Zombie တွေနဲ့တိုက်ခိုက်နေရသလို ကိုယ့်ရဲ့ Business ကိုလုပ်ရတဲ့အခါ

Business တစ်ခုစတင်ပြီဆိုရင် ဘာတွေလုပ်ပါ၊ ဘာတွေကိုတော့မလုပ်ပါနဲ့ဆိုတဲ့အကြံပြုချက်တွေကိုပညာရှင်တွေအများကြီးကအကြံ ပြုစကားတွေအမျိုးမျိုးပြောကြားထားကြပြီးဖြစ်ပါတယ်။ Business တစ်ခုတည်ထောင်တာနဲ့ပတ်သက်ပြီး သိထားရမယ့်အရာတွေကို ပုံစံမျိုးစုံနဲ့ ရေးသားထုတ်ဝေပြောဆိုကြတဲ့အထဲမှာ Business Coach တစ်ယောက်ဖြစ်တဲ့ Julia Chanteray က Business နဲ့ပတ်သက်ရင် Zombie တွေနဲ့တိုက်ခိုက်နေရသလိုထင်မြင်ပါလို့ အကြံပြုထားတာဖြစ်ပါတယ်။ဒီထင်မြင်ချက်ကတော့ သူမဖတ်ရှုနေတဲ့ The book of the unnamed midwife ဆိုတဲ့စာအုပ်ကိုဖတ်ရှုရင်းထွက်ပေါ်လာတာလို့ဆိုပါတယ်။ တကယ်လို့လမ်းပေါ်ကို Zombie တွေရောက်နေပြီဆိုရင် ကိုယ့်ရဲ့စားသောက်နေထိုင်မှုအတွက်ကိုယ်တိုင်အပူတပြင်းရှာနေရပြီဆိုရင်စတဲ့အတွေးမျိုးတွေနဲ့ ကိုယ့်ရဲ့ Business ကိုလုပ် ဆောင်နိုင်ဖို့ သူမကတွေးဆပြထားတာဖြစ်ပါတယ်။

ရှင်သန်ဖို့လုပ်ဆောင်ပါ
‘ကျွန်မတို့ လုပ်ငန်းတစ်ခုကိုစ Run တဲ့အခါ ကိုယ်နဲ့မရင်းနှီးတဲ့ပတ်ဝန်းကျင်ထဲကျင်လည်ရတယ်၊စည်းမျဉ်းစည်းကမ်းတွေကိုနားမလည်တာမျိုးလည်းရှိနိုင်တယ်၊ ကိုယ်လုပ်ကိုင်နေရင်းစည်းမျဉ်းတွေပြောင်းလဲသွားတာမျိုးလည်းရှိနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် လုပ်ငန်းတစ်ခုရှင်သန်နိုင်ဖို့ကိုယ်ကအစွမ်းကုန်၊ မဖြစ်မနေကြိုးစားရမှာဖြစ်ပါတယ်’လို့သူမကပြောပါတယ်။ လူတစ်ယောက်ဟာ Zombie နဲ့ရင်ဆိုင်ဆုံတွေ့ရတဲ့အခါ သူ့ရဲ့အားနည်းချက်တွေကိုသိပြီး ဉာဏ်နဲ့ရှောင်တိမ်းတတ်ဖို့လိုသလိုသူ့အသက်ရှင်သန်ဖို့အတွက် ရေနဲ့စားစရာလည်းမဖြစ်မနေရှာရမှာဖြစ်ပါတယ်။ ဒါကြောင့်လုပ်ငန်းတစ်ခုရှင်သန်ဖို့ ငွေအရင်းအနှီးလုံလောက်ခြင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ၊ဈေးကွက်ရှာဖွေမှုဆိုင်ရာစာအုပ်တွေဖတ်ခြင်း၊ အရည်အချင်းပြည့်မီတဲ့ဝန်ထမ်းတွေဝန်းရံထားနိုင်ခြင်း၊စီးဖွားဖက်လုပ်ငန်းတွေရှာဖွေတတ်ခြင်း စတဲ့အချက်တွေကို မဖြစ်မနေဖြည့်တင်းနိုင်ရမှာဖြစ်ပါတယ်။

ရန်သူအကြောင်းကောင်းကောင်းသိပါ
ရန်သူအကြောင်းကောင်းကောင်းသိပြီး သူတို့ရဲ့လှုပ်ရှားမှုကိုမျက်ခြည်မပြတ်ကြည့်နိုင်မှသာ ကိုယ်လည်းအကောင်းဆုံးလွတ်လမ်းကိုရှာနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ပြိုင်ဖက်တွေကဘာတွေလုပ်နေလဲ၊ကိုယ့်ဆီကဝယ်သူတွေကို ဘယ်လိုဆွဲထုတ်သွားနိုင်ခြေရှိလဲဆိုတာကိုသိနေမှ ကိုယ့်လုပ်ငန်းလည်းအကောင်းဆုံးရပ်တည်ရှင်သန်နိုင်မှာဖြစ်ပါတယ်။ ဖောက်သည်တွေကိုလက်လွှတ်လိုက်ရတာကကိုယ့်ဆွေမျိုးသား ချင်းကိုလက်လွှတ်လိုက်ရသလိုမျိုး စိုးရိမ်တတ်ဖို့လိုပါတယ်။

လမ်းပြနိုင်မယ့်သူရှာပါ
ကမ္ဘာပျက်ကပ်ဆိုးကြီးထဲကနေ ဘေးကင်းကင်းလွတ်မြောက်နိုင်သူတွေဟာ သူတို့ကိုနည်းမှန်လမ်းမှန်လမ်းပြနိုင်သူတွေရှိခြင်းကြောင့်လည်းဖြစ်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းတစ်ခုလုပ်ရာမှာလည်းအတွေ့အကြုံရှိသူ၊ ကျွမ်းကျင်သူတွေရဲ့ အကူအညီလိုပါတယ်။ လုပ်ငန်းနဲ့ပတ်သက်ပြီးနားလည်တတ်ကျွမ်းသူကို ဆရာတင်ဖို့၊ ကိုယ်ကတပည့်ခံဖို့ မတွန့်ဆုတ်ရပါဘူး။ ကိုယ့်မှာ Guide ရှိခြင်းက လမ်းမှားကိုလျှောက်ရတာနည်းစေပြီး ကိုယ့်ကိုလက်ပန်းမကျအောင်ကာကွယ်ပေးနိုင်ပါတယ်။ဒါ့ကြောင့် ပညာရှိထံဆည်းကပ်ဖို့လည်းလိုပါတယ်လို့ သူမကဆိုထားပါတယ်။ဒါတွေကတော့ Business Coach တစ်ယောက်ဖြစ်တဲ့ Julia Chanteray ရဲ့အကြံပြုချက်တွေပဲဖြစ်ပါတယ်။ သူမမျှဝေထားတဲ့ဒီအချက် ၃ ချက်ကတော့ Business တစ်ခုတည်ထောင်ဖို့အတွက် အခြေခံအကျဆုံးလည်းဖြစ်၊အရေးအကြီးဆုံးလည်းဖြစ်တဲ့အချက်တွေပဲဖြစ်ပါတယ်။

Ju Ju

zawgyi

Business တစ္ခုစတင္ၿပီဆိုရင္ ဘာေတြလုပ္ပါ၊ ဘာေတြကိုေတာ့မလုပ္ပါနဲ႔ဆိုတဲ့အႀကံျပဳခ်က္ေတြကိုပညာရွင္ေတြအမ်ားႀကီးကအႀကံ ျပဳစကားေတြအမ်ိဳးမ်ိဳးေျပာၾကားထားၾကၿပီးျဖစ္ပါတယ္။ Business တစ္ခုတည္ေထာင္တာနဲ႔ပတ္သက္ၿပီး သိထားရမယ့္အရာေတြကို ပုံစံမ်ိဳးစုံနဲ႔ ေရးသားထုတ္ေဝေျပာဆိုၾကတဲ့အထဲမွာ Business Coach တစ္ေယာက္ျဖစ္တဲ့ Julia Chanteray က Business နဲ႔ပတ္သက္ရင္ Zombie ေတြနဲ႔တိုက္ခိုက္ေနရသလိုထင္ျမင္ပါလို႔ အႀကံျပဳထားတာျဖစ္ပါတယ္။ဒီထင္ျမင္ခ်က္ကေတာ့ သူမဖတ္ရႈေနတဲ့ The book of the unnamed midwife ဆိုတဲ့စာအုပ္ကိုဖတ္ရႈရင္းထြက္ေပၚလာတာလို႔ဆိုပါတယ္။ တကယ္လို႔လမ္းေပၚကို Zombie ေတြေရာက္ေနၿပီဆိုရင္ ကိုယ့္ရဲ႕စားေသာက္ေနထိုင္မႈအတြက္ကိုယ္တိုင္အပူတျပင္းရွာေနရၿပီဆိုရင္စတဲ့အေတြးမ်ိဳးေတြနဲ႔ ကိုယ့္ရဲ႕ Business ကိုလုပ္ ေဆာင္ႏိုင္ဖို႔ သူမကေတြးဆျပထားတာျဖစ္ပါတယ္။

ရွင္သန္ဖို႔လုပ္ေဆာင္ပါ
‘ကြၽန္မတို႔ လုပ္ငန္းတစ္ခုကိုစ Run တဲ့အခါ ကိုယ္နဲ႔မရင္းႏွီးတဲ့ပတ္ဝန္းက်င္ထဲက်င္လည္ရတယ္၊စည္းမ်ဥ္းစည္းကမ္းေတြကိုနားမလည္တာမ်ိဳးလည္းရွိႏိုင္တယ္၊ ကိုယ္လုပ္ကိုင္ေနရင္းစည္းမ်ဥ္းေတြေျပာင္းလဲသြားတာမ်ိဳးလည္းရွိႏိုင္တယ္။ ဘယ္လိုပဲျဖစ္ျဖစ္ လုပ္ငန္းတစ္ခုရွင္သန္ႏိုင္ဖို႔ကိုယ္ကအစြမ္းကုန္၊ မျဖစ္မေနႀကိဳးစားရမွာျဖစ္ပါတယ္’လို႔သူမကေျပာပါတယ္။ လူတစ္ေယာက္ဟာ Zombie နဲ႔ရင္ဆိုင္ဆုံေတြ႕ရတဲ့အခါ သူ႔ရဲ႕အားနည္းခ်က္ေတြကိုသိၿပီး ဉာဏ္နဲ႔ေရွာင္တိမ္းတတ္ဖို႔လိုသလိုသူ႔အသက္ရွင္သန္ဖို႔အတြက္ ေရနဲ႔စားစရာလည္းမျဖစ္မေနရွာရမွာျဖစ္ပါတယ္။ ဒါေၾကာင့္လုပ္ငန္းတစ္ခုရွင္သန္ဖို႔ ေငြအရင္းအႏွီးလုံေလာက္ျခင္း၊ စီမံခန႔္ခြဲမႈဆိုင္ရာ၊ေဈးကြက္ရွာေဖြမႈဆိုင္ရာစာအုပ္ေတြဖတ္ျခင္း၊ အရည္အခ်င္းျပည့္မီတဲ့ဝန္ထမ္းေတြဝန္းရံထားႏိုင္ျခင္း၊စီးဖြားဖက္လုပ္ငန္းေတြရွာေဖြတတ္ျခင္း စတဲ့အခ်က္ေတြကို မျဖစ္မေနျဖည့္တင္းႏိုင္ရမွာျဖစ္ပါတယ္။

ရန္သူအေၾကာင္းေကာင္းေကာင္းသိပါ
ရန္သူအေၾကာင္းေကာင္းေကာင္းသိၿပီး သူတို႔ရဲ႕လႈပ္ရွားမႈကိုမ်က္ျခည္မျပတ္ၾကည့္ႏိုင္မွသာ ကိုယ္လည္းအေကာင္းဆုံးလြတ္လမ္းကိုရွာႏိုင္မွာျဖစ္ပါတယ္။ ကိုယ့္ၿပိဳင္ဖက္ေတြကဘာေတြလုပ္ေနလဲ၊ကိုယ့္ဆီကဝယ္သူေတြကို ဘယ္လိုဆြဲထုတ္သြားႏိုင္ေျခရွိလဲဆိုတာကိုသိေနမွ ကိုယ့္လုပ္ငန္းလည္းအေကာင္းဆုံးရပ္တည္ရွင္သန္ႏိုင္မွာျဖစ္ပါတယ္။ ေဖာက္သည္ေတြကိုလက္လႊတ္လိုက္ရတာကကိုယ့္ေဆြမ်ိဳးသား ခ်င္းကိုလက္လႊတ္လိုက္ရသလိုမ်ိဳး စိုးရိမ္တတ္ဖို႔လိုပါတယ္။

လမ္းျပႏိုင္မယ့္သူရွာပါ
ကမာၻပ်က္ကပ္ဆိုးႀကီးထဲကေန ေဘးကင္းကင္းလြတ္ေျမာက္ႏိုင္သူေတြဟာ သူတို႔ကိုနည္းမွန္လမ္းမွန္လမ္းျပႏိုင္သူေတြရွိျခင္းေၾကာင့္လည္းျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လုပ္ငန္းတစ္ခုလုပ္ရာမွာလည္းအေတြ႕အႀကဳံရွိသူ၊ ကြၽမ္းက်င္သူေတြရဲ႕ အကူအညီလိုပါတယ္။ လုပ္ငန္းနဲ႔ပတ္သက္ၿပီးနားလည္တတ္ကြၽမ္းသူကို ဆရာတင္ဖို႔၊ ကိုယ္ကတပည့္ခံဖို႔ မတြန႔္ဆုတ္ရပါဘူး။ ကိုယ့္မွာ Guide ရွိျခင္းက လမ္းမွားကိုေလွ်ာက္ရတာနည္းေစၿပီး ကိုယ့္ကိုလက္ပန္းမက်ေအာင္ကာကြယ္ေပးႏိုင္ပါတယ္။ဒါ့ေၾကာင့္ ပညာရွိထံဆည္းကပ္ဖို႔လည္းလိုပါတယ္လို႔ သူမကဆိုထားပါတယ္။ဒါေတြကေတာ့ Business Coach တစ္ေယာက္ျဖစ္တဲ့ Julia Chanteray ရဲ႕အႀကံျပဳခ်က္ေတြပဲျဖစ္ပါတယ္။ သူမမွ်ေဝထားတဲ့ဒီအခ်က္ ၃ ခ်က္ကေတာ့ Business တစ္ခုတည္ေထာင္ဖို႔အတြက္ အေျခခံအက်ဆုံးလည္းျဖစ္၊အေရးအႀကီးဆုံးလည္းျဖစ္တဲ့အခ်က္ေတြပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*