၆ နှစ်အရွယ်သမီးလေးအနားမှာ ဘယ်တော့မှဖုန်းမသုံးဘူးဆိုတဲ့ ဘရက်ဒလီကူးပါးရ်

Variety ကစီစဉ်တဲ့ Actors on Actors Program မှာမကြာသေးခင်က အမ်မာစတုန်းနဲ့ဘရက်ဒလီကူးပါးရ်တို့ တွေ့ဆုံပြောဆိုခဲ့ကြတာဖြစ်ပါတယ်။အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ ကူးပါးရ်က သူ့ရဲ့သမီးလေးဘေးနားရှိနေရင် သမီးလေးကိုသာအာရုံစိုက်ပြီးဘယ်တော့မှဖုန်းကို မသုံးဘူးလို့ အမ်မာစတုန်းကိုပြောခဲ့တာဖြစ်ပါတယ်။ အမ်မာစတုန်းက “မင်းကတကယ့်ကိုဖခင်ကောင်းပဲ” လို့မှတ်ချက်ပေးခဲ့ပါတယ်။

ကူးပါးရ်မှာ သူ့ရဲ့ချစ်သူဟောင်း Irina Shayk နဲ့ရတဲ့ ၆ နှစ်အရွယ်သမီးလေး Lea De Seine ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ “သူကကျွန်တော်နဲ့အတူတူရှိနေရင် ဖေဖေသေပြီးသွားရင်ဘာဖြစ်မှာလဲဆိုတာမျိုးတွေမေးတတ်တယ်။ ကျွန်တော်ကဘာဖြေရမှန်းမသိဘူး။ ပြီးတော့သူ့ကိုလည်းဘယ်တော့မှလိမ်ပြီးမပြောဘူး။ အမှန်တွေချည်းပဲပြောတာ။ Google လုပ်ပြီးလည်းမပြောချင်ဘူး။အဲဒါနဲ့ရေခဲမုန့်ပဲ သွားစားလိုက်ကြတယ်။ သူနဲ့အတူရှိရင် ကျွန်တော်ကဖုန်းလည်းမသုံးဘူး” လို့သူနဲ့သမီးလေးရဲ့ အကြောင်းတွေကိုပြောခဲ့တာပါ။ကူးပါးရ်နဲ့ ချစ်သူဟောင်း ရုရှားမော်ဒယ်လ် Irina Shayk တို့ဟာချစ်သက်တမ်း ၄ နှစ်အကြာမှာလမ်းခွဲခဲ့ကြတာဖြစ်ပြီး သမီးဖြစ်သူကို ၂၀၁၇ ခုနစ်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာသူတို့နှစ်ဦးဟာ သမီးလေးကိုနှစ်ဖက်မျှဝေပြီး စောင့်ရှောက်နေကြတာဖြစ်ပါတယ်။

Ju Ju

zawgyi

Variety ကစီစဥ္တဲ့ Actors on Actors Program မွာမၾကာေသးခင္က အမ္မာစတုန္းနဲ႔ဘရက္ဒလီကူးပါးရ္တို႔ ေတြ႕ဆုံေျပာဆိုခဲ့ၾကတာျဖစ္ပါတယ္။အသက္ ၄၈ ႏွစ္ရွိၿပီျဖစ္တဲ့ ကူးပါးရ္က သူ႔ရဲ႕သမီးေလးေဘးနားရွိေနရင္ သမီးေလးကိုသာအာ႐ုံစိုက္ၿပီးဘယ္ေတာ့မွဖုန္းကို မသုံးဘူးလို႔ အမ္မာစတုန္းကိုေျပာခဲ့တာျဖစ္ပါတယ္။ အမ္မာစတုန္းက “မင္းကတကယ့္ကိုဖခင္ေကာင္းပဲ” လို႔မွတ္ခ်က္ေပးခဲ့ပါတယ္။

ကူးပါးရ္မွာ သူ႔ရဲ႕ခ်စ္သူေဟာင္း Irina Shayk နဲ႔ရတဲ့ ၆ ႏွစ္အ႐ြယ္သမီးေလး Lea De Seine ကိုပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ “သူကကြၽန္ေတာ္နဲ႔အတူတူရွိေနရင္ ေဖေဖေသၿပီးသြားရင္ဘာျဖစ္မွာလဲဆိုတာမ်ိဳးေတြေမးတတ္တယ္။ ကြၽန္ေတာ္ကဘာေျဖရမွန္းမသိဘူး။ ၿပီးေတာ့သူ႔ကိုလည္းဘယ္ေတာ့မွလိမ္ၿပီးမေျပာဘူး။ အမွန္ေတြခ်ည္းပဲေျပာတာ။ Google လုပ္ၿပီးလည္းမေျပာခ်င္ဘူး။အဲဒါနဲ႔ေရခဲမုန႔္ပဲ သြားစားလိုက္ၾကတယ္။ သူနဲ႔အတူရွိရင္ ကြၽန္ေတာ္ကဖုန္းလည္းမသုံးဘူး” လို႔သူနဲ႔သမီးေလးရဲ႕ အေၾကာင္းေတြကိုေျပာခဲ့တာပါ။ကူးပါးရ္နဲ႔ ခ်စ္သူေဟာင္း ႐ုရွားေမာ္ဒယ္လ္ Irina Shayk တို႔ဟာခ်စ္သက္တမ္း ၄ ႏွစ္အၾကာမွာလမ္းခြဲခဲ့ၾကတာျဖစ္ၿပီး သမီးျဖစ္သူကို ၂၀၁၇ ခုနစ္မွာေမြးဖြားခဲ့တာျဖစ္ပါတယ္။လက္ရွိမွာသူတို႔ႏွစ္ဦးဟာ သမီးေလးကိုႏွစ္ဖက္မွ်ေဝၿပီး ေစာင့္ေရွာက္ေနၾကတာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*