာၾကားခဲ့ပါတယ္။ဒီကိစၥနဲ႔ပတ္သက္ၿပီး စင္ကာပူေလေၾကာင္းလိုင္းကို ဆက္သြယ္ခဲ့ေပမဲ့တုံ႔ျပန္ေျပာဆိုျခင္းမရွိခဲ့ပါဘူး။ကုမၸဏီက ၂၀၂၃-၂၀၂၄ ဘ႑ာႏွစ္မွာ ႏွစ္စဥ္အသားတင္အျမတ္ေငြ ၁ဒႆမ ၉၈ဘီလီယံနဲ႔စံခ်ိန္တင္ခဲ့ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

ကပ္ေရာဂါျဖစ္ပြားၿပီးေနာက္မွာ တ႐ုတ္၊ ေဟာင္ေကာင္၊ ဂ်ပန္နဲ႔ ထိုင္ဝမ္ႏိုင္ငံေတြက သူတို႔ရဲ႕ခရီးသြားလာခြင့္ေတြကို အျပည့္အဝျပန္ဖြင့္လိုက္တာေၾကာင့္ ေျမာက္အာရွမွာခရီးသြားလာမႈႏႈန္းျပန္လည္ေကာင္းမြန္လာခဲ့ၿပီး ေလေၾကာင္းခရီးသြားလာမႈျမင့္တက္လာခဲ့တယ္လို႔ သူတို႔ရဲ႕ထုတ္ျပန္ခ်က္မွာ ပါဝင္ပါတယ္။စင္ကာပူေလေၾကာင္းလိုင္းက ဂုဏ္သိကၡာႀကီးမားေသာ Skytrax World Airline Awards ဆုရရွိခဲ့ၿပီး ကမာၻ႔အေကာင္းဆုံးေလေၾကာင္းလိုင္းအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။စင္ကာပူေလေၾကာင္းလိုင္းက ဝန္ထမ္းေတြကို အျမင့္ဆုံးေဘာနပ္စ္ေပးေနတဲ့ တခုတည္းေသာေလေၾကာင္းလိုင္းတခုေတာ့မဟုတ္ပါဘူး။ ဒူဘိုင္းက Emirates က သူတို႔ရဲ႕ဝန္ထမ္းေတြကိုရက္သတၱပတ္ ၂၀နဲ႔ညီမွ်တဲ့ ေဘာနပ္စ္ကိုေပးမွာျဖစ္တယ္လို႔ ႐ိုက္တာသတင္းဌာနကေဖာ္ျပခဲ့ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*