သင့်ရဲ့ Career ရွေးချယ်မှုအတွက်တလွဲအကြံပေးလေ့ရှိသူ ၅ မျိုး

ဘယ် Career နဲ့ဘဝရပ်တည်ရမလဲ၊ ဘာလုပ်ရင်ကောင်းမလဲဆိုတာကလူငယ်တော်တော်များများအလေးအနက်ထား စဉ်းစားရလေ့ရှိတဲ့အရာဖြစ်ပါတယ်။ တချို့တွေကကိုယ်ဘာနဲ့အသက်မွေးဝမ်းကျောင်းလုပ်ချင်တာလဲဆိုတာကို တိတိကျကျသိသလိုမိဘကလည်းပံ့ပိုးနိုင်တယ်ဆိုရင် အေးအေးဆေးဆေးကိုယ်လုပ်စရာရှိတာဆက်လုပ်သွားလို့ရပါတယ်။ဒါပေမဲ့ တချို့တွေက ဘာနဲ့အသက်မွေးရင်ကောင်းမလဲဆိုတာကို ဝေဝါးနေရတာမျိုးလည်းရှိပါတယ်။ဒီလိုအချိန်မျိုးမှာ ဒီလူ ၅ မျိုးပေးတဲ့အကြံတွေကိုတော့ အဟုတ်မှတ်ပြီးအတည်မယူဖို့
လေ့လာသူတွေကပြောပြထားကြပါတယ်။ Career နဲ့ပတ်သက်ရင် ကိုယ့်ကိုအဲဒီလိုတလွဲအကြံဉာဏ်ပေးလေ့ရှိတတ်သူတွေကဘယ်သူတွေလဲဆိုတော့ ….

Career Counselors – ၈%
ဟုတ်ပါတယ်။ အလုပ်ရှာနေသူတွေကိုတလွဲအကြံဉာဏ်ပေးနိုင်သူထဲမှာ ၈% က Career Counselors တွေဖြစ်ပါတယ်တဲ့။အလုပ်အကိုင်အကြံပေးသူတွေဆီကနေ ကိုယ့် Personality ကိုသေသေချာချာမသိဘဲပေးတဲ့ အကြံဉာဏ်တွေက တကယ်တော့တလွဲတွေဖြစ်နေတတ်ပါတယ်။

Educators – 9 %
ပညာရေးနယ်ပယ်ကလူတွေရဲ့အကြံဉာဏ်တွေကလည်း လူငယ်တော်တော်များများရဲ့တကယ့်လုပ်နိုင်စွမ်းတွေနဲ့ ကွာဟနေတတ်ပါတယ်။ Career အတွက်တလွဲထင်ကြေးပေး၊အကြံဉာဏ်ပေးသူတွေထဲမှာ ၉% လောက်က ပညာရေးနယ်ပယ်ကလူကြီးတွေ၊ဆရာတွေဖြစ်တယ်လို့ လူငယ်တွေကဖွင့်ဟထားကြပါတယ်။

ဆွေမျိုးတွေ – ၁၂ %
တလွဲအကြံပေးသူတွေထဲ တတိယနေရာချိတ်တာကတော့ ကိုယ့်ရဲ့ဆွေမျိုးတွေပါ၊ နင်ကသွက်တော့အဲဒါသာလုပ်ချလိုက်၊ နင်နဲ့ဆိုအရမ်းအဆင်ပြေမှာ စသဖြင့်သူထင်သလိုပြောပြီး အရောက်ပို့တဲ့ထဲမှာအဒေါ်တွေ၊ ဦိးလေးတွေပါဝင်နေတတ်ပါတယ်။ အဲဒါကြောင့် ထဲထဲဝင်ဝင်အလုပ်မလုပ်ဖူးတဲ့ဆွေမျိုးတွေ၊ခေတ်နဲ့အညီမလိုက်နိုင်တဲ့ဆွေမျိုးတွေဆိုရင် ကိုယ့် Career အတွက်အကြံဉာဏ်မတောင်းသင့်ပါဘူး။

မိဘတွေ – ၁၄ %
ကိုယ့် Career အတွက် ကိုယ့်မိဘကအကောင်းဆုံးအကြံဉာဏ်ပေးနိုင်တယ်လို့ ယုံပါသလား။ သူတို့ရဲ့အကြံဉာဏ်ကိုရောတကယ်ယုံ ကြည်လက်ခံလား။ ဒါဆိုရင်တော့ ကိုယ့်မိဘကကိုယ့်ကိုလည်းနားလည်၊ခေတ်ကိုလည်းနားလည်သူဖြစ်မှာသေချာပါတယ်။စစ်တမ်းကောက်လေ့လာချက်တွေအရ အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ရင်ခပ်ဆိုးဆိုးအကြံဉာဏ်တွေပေးတတ်သူတွေထဲ ၁၄% ကမိဘတွေကိုယ်တိုင်ဖြစ်တယ်လို့ဆိုထားကြပါတယ်။ အခုခေတ် လူငယ်တော်တော်များများကတော့ Career နဲ့ပတ်သက်ရင် မိဘဆီကအကြံဉာဏ်ယူတာထက် ကိုယ်တိုင်ရှာဖွေလေ့လာပြီးမှပဲသူတို့လုပ်ချင်တာကိုတင်ပြလေ့ရှိလာကြပါတယ်။

သူငယ်ချင်းတွေ – ၃၅ %
သူငယ်ချင်းတွေဆီက တခြားသောအကြံဉာဏ်ကောင်းတွေ၊ အကူအညီတွေအများကြီးရနိုင်ပေမယ့်ကိုယ့် Career အတွက်တော့ အကြံ ဉာဏ်ကောင်းတွေပေးနိုင်ဖို့ခက်ခဲပါလိမ့်မယ်။ရွယ်တူတန်းတူအနေအထားမှာ သူ့အနေနဲ့လူကြီးတွေလိုနယ်ပယ်အများကြီးကျယ်ကျယ် ပြန့်ပြန့်မသိနိုင်တာလည်းပါဝင်ပါတယ်။ ဒါကြောင့် ကိုယ့် Career အတွက်ဆိုရင်သူတို့ပြောတာလိုက်မလုပ်ဘဲ ကိုယ့်ဘာသာစဉ်းစားရှာ ဖွေတာကအကောင်းဆုံးဖြစ်ပါတယ်။ဒါကြောင့် ကိုယ့် Career အတွက် ကိုယ်ဘာဝါသနာပါတာလဲဆိုတာကို သိအောင်လုပ်ပါ၊စိတ်ဝင်စားတဲ့နယ်ပယ်တွေကိုချရေးပြီး အဲဒီနယ်ပယ်မှာတကယ်အလုပ်လုပ်နေသူတွေကိုအကူအညီတောင်းမေးမြန်းတာကကိုယ်တိုင်မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့အထောက်အကူပေးမှာဖြစ်ပါတယ်။

Ju Ju

zawgyi

ဘယ္ Career နဲ႔ဘဝရပ္တည္ရမလဲ၊ ဘာလုပ္ရင္ေကာင္းမလဲဆိုတာကလူငယ္ေတာ္ေတာ္မ်ားမ်ားအေလးအနက္ထား စဥ္းစားရေလ့ရွိတဲ့အရာျဖစ္ပါတယ္။ တခ်ိဳ႕ေတြကကိုယ္ဘာနဲ႔အသက္ေမြးဝမ္းေက်ာင္းလုပ္ခ်င္တာလဲဆိုတာကို တိတိက်က်သိသလိုမိဘကလည္းပံ့ပိုးႏိုင္တယ္ဆိုရင္ ေအးေအးေဆးေဆးကိုယ္လုပ္စရာရွိတာဆက္လုပ္သြားလို႔ရပါတယ္။ဒါေပမဲ့ တခ်ိဳ႕ေတြက ဘာနဲ႔အသက္ေမြးရင္ေကာင္းမလဲဆိုတာကို ေဝဝါးေနရတာမ်ိဳးလည္းရွိပါတယ္။ဒီလိုအခ်ိန္မ်ိဳးမွာ ဒီလူ ၅ မ်ိဳးေပးတဲ့အႀကံေတြကိုေတာ့ အဟုတ္မွတ္ၿပီးအတည္မယူဖို႔
ေလ့လာသူေတြကေျပာျပထားၾကပါတယ္။ Career နဲ႔ပတ္သက္ရင္ ကိုယ့္ကိုအဲဒီလိုတလြဲအႀကံဉာဏ္ေပးေလ့ရွိတတ္သူေတြကဘယ္သူေတြလဲဆိုေတာ့ ….

Career Counselors – ၈%
ဟုတ္ပါတယ္။ အလုပ္ရွာေနသူေတြကိုတလြဲအႀကံဉာဏ္ေပးႏိုင္သူထဲမွာ ၈% က Career Counselors ေတြျဖစ္ပါတယ္တဲ့။အလုပ္အကိုင္အႀကံေပးသူေတြဆီကေန ကိုယ့္ Personality ကိုေသေသခ်ာခ်ာမသိဘဲေပးတဲ့ အႀကံဉာဏ္ေတြက တကယ္ေတာ့တလြဲေတြျဖစ္ေနတတ္ပါတယ္။

Educators – 9 %
ပညာေရးနယ္ပယ္ကလူေတြရဲ႕အႀကံဉာဏ္ေတြကလည္း လူငယ္ေတာ္ေတာ္မ်ားမ်ားရဲ႕တကယ့္လုပ္ႏိုင္စြမ္းေတြနဲ႔ ကြာဟေနတတ္ပါတယ္။ Career အတြက္တလြဲထင္ေၾကးေပး၊အႀကံဉာဏ္ေပးသူေတြထဲမွာ ၉% ေလာက္က ပညာေရးနယ္ပယ္ကလူႀကီးေတြ၊ဆရာေတြျဖစ္တယ္လို႔ လူငယ္ေတြကဖြင့္ဟထားၾကပါတယ္။

ေဆြမ်ိဳးေတြ – ၁၂ %
တလြဲအႀကံေပးသူေတြထဲ တတိယေနရာခ်ိတ္တာကေတာ့ ကိုယ့္ရဲ႕ေဆြမ်ိဳးေတြပါ၊ နင္ကသြက္ေတာ့အဲဒါသာလုပ္ခ်လိုက္၊ နင္နဲ႔ဆိုအရမ္းအဆင္ေျပမွာ စသျဖင့္သူထင္သလိုေျပာၿပီး အေရာက္ပို႔တဲ့ထဲမွာအေဒၚေတြ၊ ဦိးေလးေတြပါဝင္ေနတတ္ပါတယ္။ အဲဒါေၾကာင့္ ထဲထဲဝင္ဝင္အလုပ္မလုပ္ဖူးတဲ့ေဆြမ်ိဳးေတြ၊ေခတ္နဲ႔အညီမလိုက္ႏိုင္တဲ့ေဆြမ်ိဳးေတြဆိုရင္ ကိုယ့္ Career အတြက္အႀကံဉာဏ္မေတာင္းသင့္ပါဘူး။

မိဘေတြ – ၁၄ %
ကိုယ့္ Career အတြက္ ကိုယ့္မိဘကအေကာင္းဆုံးအႀကံဉာဏ္ေပးႏိုင္တယ္လို႔ ယုံပါသလား။ သူတို႔ရဲ႕အႀကံဉာဏ္ကိုေရာတကယ္ယုံ ၾကည္လက္ခံလား။ ဒါဆိုရင္ေတာ့ ကိုယ့္မိဘကကိုယ့္ကိုလည္းနားလည္၊ေခတ္ကိုလည္းနားလည္သူျဖစ္မွာေသခ်ာပါတယ္။စစ္တမ္းေကာက္ေလ့လာခ်က္ေတြအရ အသက္ေမြးဝမ္းေက်ာင္းနဲ႔ပတ္သက္ရင္ခပ္ဆိုးဆိုးအႀကံဉာဏ္ေတြေပးတတ္သူေတြထဲ ၁၄% ကမိဘေတြကိုယ္တိုင္ျဖစ္တယ္လို႔ဆိုထားၾကပါတယ္။ အခုေခတ္ လူငယ္ေတာ္ေတာ္မ်ားမ်ားကေတာ့ Career နဲ႔ပတ္သက္ရင္ မိဘဆီကအႀကံဉာဏ္ယူတာထက္ ကိုယ္တိုင္ရွာေဖြေလ့လာၿပီးမွပဲသူတို႔လုပ္ခ်င္တာကိုတင္ျပေလ့ရွိလာၾကပါတယ္။

သူငယ္ခ်င္းေတြ – ၃၅ %
သူငယ္ခ်င္းေတြဆီက တျခားေသာအႀကံဉာဏ္ေကာင္းေတြ၊ အကူအညီေတြအမ်ားႀကီးရႏိုင္ေပမယ့္ကိုယ့္ Career အတြက္ေတာ့ အႀကံ ဉာဏ္ေကာင္းေတြေပးႏိုင္ဖို႔ခက္ခဲပါလိမ့္မယ္။႐ြယ္တူတန္းတူအေနအထားမွာ သူ႔အေနနဲ႔လူႀကီးေတြလိုနယ္ပယ္အမ်ားႀကီးက်ယ္က်ယ္ ျပန႔္ျပန႔္မသိႏိုင္တာလည္းပါဝင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ Career အတြက္ဆိုရင္သူတို႔ေျပာတာလိုက္မလုပ္ဘဲ ကိုယ့္ဘာသာစဥ္းစားရွာ ေဖြတာကအေကာင္းဆုံးျဖစ္ပါတယ္။ဒါေၾကာင့္ ကိုယ့္ Career အတြက္ ကိုယ္ဘာဝါသနာပါတာလဲဆိုတာကို သိေအာင္လုပ္ပါ၊စိတ္ဝင္စားတဲ့နယ္ပယ္ေတြကိုခ်ေရးၿပီး အဲဒီနယ္ပယ္မွာတကယ္အလုပ္လုပ္ေနသူေတြကိုအကူအညီေတာင္းေမးျမန္းတာကကိုယ္တိုင္မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ခ်ႏိုင္ဖို႔အေထာက္အကူေပးမွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*