အကောင်းမြင်စိတ်ကြောင့်ဆွဲဆောင်မှုရှိတဲ့ ရာသီခွင် (၄)ခု

အကောင်းမြင်စိတ်နဲ့ အကောင်းမြင်ဝါဒက လူတွေကိုဆွဲဆောင်မှုရှိတယ်ဆိုတာသင်သိပါသလား။ ဒီရာသီဖွားလေးတွေကတော့ သွားလေရာမှာကောင်းမွန်တဲ့ခံစားချက်ကိုဖြန့်ကျက်ပေးနိုင်တာကြောင့် နာမည်ကြီးပါတယ်။ဒီအပြုသဘောဆောင်တဲ့ ရာသီခွင်တွေက ဘယ်ရာသီ ခွင်တွေဖြစ်မလဲဆိုတာမျှဝေပေးသွားချင်ပါတယ်။

Aries : March 21-April 19
ဒီရာသီဖွားတွေက အကောင်းဆုံးအကောင်းမြင်သမားတွေဖြစ်ပါတယ်။ဒီရာသီဖွားတွေရဲ့အပြုသဘောဆောင်တဲ့ စွမ်းအင်တွေရှိတာကြောင့် တခြားသူတွေကိုကူးစက်စေပါတယ်။ သူတို့ရဲ့စိတ်အားထက်သန်မှုနဲ့ ပြင်းပြတဲ့ ရဲရင့်မှုတွေ၊ ရဲစွမ်းသတ္တိတွေကတခြားသူတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။

Leo: July 23-August 22
ဒီရာသီဖွားတွေက အသက်ထပ်ကြီးမားတဲ့ နှလုံးသားကြောင့် လူသိများပါတယ်။ သူတို့ရဲ့စိတ်နေသဘောထားနဲ့အပြုသဘောဆောင်တဲ့ အချက်တွေကြောင့်တောက်ပနေသူလေးတွေဖြစ်ကြပါတယ်။ သူတို့က သဘာဝအတိုင်း ပျော်ပျော်နေတတ်ပြီးလူမှုပတ်ဝန်းကျင်မှာ အ ကြည်ဓာတ်ကိုပေးစွမ်းနိုင်ပါတယ်။ တခြားသူတွေကို မြှင့်တင်ပေးနိုင်တဲ့သဘာဝစွမ်းအင်တွေလည်းရှိကြပါတယ်။

Libra: September 23-October 22
သူတို့တွေကတော့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့သူဆိုပြီး နာမည်ကြီးပါတယ်။သံတမန်ရေးရာကိစ္စတွေမှာ အထူးကျွမ်းကျင်ကြပါတယ်။ မျှတမှုနဲ့ ညီညွတ်မှုကိုအမြဲရှာဖွေနေသူတွေဖြစ်ကြပါတယ်။ သူတို့ရဲ့ကြင်နာမှု၊ တရားမျှတမှုနဲ့နားထောင်လိုစိတ်တွေက တခြားသူတွေအ ပေါ်မှာ အပြုသဘောဆောင်တဲ့ခံစားချက်တွေကိုဖြစ်စေပါတယ်။

Sagittarius: November 22-December 21
ဒီရာသီဖွားတွေက အကောင်းမြင်သမားတွေလို့ ပြောလို့ရပါတယ်။သူတို့ရဲ့စိတ်အားထက်သန်မှုတွေ၊ စွန့်စားလိုတဲ့စိတ်တွေ၊ ပွင့်လင်းမြင် သာမှုတွေကတခြားသူတွေအပေါ်မှာ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်တွေကို ဖြန့်ကျက်မိစေပါတယ်။သူတို့က ဘယ်လိုအခြေအ နေမှာမဆို ဖွံ့ဖြိုးမှုနဲ့ သင်ယူမှုအတွက်အခွင့်အလမ်းတခုအဖြစ်ပြောင်းလဲတတ်ကြပါတယ်။

MYit

zawgyi


Aries : March 21-April 19

Leo: July 23-August 22



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*