လူတွေရယ်တာခံနေရတဲ့ The Rock ရဲ့ဖယောင်းရုပ်တု

ပဲရစ်မြို့၊ Grevin ပြတိုက်မှာပြသထားတဲ့ The Rock ရဲ့ဖယောင်းရုပ်တုကို လူတော်တော်များများကဝေဖန်ပြောဆိုနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဖယောင်းရုပ်တုဟာသလင်းကျောက်ပုံတူလို့ထင်ရလောက်အောင် ဖြူဖြူဖွေးဖွေးထုလုပ်ထားလို့ဖြစ်ပါတယ်။ ဒါဟာ The Rock ရဲ့နဂိုအသားရောင်နဲ့ လုံးဝကွဲထွက်နေပြီးဖြူဆွတ်ဆွတ်ပြောင်ချော်ချော်ဖြစ်နေလို့ဝေဖန်ခံနေရတာဖြစ်ပါတယ်။အင်တာနက်ပေါ်မှာ ဒီပုံဟာ meme အဖြစ်ထွက်ပေါ်လာပြီး တော်တော်များများကဟာသအနေနဲ့မျှဝေနေကြပါတယ်။

The Rock ကလည်းဒီပုံကိုဟာသအနေနဲ့အင်စတာဂရမ်မှာတင်ထားခဲ့ပါသေးတယ်။ “ဒါက Little Mermaid မရှိတော့ဘူးဆိုရင်မင်းတို့တွေ့ရမယ့်အရာပဲ” လို့ သူကပြန်နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။ The Rock က ဒီပုံကိုပြန်လည်ပြုပြင်ဖို့အတွက်ပဲရစ်ကိုသွားမှာဖြစ်တယ်လို့လည်းပြောထားပါသေးတယ်။ “အသားရောင်ကနေစပြီးတခြားအသေးစိတ်ကျတဲ့အရာတွေကိုပါပြုပြင်နိုင်ဖို့ အဲဒီကိုသွားမှာပါ။ အထဲရောက်ရင်ကျွန်တော့်ပုံတူနဲ့အတူ တစ်ခွက်လောက်သောက်ဦးမှာပါ” လို့သူကရေးသားခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

ပဲရစ္ၿမိဳ႕၊ Grevin ျပတိုက္မွာျပသထားတဲ့ The Rock ရဲ႕ဖေယာင္း႐ုပ္တုကို လူေတာ္ေတာ္မ်ားမ်ားကေဝဖန္ေျပာဆိုေနၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီဖေယာင္း႐ုပ္တုဟာသလင္းေက်ာက္ပုံတူလို႔ထင္ရေလာက္ေအာင္ ျဖဴျဖဴေဖြးေဖြးထုလုပ္ထားလို႔ျဖစ္ပါတယ္။ ဒါဟာ The Rock ရဲ႕နဂိုအသားေရာင္နဲ႔ လုံးဝကြဲထြက္ေနၿပီးျဖဴဆြတ္ဆြတ္ေျပာင္ေခ်ာ္ေခ်ာ္ျဖစ္ေနလို႔ေဝဖန္ခံေနရတာျဖစ္ပါတယ္။အင္တာနက္ေပၚမွာ ဒီပုံဟာ meme အျဖစ္ထြက္ေပၚလာၿပီး ေတာ္ေတာ္မ်ားမ်ားကဟာသအေနနဲ႔မွ်ေဝေနၾကပါတယ္။

The Rock ကလည္းဒီပုံကိုဟာသအေနနဲ႔အင္စတာဂရမ္မွာတင္ထားခဲ့ပါေသးတယ္။ “ဒါက Little Mermaid မရွိေတာ့ဘူးဆိုရင္မင္းတို႔ေတြ႕ရမယ့္အရာပဲ” လို႔ သူကျပန္ေနာက္ေျပာင္ခဲ့တာျဖစ္ပါတယ္။ The Rock က ဒီပုံကိုျပန္လည္ျပဳျပင္ဖို႔အတြက္ပဲရစ္ကိုသြားမွာျဖစ္တယ္လို႔လည္းေျပာထားပါေသးတယ္။ “အသားေရာင္ကေနစၿပီးတျခားအေသးစိတ္က်တဲ့အရာေတြကိုပါျပဳျပင္ႏိုင္ဖို႔ အဲဒီကိုသြားမွာပါ။ အထဲေရာက္ရင္ကြၽန္ေတာ့္ပုံတူနဲ႔အတူ တစ္ခြက္ေလာက္ေသာက္ဦးမွာပါ” လို႔သူကေရးသားခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*