အကြိုမင်္ဂလာပွဲနှစ်ခုနဲ့တင် ဒေါ်လာသန်း၄၀၀ ကုန်ကျခံမယ့် အိန္ဒိယအချမ်းသာဆုံးသားရဲ့ မင်္ဂလာပွဲ

အိန္ဒိယမှာအချမ်းသာဆုံးဖြစ်တဲ့ အန်ဘာနီရဲ့သားနဲ့ Radhika Merchant တို့ရဲ့ဒုတိယအကြိမ်အကြိုမင်္ဂလာပွဲကို အပျော်စီးဇိမ်ခံသင်္ဘောပေါ်မှာ ဧည့်သည် ၈၀၀ခန့်နဲ့ မေလ ၂၈ရက်နေ့မှာ ထပ်မံကျင်းပသွားမှာပါ။ဒီမင်္ဂလာအကြိုပွဲမှာ အီတလီကနေပြင်သို့ကိုသွားတဲ့အပျော်စီးဇိမ်ခံသင်္ဘောပေါ်မှာကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ပထမအကြိမ်အကြိုမင်္ဂလာပွဲမှာကတည်းက မိသားစုတွေဝတ်ဆင်ကြတဲ့ကျောက် သံပတ္တမြားတွေကိုကြည့်ပြီး ကမ္ဘာတဝန်းကပရိသတ်တွေအံ့ဩမှင်သက်ခဲ့ကြရပါတယ်။ အခုဒုတိယအကြိမ် အကြိုပွဲမှာရောဘာတွေဝတ် ဆင်ဦးမလဲဆိုတာ အားလုံးက စောင့်ကြည့်နေကြပါတယ်။အိန္ဒိယရဲ့အချမ်းသာဆုံးသူဌေးကြီး အန်ဘာနီရဲ့သားအငယ်ဆုံးဖြစ်တဲ့ Anant Ambani နဲ့ Radhika Merchant တို့ရဲ့ ဒုတိယအကြိမ်အကြိုအခမ်းအနားကျင်းပဖို့အတွက်ဇိမ်ခံသင်္ဘောပေါ်မှာ စီစဉ်ထားတာဖြစ်ပါတယ်။

ပထမအကြိမ်အကြိုမင်္ဂလာပွဲမှာ ကမ္ဘာတဝန်းကထင်ရှားကျော်ကြားသူတွေတက်ရောက်ခဲ့ကြပါတယ်။ အခုလည်း ဧည့်သည် ၈၀၀ခန့်ဖိတ်ကြားသွားမှာဖြစ်ပါတယ်။မေလ ၂၈ရက်နေ့ကနေ စတင်မယ့် ဒီမင်္ဂလာအကြိုပွဲက မေလ ၃၀ရက်နေ့မှာပြင်သစ်တောင်ပိုင်းမှာ နောက် ဆုံးဆိုက်ရောက်မှာဖြစ်ပါတယ်။ဒီအပျော်စီးသင်္ဘာပေါ်မှာ ဧည့်သည်‌ ၈၀၀ကိုဝန်ဆောင်မှုပေးဖို့အတွက် ဝန်ထမ်း ၆၀၀ကိုခန့်အပ်ထားပါတယ်။ ဒီမင်္ဂလာပွဲက ဒေါ်လာသန်း ၂၀၀ ကုန်ကျမယ်လို့ခန့်မှန်းနေကြပါတယ်။ ပထမအကြိမ်မင်္ဂလာပွဲကလည်း ဒေါ်လာသန်း ၂၀၀ ကုန်ကျခဲ့တယ်လို့ခန့်မှန်းရေးသားခဲ့ကြပါတယ်။သူတို့နှစ်ဦးရဲ့ တကယ့်မင်္ဂလာပွဲကတော့ ဇူလိုင်လ ၁၂ရက်နေ့မှာကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

MYit

zawgyi

အိႏၵိယမွာအခ်မ္းသာဆုံးျဖစ္တဲ့ အန္ဘာနီရဲ႕သားနဲ႔ Radhika Merchant တို႔ရဲ႕ဒုတိယအႀကိမ္အႀကိဳမဂၤလာပြဲကို အေပ်ာ္စီးဇိမ္ခံသေဘၤာေပၚမွာ ဧည့္သည္ ၈၀၀ခန႔္နဲ႔ ေမလ ၂၈ရက္ေန႔မွာ ထပ္မံက်င္းပသြားမွာပါ။ဒီမဂၤလာအႀကိဳပြဲမွာ အီတလီကေနျပင္သို႔ကိုသြားတဲ့အေပ်ာ္စီးဇိမ္ခံသေဘၤာေပၚမွာက်င္းပျပဳလုပ္မွာျဖစ္ပါတယ္။ပထမအႀကိမ္အႀကိဳမဂၤလာပြဲမွာကတည္းက မိသားစုေတြဝတ္ဆင္ၾကတဲ့ေက်ာက္ သံပတၱျမားေတြကိုၾကည့္ၿပီး ကမာၻတဝန္းကပရိသတ္ေတြအံ့ဩမွင္သက္ခဲ့ၾကရပါတယ္။ အခုဒုတိယအႀကိမ္ အႀကိဳပြဲမွာေရာဘာေတြဝတ္ ဆင္ဦးမလဲဆိုတာ အားလုံးက ေစာင့္ၾကည့္ေနၾကပါတယ္။အိႏၵိယရဲ႕အခ်မ္းသာဆုံးသူေဌးႀကီး အန္ဘာနီရဲ႕သားအငယ္ဆုံးျဖစ္တဲ့ Anant Ambani နဲ႔ Radhika Merchant တို႔ရဲ႕ ဒုတိယအႀကိမ္အႀကိဳအခမ္းအနားက်င္းပဖို႔အတြက္ဇိမ္ခံသေဘၤာေပၚမွာ စီစဥ္ထားတာျဖစ္ပါတယ္။

ပထမအႀကိမ္အႀကိဳမဂၤလာပြဲမွာ ကမာၻတဝန္းကထင္ရွားေက်ာ္ၾကားသူေတြတက္ေရာက္ခဲ့ၾကပါတယ္။ အခုလည္း ဧည့္သည္ ၈၀၀ခန႔္ဖိတ္ၾကားသြားမွာျဖစ္ပါတယ္။ေမလ ၂၈ရက္ေန႔ကေန စတင္မယ့္ ဒီမဂၤလာအႀကိဳပြဲက ေမလ ၃၀ရက္ေန႔မွာျပင္သစ္ေတာင္ပိုင္းမွာ ေနာက္ ဆုံးဆိုက္ေရာက္မွာျဖစ္ပါတယ္။ဒီအေပ်ာ္စီးသဘၤာေပၚမွာ ဧည့္သည္‌ ၈၀၀ကိုဝန္ေဆာင္မႈေပးဖို႔အတြက္ ဝန္ထမ္း ၆၀၀ကိုခန႔္အပ္ထားပါတယ္။ ဒီမဂၤလာပြဲက ေဒၚလာသန္း ၂၀၀ ကုန္က်မယ္လို႔ခန႔္မွန္းေနၾကပါတယ္။ ပထမအႀကိမ္မဂၤလာပြဲကလည္း ေဒၚလာသန္း ၂၀၀ ကုန္က်ခဲ့တယ္လို႔ခန႔္မွန္းေရးသားခဲ့ၾကပါတယ္။သူတို႔ႏွစ္ဦးရဲ႕ တကယ့္မဂၤလာပြဲကေတာ့ ဇူလိုင္လ ၁၂ရက္ေန႔မွာက်င္းပျပဳလုပ္မွာျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*