အဟောင်းဆိုင်ကဝယ်လာတဲ့ဖိနပ်စီးပြီးဆုယူတဲ့ Billie Eilish

2024 ခုနစ်၊ Golden Globes ပွဲကိုတက်ရောက်လာတဲ့ အဆိုတော် Billie Eilish ရဲ့ဖက်ရှင်က Gen-Z တွေဝတ်တဲ့ဖက်ရှင်Trend ဖြစ်ပြီး
သူမရဲ့ပွဲတက်ဖက်ရှင်ကြောင့်လူအများရဲ့စိတ်ဝင်စားမှုကိုပိုမိုရရှိခဲ့ပါတယ်။သူမဟာပီတာပန်ကော်လာပုံရှပ်အကျီပေါ်မှာ အမည်းရောင်ဘလေဇာပွပွကြီးကိုဝတ်ဆင်ထားပြီးကာကီရောင်စကတ်ကိုဆင်မြန်ထားခဲ့တာဖြစ်ပါတယ်။ ငွေကိုမဖြုန်းဘဲရှိတာတွေကိုဖက်ရှင်ကျအောင်ပြန်လည်ဝတ်ဆင်တဲ့ပုံစံမျိုးကို သူမကသဘောကျနှစ်သက်ပါတယ်။အကျီမှာသူမစည်းထားတဲ့ဖဲကြိုးဟာလည်းမွေးနေ့တုန်းကလက်ဆောင်ရတဲ့ဖဲကြိုးဖြစ်တယ်လို့ဆိုပါတယ်။ဒါ့အပြင် သူမစီးထားတဲ့ဖိနပ်ဟာလည်း မနှစ်တုန်းက အဟောင်းဆိုင်တစ်ခုကဝယ်ခဲ့တာဖြစ်တယ်လို့ပြောခဲ့ပါသေးတယ်။

Billie Eilish ဟာ ဒီနှစ် Golden Globes ဆုပေးပွဲမှာ What was I made For သီချင်းနဲ့ Best original song ဆုကိုဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းဟာ Barbie ရုပ်ရှင်ကားရဲ့ဇာတ်ဝင်တေးဖြစ်ပါတယ်။ရွှေကမ္ဘာလုံးဆုရရှိတာနဲ့ပတ်သက်ပြီးသူမက “ကျေးဇူးတင်ပါတယ်ရှင်။ ဒီဆုကိုကျွန်မရမယ်လို့တကယ်မထင်ထားပါဘူး။ ခုလိုဒီနေရာမှာရှိနေရတာဟာ အစ်ကို Finneas ကျေးဇူးကြောင့်ပါ။ ဒီလိုတန်ဖိုး ဖြတ်မရတဲ့ရုပ်ရှင်ကိုဖန်တီးပေးတဲ့ Greta နဲ့ Noah တို့ကိုလည်းကျေးဇူးတင်ပါတယ်။ Margot ဟာ Margot ဖြစ်နေပေးလို့လည်းကျေး ဇူးတင်တယ်”လို့စင်ပေါ်ကနေကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

Ju Ju

zawgyi

2024 ခုနစ္၊ Golden Globes ပြဲကိုတက္ေရာက္လာတဲ့ အဆိုေတာ္ Billie Eilish ရဲ႕ဖက္ရွင္က Gen-Z ေတြဝတ္တဲ့ဖက္ရွင္Trend ျဖစ္ၿပီး
သူမရဲ႕ပြဲတက္ဖက္ရွင္ေၾကာင့္လူအမ်ားရဲ႕စိတ္ဝင္စားမႈကိုပိုမိုရရွိခဲ့ပါတယ္။သူမဟာပီတာပန္ေကာ္လာပုံရွပ္အက်ီေပၚမွာ အမည္းေရာင္ဘေလဇာပြပြႀကီးကိုဝတ္ဆင္ထားၿပီးကာကီေရာင္စကတ္ကိုဆင္ျမန္ထားခဲ့တာျဖစ္ပါတယ္။ ေငြကိုမျဖဳန္းဘဲရွိတာေတြကိုဖက္ရွင္က်ေအာင္ျပန္လည္ဝတ္ဆင္တဲ့ပုံစံမ်ိဳးကို သူမကသေဘာက်ႏွစ္သက္ပါတယ္။အက်ီမွာသူမစည္းထားတဲ့ဖဲႀကိဳးဟာလည္းေမြးေန႔တုန္းကလက္ေဆာင္ရတဲ့ဖဲႀကိဳးျဖစ္တယ္လို႔ဆိုပါတယ္။ဒါ့အျပင္ သူမစီးထားတဲ့ဖိနပ္ဟာလည္း မႏွစ္တုန္းက အေဟာင္းဆိုင္တစ္ခုကဝယ္ခဲ့တာျဖစ္တယ္လို႔ေျပာခဲ့ပါေသးတယ္။

Billie Eilish ဟာ ဒီႏွစ္ Golden Globes ဆုေပးပြဲမွာ What was I made For သီခ်င္းနဲ႔ Best original song ဆုကိုဆြတ္ခူးခဲ့တာျဖစ္ပါတယ္။ ဒီသီခ်င္းဟာ Barbie ႐ုပ္ရွင္ကားရဲ႕ဇာတ္ဝင္ေတးျဖစ္ပါတယ္။ေ႐ႊကမာၻလုံးဆုရရွိတာနဲ႔ပတ္သက္ၿပီးသူမက “ေက်းဇူးတင္ပါတယ္ရွင္။ ဒီဆုကိုကြၽန္မရမယ္လို႔တကယ္မထင္ထားပါဘူး။ ခုလိုဒီေနရာမွာရွိေနရတာဟာ အစ္ကို Finneas ေက်းဇူးေၾကာင့္ပါ။ ဒီလိုတန္ဖိုး ျဖတ္မရတဲ့႐ုပ္ရွင္ကိုဖန္တီးေပးတဲ့ Greta နဲ႔ Noah တို႔ကိုလည္းေက်းဇူးတင္ပါတယ္။ Margot ဟာ Margot ျဖစ္ေနေပးလို႔လည္းေက်း ဇူးတင္တယ္”လို႔စင္ေပၚကေနေက်းဇူးတင္စကားဆိုခဲ့ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*