ကေတီပယ်ရီပွဲကိုလာအားပေးတဲ့အော်လန်ဒိုဘလွန်းနဲ့သမီးလေး

ကေတီပယ်ရီရဲ့ Show နောက်ဆုံးဖျော်ဖြေပွဲညကို တက်ရောက်ခဲ့ကြသူတွေထဲမှာတော်ဝင်မင်းသားဟယ်ရီ၊ မီဂန်မာကယ်လ်၊ စလင်းဒီယွန်နဲ့အော်လန်ဒိုဘလွန်းတို့လည်းပါဝင်ခဲ့တယ်လို့သိရပါတယ်။ ဟယ်ရီနဲ့မီဂန်မာကယ်လ်တို့ကယ်လ်ဖိုးနီးယားကိုပြောင်းရွှေ့လာချိန်မှာ ကေတီပယ်ရီနဲ့အိမ်နီးချင်းဖြစ်ခဲ့ပြီးခင်မင်ရင်းနှီးခဲ့ကြတယ်လို့သိရပါတယ်။ နေပြန်ကောင်းလာပြီဖြစ်တဲ့အဆိုတော်ကြီးစလင်းဒီယွန်ကလည်း ကေတီပယ်ရီ Show ရဲ့ VIP နေရာမှာကျန်းမာလှပစွာဓာတ်ပုံအရိုက်ခံခဲ့တာကိုတွေ့မြင်ရပါတယ်။

ပြီးခဲ့တဲ့စနေကကျင်းပခဲ့တဲ့ ကေတီပယ်ရီရဲ့ဖျော်ဖြေပွဲနောက်ဆုံးညမှာ အော်လန်ဒိုဘလွန်းကလည်းသူနဲ့ကေတီပယ်ရီတို့ရဲ့ ၃ နှစ်အရွယ်သမီးလေး Daisy Dove Bloom နဲ့အတူတက်ရောက်လာခဲ့တာဖြစ်ပါတယ်။ဖျော်ဖြေပွဲအတွင်းကေတီပယ်ရီက သီချင်းကိုခဏရပ်ပြီး သမီးလေးဒေစီကိုအော်ခေါ်ကာအားလုံးနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ သမီးလေးအတွက် အမှတ်တရစကားကိုလည်းပြောခဲ့ပါသေးတယ်။
ကေတီပယ်ရီရဲ့ Chained to the Rhythm သီချင်းသီဆိုနေစဉ်မှာဘလွန်းနဲ့ဒေစီလေးလိုက်ကနေတာကိုလည်းပရိသတ်တစ်ယောက်ကမှတ်တမ်းရိုက်ကူးဖော်ြပခဲ့တာတွေ့ရပါတယ်။

Ju Ju

ေကတီပယ္ရီရဲ႕ Show ေနာက္ဆုံးေဖ်ာ္ေျဖပြဲညကို တက္ေရာက္ခဲ့ၾကသူေတြထဲမွာေတာ္ဝင္မင္းသားဟယ္ရီ၊ မီဂန္မာကယ္လ္၊ စလင္းဒီယြန္နဲ႔ေအာ္လန္ဒိုဘလြန္းတို႔လည္းပါဝင္ခဲ့တယ္လို႔သိရပါတယ္။ ဟယ္ရီနဲ႔မီဂန္မာကယ္လ္တို႔ကယ္လ္ဖိုးနီးယားကိုေျပာင္းေ႐ႊ႕လာခ်ိန္မွာ ေကတီပယ္ရီနဲ႔အိမ္နီးခ်င္းျဖစ္ခဲ့ၿပီးခင္မင္ရင္းႏွီးခဲ့ၾကတယ္လို႔သိရပါတယ္။ ေနျပန္ေကာင္းလာၿပီျဖစ္တဲ့အဆိုေတာ္ႀကီးစလင္းဒီယြန္ကလည္း ေကတီပယ္ရီ Show ရဲ႕ VIP ေနရာမွာက်န္းမာလွပစြာဓာတ္ပုံအ႐ိုက္ခံခဲ့တာကိုေတြ႕ျမင္ရပါတယ္။

ၿပီးခဲ့တဲ့စေနကက်င္းပခဲ့တဲ့ ေကတီပယ္ရီရဲ႕ေဖ်ာ္ေျဖပြဲေနာက္ဆုံးညမွာ ေအာ္လန္ဒိုဘလြန္းကလည္းသူနဲ႔ေကတီပယ္ရီတို႔ရဲ႕ ၃ ႏွစ္အ႐ြယ္သမီးေလး Daisy Dove Bloom နဲ႔အတူတက္ေရာက္လာခဲ့တာျဖစ္ပါတယ္။ေဖ်ာ္ေျဖပြဲအတြင္းေကတီပယ္ရီက သီခ်င္းကိုခဏရပ္ၿပီး သမီးေလးေဒစီကိုေအာ္ေခၚကာအားလုံးနဲ႔မိတ္ဆက္ေပးခဲ့ပါတယ္။ သမီးေလးအတြက္ အမွတ္တရစကားကိုလည္းေျပာခဲ့ပါေသးတယ္။
ေကတီပယ္ရီရဲ႕ Chained to the Rhythm သီခ်င္းသီဆိုေနစဥ္မွာဘလြန္းနဲ႔ေဒစီေလးလိုက္ကေနတာကိုလည္းပရိသတ္တစ္ေယာက္ကမွတ္တမ္း႐ိုက္ကူးေဖာ္ျပခဲ့တာေတြ႕ရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*