စိတ်ဖိစီးမှုကိုခံနိုင်ရည်ရှိခြင်းကအားကျလောက်စရာ Skill တစ်ခုပါ

Deadline အမီပြီးရမယ့်အလုပ်တွေ၊ အစည်းအဝေးတွေ၊လိုချင်တဲ့ရလဒ်ထွက်လာအောင်လုပ်ရမယ့်အရာတွေ၊ မိသားစုအရေးကိစ္စတွေကြောင့်ဖြစ်လာရတဲ့စိတ်ဖိစီးမှုတွေဟာလူတွေကို စိတ်ပျက်၊ စိတ်ဓာတ်ကျစေတာမှန်ပါတယ်။ ဒါပေမဲ့စိတ်ဖိစီးမှုကိုကောင်းကောင်းကိုင် တွယ်နိုင်ခြင်းက အောင်မြင်မှုဆီမြန်မြန်ရောက်စေနိုင်တဲ့အရည်အချင်းတစ်ခုဖြစ်လို့နေပြန်ပါတယ်။စိတ်ဖိစီးမှုများပေမယ့် စိတ်ကိုထိန်းနိုင်ခြင်း၊ အလုပ်တွေကိုကောင်းကောင်းစီမံခန့်ခွဲနိုင်ခြင်းကခေါင်းဆောင်တစ်ယောက်အတွက် မဖြစ်မနေလိုအပ်တဲ့အရာတွေပါ။ ဒါကြောင့်လည်းစိတ်ဖိစီးမှုကိုအကောင်းဆုံးဘယ်လိုစီမံကြမလဲ၊ ခံနိုင်ရည်ရှိလာအောင်ဘာတွေလုပ်ဆောင်နိုင်မလဲဆိုတာကို သိထားသင့်ပါတယ်။ Stress Management အတွက်အဓိကအရေးကြီးတဲ့အရာက ရှုမြင်ပုံပြောင်းဖို့ပါ။

Stress ဟာ ရည်မှန်းချက်ရှိခြင်းရဲ့သဘာဝထုတ်ကုန်ပါ                                                                                                                            ကိုယ့်မှာ ဘာရည်မှန်းချက်မှမရှိ၊ ရည်ရွယ်ချက်မရှိဖြစ်နေရင်ကြီးမားတဲ့စိတ်ဖိစီးမှုဆိုတာလည်းရှိမှာမဟုတ်ပါဘူး။ ကိုယ့်ဘက်က စိန်ခေါ်မှုတွေရယူလိုက်တယ်၊ရည်မှန်းချက်တွေချမှတ်လိုက်တယ်၊ အတားအဆီးတွေကိုကျော်လွှားဖို့ဆုံးဖြတ်လိုက်တယ်ဆိုရင်စိတ်ဖိစီးမှုဆိုတာထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ဒါကြောင့် Stress ဆိုတာကိုမကောင်းတဲ့အရာအဖြစ်မရှုမြင်ဘဲ ကြိုးစားမှုရဲ့သက်သေတစ်ခုအဖြစ်ရှုမြင်လိုက်မယ်ဆိုရင်စိတ်ဖိစီးမှုအပေါ်ခံနိုင်ရည်ရှိလာမှာဖြစ်ပါတယ်။

Stress ဟာ Motivation ဖြစ်စေတဲ့အရာ
Stress ကိုကောင်းကောင်းကိုင်တွယ်တတ်မယ်ဆိုရင် ဒါကကိုယ့်အတွက် အကောင်းဆုံး Motivatorဖြစ်လာပါတယ်။ စိတ်ဖိစီးမှုတွေက ကိုယ့်ကိုအဆုံးစွန်ထိကြိုးစားခိုင်းတယ်၊ ပုန်းကွယ်နေတဲ့အင်အားတွေ၊ခံနိုင်ရည်ရှိခြင်းတွေကိုထုတ်ဖော်ပေးတယ်၊ ဖောက်ထွက်တွေးတတ်လာစေတယ်၊ Creative ဖြစ်လာစေတယ်စတဲ့အကျိုးတွေကိုပေးတာမို့ အမြင်ပြောင်းပြီးကြည့်တတ်ဖို့ပဲလိုပါတယ်။

တွက်ချက်ပြီးစွန့်စားရဲလာြခင်းကအမြတ်ပါ
လူတစ်ယောက်ဟာသာမန်အခြေအနေတစ်ခုမှာ စွန့်စားတဲ့အရာတွေကိုလုပ်ဖြစ်ဖို့ခက်ခဲပါလိမ့်မယ်။ဒါပေမဲ့ခက်ခဲတဲ့အခြေအနေမှာတော့ စွန့်စားမှုလုပ်ရဲလာပါတယ်။ အလုပ်ကြောင့်ရတဲ့ Stress တွေဟာလည်း ကိုယ့်ကိုတွက်ချက်ပြီးစွန့်စားတတ်သူ၊ လုပ်ရဲကိုင်ရဲသူဖြစ်လာစေမှာဖြစ်ပါတယ်။အောင်မြင်တဲ့လုပ်ငန်းရှင်တွေနဲ့ သိသိသာသာပြောင်းလဲတိုးတက်လာတဲ့လုပ်ငန်းတွေကို ကြည့်လိုက်ရင်အကျဉ်းအကျပ်ထဲကနေ ရုန်းထွက်ရင်းပိုပြီးအဆင်ပြေလာကြတာကပိုများပါတယ်။ ဒါကြောင့်စိတ်ဖိစီးမှုတွေများလာတိုင်း စိတ်မပျက်မိဖို့လိုပါတယ်နော်။

Stress ကိုခံနိုင်ရည်ရှိခြင်းက အားကျလောက်စရာ Skill တစ်ခုပါ
Stress တွေများပေမယ့် ဒါကိုသတိနဲ့ကောင်းကောင်းကိုင်တွယ်နိုင်လာပြီဆိုရင် ကိုယ်ဟာသူများထက် ၁၀ ဆလောက်သာတဲ့ Skill တစ်ခုကိုပိုင်ဆိုင်ထားနိုင်ပြီဖြစ်ပါတယ်။စိတ်ဖိစီးမှုကိုခံနိုင်ရည်ရှိဖို့ဆိုတာကလည်း လွယ်လွယ်နဲ့ရလာတဲ့အရာတော့မဟုတ်ပါဘူး။ခံနိုင်ရည်ရှိလာတယ်ဆိုတာဟာ အတွေ့အကြုံများစွာရခဲ့ဖူးပြီးကျော်လွှားခဲ့ဖူးမှဖြစ်တည်လာနိုင်တဲ့အရာဖြစ်ပါတယ်။ ဒါက ကိုယ့်ကို Confidence ပိုရှိလာစေပြီးအောင်မြင်မှုဆီတွန်းပို့ပေးနိုင်ပါတယ်။ဒါကြောင့် Stress ကိုစိတ်ပျက်စရာအရာတစ်ခုလိုမရှုမြင်ဘဲ အမြင်တွေပြောင်းလဲပြီး
အကောင်းဆုံးကျော်လွှားလိုက်ပါ။ စိတ်ဖိစီးမှုကိုခံနိုင်ရည်ရှိလာတာနဲ့အမျှ အလုပ်ခွင်မှာလည်းကိုယ်ဟာတောက်ပသထက်တောက်ပလာမှာဖြစ်ပါတယ်။

Ju Ju

zawgyi

Deadline အမီၿပီးရမယ့္အလုပ္ေတြ၊ အစည္းအေဝးေတြ၊လိုခ်င္တဲ့ရလဒ္ထြက္လာေအာင္လုပ္ရမယ့္အရာေတြ၊ မိသားစုအေရးကိစၥေတြေၾကာင့္ျဖစ္လာရတဲ့စိတ္ဖိစီးမႈေတြဟာလူေတြကို စိတ္ပ်က္၊ စိတ္ဓာတ္က်ေစတာမွန္ပါတယ္။ ဒါေပမဲ့စိတ္ဖိစီးမႈကိုေကာင္းေကာင္းကိုင္ တြယ္ႏိုင္ျခင္းက ေအာင္ျမင္မႈဆီျမန္ျမန္ေရာက္ေစႏိုင္တဲ့အရည္အခ်င္းတစ္ခုျဖစ္လို႔ေနျပန္ပါတယ္။စိတ္ဖိစီးမႈမ်ားေပမယ့္ စိတ္ကိုထိန္းႏိုင္ျခင္း၊ အလုပ္ေတြကိုေကာင္းေကာင္းစီမံခန႔္ခြဲႏိုင္ျခင္းကေခါင္းေဆာင္တစ္ေယာက္အတြက္ မျဖစ္မေနလိုအပ္တဲ့အရာေတြပါ။ ဒါေၾကာင့္လည္းစိတ္ဖိစီးမႈကိုအေကာင္းဆုံးဘယ္လိုစီမံၾကမလဲ၊ ခံႏိုင္ရည္ရွိလာေအာင္ဘာေတြလုပ္ေဆာင္ႏိုင္မလဲဆိုတာကို သိထားသင့္ပါတယ္။ Stress Management အတြက္အဓိကအေရးႀကီးတဲ့အရာက ရႈျမင္ပုံေျပာင္းဖို႔ပါ။

Stress ဟာ ရည္မွန္းခ်က္ရွိျခင္းရဲ႕သဘာဝထုတ္ကုန္ပါ                                                                                                                            ကိုယ့္မွာ ဘာရည္မွန္းခ်က္မွမရွိ၊ ရည္႐ြယ္ခ်က္မရွိျဖစ္ေနရင္ႀကီးမားတဲ့စိတ္ဖိစီးမႈဆိုတာလည္းရွိမွာမဟုတ္ပါဘူး။ ကိုယ့္ဘက္က စိန္ေခၚမႈေတြရယူလိုက္တယ္၊ရည္မွန္းခ်က္ေတြခ်မွတ္လိုက္တယ္၊ အတားအဆီးေတြကိုေက်ာ္လႊားဖို႔ဆုံးျဖတ္လိုက္တယ္ဆိုရင္စိတ္ဖိစီးမႈဆိုတာထြက္ေပၚလာတာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ Stress ဆိုတာကိုမေကာင္းတဲ့အရာအျဖစ္မရႈျမင္ဘဲ ႀကိဳးစားမႈရဲ႕သက္ေသတစ္ခုအျဖစ္ရႈျမင္လိုက္မယ္ဆိုရင္စိတ္ဖိစီးမႈအေပၚခံႏိုင္ရည္ရွိလာမွာျဖစ္ပါတယ္။

Stress ဟာ Motivation ျဖစ္ေစတဲ့အရာ
Stress ကိုေကာင္းေကာင္းကိုင္တြယ္တတ္မယ္ဆိုရင္ ဒါကကိုယ့္အတြက္ အေကာင္းဆုံး Motivatorျဖစ္လာပါတယ္။ စိတ္ဖိစီးမႈေတြက ကိုယ့္ကိုအဆုံးစြန္ထိႀကိဳးစားခိုင္းတယ္၊ ပုန္းကြယ္ေနတဲ့အင္အားေတြ၊ခံႏိုင္ရည္ရွိျခင္းေတြကိုထုတ္ေဖာ္ေပးတယ္၊ ေဖာက္ထြက္ေတြးတတ္လာေစတယ္၊ Creative ျဖစ္လာေစတယ္စတဲ့အက်ိဳးေတြကိုေပးတာမို႔ အျမင္ေျပာင္းၿပီးၾကည့္တတ္ဖို႔ပဲလိုပါတယ္။

တြက္ခ်က္ၿပီးစြန႔္စားရဲလာျခင္းကအျမတ္ပါ
လူတစ္ေယာက္ဟာသာမန္အေျခအေနတစ္ခုမွာ စြန႔္စားတဲ့အရာေတြကိုလုပ္ျဖစ္ဖို႔ခက္ခဲပါလိမ့္မယ္။ဒါေပမဲ့ခက္ခဲတဲ့အေျခအေနမွာေတာ့ စြန႔္စားမႈလုပ္ရဲလာပါတယ္။ အလုပ္ေၾကာင့္ရတဲ့ Stress ေတြဟာလည္း ကိုယ့္ကိုတြက္ခ်က္ၿပီးစြန႔္စားတတ္သူ၊ လုပ္ရဲကိုင္ရဲသူျဖစ္လာေစမွာျဖစ္ပါတယ္။ေအာင္ျမင္တဲ့လုပ္ငန္းရွင္ေတြနဲ႔ သိသိသာသာေျပာင္းလဲတိုးတက္လာတဲ့လုပ္ငန္းေတြကို ၾကည့္လိုက္ရင္အက်ဥ္းအက်ပ္ထဲကေန ႐ုန္းထြက္ရင္းပိုၿပီးအဆင္ေျပလာၾကတာကပိုမ်ားပါတယ္။ ဒါေၾကာင့္စိတ္ဖိစီးမႈေတြမ်ားလာတိုင္း စိတ္မပ်က္မိဖို႔လိုပါတယ္ေနာ္။

Stress ကိုခံႏိုင္ရည္ရွိျခင္းက အားက်ေလာက္စရာ Skill တစ္ခုပါ
Stress ေတြမ်ားေပမယ့္ ဒါကိုသတိနဲ႔ေကာင္းေကာင္းကိုင္တြယ္ႏိုင္လာၿပီဆိုရင္ ကိုယ္ဟာသူမ်ားထက္ ၁၀ ဆေလာက္သာတဲ့ Skill တစ္ခုကိုပိုင္ဆိုင္ထားႏိုင္ၿပီျဖစ္ပါတယ္။စိတ္ဖိစီးမႈကိုခံႏိုင္ရည္ရွိဖို႔ဆိုတာကလည္း လြယ္လြယ္နဲ႔ရလာတဲ့အရာေတာ့မဟုတ္ပါဘူး။ခံႏိုင္ရည္ရွိလာတယ္ဆိုတာဟာ အေတြ႕အႀကဳံမ်ားစြာရခဲ့ဖူးၿပီးေက်ာ္လႊားခဲ့ဖူးမွျဖစ္တည္လာႏိုင္တဲ့အရာျဖစ္ပါတယ္။ ဒါက ကိုယ့္ကို Confidence ပိုရွိလာေစၿပီးေအာင္ျမင္မႈဆီတြန္းပို႔ေပးႏိုင္ပါတယ္။ဒါေၾကာင့္ Stress ကိုစိတ္ပ်က္စရာအရာတစ္ခုလိုမရႈျမင္ဘဲ အျမင္ေတြေျပာင္းလဲၿပီး
အေကာင္းဆုံးေက်ာ္လႊားလိုက္ပါ။ စိတ္ဖိစီးမႈကိုခံႏိုင္ရည္ရွိလာတာနဲ႔အမွ် အလုပ္ခြင္မွာလည္းကိုယ္ဟာေတာက္ပသထက္ေတာက္ပလာမွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*