နှစ်သစ်အတွက်ရည်မှန်းချက်တွေတကယ်အောင်မြင်စေဖို့

New Year ဆိုတာက ကိုယ့်ရဲ့ goal တွေကိုတကယ်ဖြစ်အောင်လုပ်ဖို့နဲ့ opportunity တွေကိုအသစ်ပြန်စတင်ဖို့အကောင်းဆုံးသောအ ချိန်တစ်ခုပါ။ အပြောင်းအလဲတွေလုပ်ဖို့အကောင်းဆုံးစတင်ချိန်ဖြစ်တာမို့ လူတော်တော်များများကဒီနှစ်တော့ငါဘာတွေဖြစ်အောင်လုပ်မယ်ဆိုပြီး plan အကြီးကြီးတွေရှိတတ်ကြပါတယ်။ဒါပေမဲ့ plan ချရုံနဲ့ မပြီးသေးပါဘူး။ဒီ plan တွေအတိုင်းစွဲစွဲမြဲမြဲလုပ်ဖို့၊ အမှန်တ ကယ်လုပ်နိုင်ဖို့ လိုပါသေးတယ်။နှစ်သစ်အတွက် ကိုယ့်ရည်မှန်းချက်တွေတကယ်ဖြစ်လာစေဖို့ New Year Resolution တွေချမှတ်တဲ့အခါဘယ်လိုအ‌လေ့အကျင့်တွေရှိဖို့လိုအပ်သလဲဆိုတာလေ့လာကြည့်ရအောင်။

ပန်းတိုင်သေးသေးလေးတွေနဲ့စတင်ပါ
ကိုယ့်ရည်မှန်းချက်တွေအတွက် ကိုယ်ကတက်ကြွတယ်၊ စိတ်လှုပ်ရှားတယ်ဆိုပေမယ့်လက်တွေ့ဖြစ်လာဖို့ခက်ခဲတဲ့အနေအထားဆိုရင် ဆက်လုပ်ဖို့စိတ်ပျက်သွားစေနိုင်ပါတယ်။ဒါ့ကြောင့် Activity အသစ်တစ်ခုကိုစတင်မယ်ဆိုရင် တစ်ပတ်မှာ ၅ ကြိမ် ၊၇ ကြိမ်ဆိုတာမျိုးမလုပ်ပါနဲ့။ဖြည်းဖြည်းချင်းပဲစတင်ပါ။ အခုမှလေ့ကျင့်ခန်းစလုပ်မယ့်သူအနေနဲ့ ငါတစ်နေ့ကိုမိနစ် ၃၀ နဲ့ တစ်ပတ် ၄ ကြိမ်လုပ်ကြည့်မယ်ဆိုတာမျိုးပါ။ကိုယ်ကဝိတ်ချမယ်ဆိုရင်လည်း ဘယ်အနေအထားထိချချင်တာလဲဆိုတဲ့ ရည်မှန်းချက်တစ်ခုရှိရပါမယ်။မဖြစ်နိုင်တဲ့ပေါင်ချိန်တွေ၊ ကျန်းမာရေးထိခိုက်စေမယ့် မျှော်မှန်းချက်မျိုးတွေကိုတော့မချမှတ်သင့်ပါဘူး။

တိုင်းတာလို့ရပါစေ
ကိုယ့်ရဲ့ goal တွေဟာ မြင်သာဖို့၊ တိုင်းတာနိုင်ဖို့လိုအပ်ပါတယ်။ငါ exercise တိုးလုပ်မယ်ဆိုပြီးလုပ်လိုက်ပေမယ့် 30 မိနစ် တိုးလုပ်တာလား၊ 40 မိနစ်တိုးလုပ်တာလားဆိုပြီး ခိုင်မာတဲ့သတ်မှတ်ချက်ရှိဖို့လိုပါတယ်။ Healthy Meal စားတယ်ဆိုရင်လည်းတစ်ပတ်မှာ ဘယ်နှကြိမ်စားဖြစ်တယ်ဆိုတဲ့ အောင်မြင်မှုမှတ်တမ်းလေးတွေရှိဖို့လိုပါတယ်။ ဒါမှဆက်ပြီးစိတ်ခွန်အားရှိမှာဖြစ်သလို အဆုံးမှာအောင်မြင်မှုရမှာဖြစ်ပါတယ်။ ကိုယ်လုပ်ဖြစ်တာလေးတွေကိုမှတ်တမ်းထားနိုင်ဖို့ Activity Tracker လေးတွေသုံးနိုင်ပါတယ်။

လက်တွေ့နဲ့နီးစပ်ဖို့လိုပါတယ်
ငါမနက်တိုင်းထပြေးမယ်လို့ ရည်မှန်းချက်ထားလိုက်ပေမယ့် မနက်တိုင်းထပြေးဖို့ပတ်ဝန်းကျင်လုံခြုံမှုရှိလား၊ ပြေးပြီးပြန်လာရင် ရုံးချိန်မီလား စသဖြင့်တွေးကြည့်ပါ။ဒါတွေကလက်တွေ့မှာမဖြစ်နိုင်ဘူးထင်ရင် ရုံးဆင်းချိန်ကျမှ Gym ဝင်ဆော့လိုက်တာကတကယ်လည်းလက် တွေ့ကျတဲ့ရည်မှန်းချက်ဖြစ်ပါလိမ့်မယ်။

Plan ရှိပါစေ
ကိုယ့်မှာရည်မှန်းချက်တွေတော့ရှိပါရဲ့။ ဒါတွေကိုအောင်မြင်ဖို့ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘာ့ကြောင့်၊ဘယ်လိုဆိုတဲ့ အသေးစိတ်စဉ်းစားထားမှုတွေမရှိရင်အကောင်အထည်ပေါ်မှာမဟုတ်ပါဘူး။ဒီနှစ်တော့ Animation ပိုင်းကိုရအောင်လုပ်မယ်လို့ရည်ရွယ်ရင် သင်တန်းတက်မှာလား၊စာအုပ်တွေ၊ဗီဒီယိုသင်ခန်းစာတွေကနေလေ့လာမှာလား၊ ကွန်ပျူတာနဲ့ဘယ်အချိန်လေ့ကျင့်မှာလဲ၊ပထမတစ်လမှာ ဘယ်အပိုင်းကိုစလေ့လာမလဲ စသဖြင့်သိရပါမယ်။ ဒါ့ကြောင့် တိကျတဲ့ Action Plan ရှိဖို့လိုပါတယ်။

အပြုသဘောဆောင်တဲ့အတွေးရှိပါစေ
အရာရာဟာ ကိုယ်စဉ်းစားထားတဲ့အတိုင်းတစ်သဝေမတိမ်းဖြစ်ဖို့ဆိုတာမလွယ်ကူပါဘူး။ တခါတလေမှာအဆင်မပြေတာတွေ၊အနှောင့် အယှက်တွေကြုံရမှာပါပဲ။ ဒီအချိန်မှာ Positive Thinking ရှိဖို့လိုပါတယ်။မဖြစ်မြောက်တာတွေကို တွေးနေရင်ပိုပြီးစိတ်ဓာတ်ကျလာပါလိမ့်မယ်။ကိုယ်ပင်ပန်းတာ၊ခက်ခဲတာကိုမတွေးဘဲ ကောင်းတဲ့ရလဒ်တွေရလာတာ၊အကျင့်ကောင်းလေးတစ်ခုစွဲမြဲလာတာ၊ ဥပမာ – ကိုယ်မှန်းထားသလောက်ဝိတ်မကျပေမယ့်အချိုရည်တွေရှောင်ဖြစ်တယ်၊ ဆေးလိပ်သောက်တာနည်းလာတယ် စတဲ့အချက်လေးတွေကိုတွေးပြီးပန်းတိုင်ဆီရောက်အောင် ခရီးဆက်ဖို့လိုပါတယ်။ဒီအလေ့အကျင့်လေးတွေပါဝင်မယ်ဆိုရင်တော့ ကိုယ်ချမှတ်တဲ့ Resolution တွေတိုင်းကအောင်မြင်နိုင်မှာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

New Year ဆိုတာက ကိုယ့္ရဲ႕ goal ေတြကိုတကယ္ျဖစ္ေအာင္လုပ္ဖို႔နဲ႔ opportunity ေတြကိုအသစ္ျပန္စတင္ဖို႔အေကာင္းဆုံးေသာအ ခ်ိန္တစ္ခုပါ။ အေျပာင္းအလဲေတြလုပ္ဖို႔အေကာင္းဆုံးစတင္ခ်ိန္ျဖစ္တာမို႔ လူေတာ္ေတာ္မ်ားမ်ားကဒီႏွစ္ေတာ့ငါဘာေတြျဖစ္ေအာင္လုပ္မယ္ဆိုၿပီး plan အႀကီးႀကီးေတြရွိတတ္ၾကပါတယ္။ဒါေပမဲ့ plan ခ်႐ုံနဲ႔ မၿပီးေသးပါဘူး။ဒီ plan ေတြအတိုင္းစြဲစြဲၿမဲၿမဲလုပ္ဖို႔၊ အမွန္တ ကယ္လုပ္ႏိုင္ဖို႔ လိုပါေသးတယ္။ႏွစ္သစ္အတြက္ ကိုယ့္ရည္မွန္းခ်က္ေတြတကယ္ျဖစ္လာေစဖို႔ New Year Resolution ေတြခ်မွတ္တဲ့အခါဘယ္လိုအ‌ေလ့အက်င့္ေတြရွိဖို႔လိုအပ္သလဲဆိုတာေလ့လာၾကည့္ရေအာင္။

ပန္းတိုင္ေသးေသးေလးေတြနဲ႔စတင္ပါ
ကိုယ့္ရည္မွန္းခ်က္ေတြအတြက္ ကိုယ္ကတက္ႂကြတယ္၊ စိတ္လႈပ္ရွားတယ္ဆိုေပမယ့္လက္ေတြ႕ျဖစ္လာဖို႔ခက္ခဲတဲ့အေနအထားဆိုရင္ ဆက္လုပ္ဖို႔စိတ္ပ်က္သြားေစႏိုင္ပါတယ္။ဒါ့ေၾကာင့္ Activity အသစ္တစ္ခုကိုစတင္မယ္ဆိုရင္ တစ္ပတ္မွာ ၅ ႀကိမ္ ၊၇ ႀကိမ္ဆိုတာမ်ိဳးမလုပ္ပါနဲ႔။ျဖည္းျဖည္းခ်င္းပဲစတင္ပါ။ အခုမွေလ့က်င့္ခန္းစလုပ္မယ့္သူအေနနဲ႔ ငါတစ္ေန႔ကိုမိနစ္ ၃၀ နဲ႔ တစ္ပတ္ ၄ ႀကိမ္လုပ္ၾကည့္မယ္ဆိုတာမ်ိဳးပါ။ကိုယ္ကဝိတ္ခ်မယ္ဆိုရင္လည္း ဘယ္အေနအထားထိခ်ခ်င္တာလဲဆိုတဲ့ ရည္မွန္းခ်က္တစ္ခုရွိရပါမယ္။မျဖစ္ႏိုင္တဲ့ေပါင္ခ်ိန္ေတြ၊ က်န္းမာေရးထိခိုက္ေစမယ့္ ေမွ်ာ္မွန္းခ်က္မ်ိဳးေတြကိုေတာ့မခ်မွတ္သင့္ပါဘူး။

တိုင္းတာလို႔ရပါေစ
ကိုယ့္ရဲ႕ goal ေတြဟာ ျမင္သာဖို႔၊ တိုင္းတာႏိုင္ဖို႔လိုအပ္ပါတယ္။ငါ exercise တိုးလုပ္မယ္ဆိုၿပီးလုပ္လိုက္ေပမယ့္ 30 မိနစ္ တိုးလုပ္တာလား၊ 40 မိနစ္တိုးလုပ္တာလားဆိုၿပီး ခိုင္မာတဲ့သတ္မွတ္ခ်က္ရွိဖို႔လိုပါတယ္။ Healthy Meal စားတယ္ဆိုရင္လည္းတစ္ပတ္မွာ ဘယ္ႏွႀကိမ္စားျဖစ္တယ္ဆိုတဲ့ ေအာင္ျမင္မႈမွတ္တမ္းေလးေတြရွိဖို႔လိုပါတယ္။ ဒါမွဆက္ၿပီးစိတ္ခြန္အားရွိမွာျဖစ္သလို အဆုံးမွာေအာင္ျမင္မႈရမွာျဖစ္ပါတယ္။ ကိုယ္လုပ္ျဖစ္တာေလးေတြကိုမွတ္တမ္းထားႏိုင္ဖို႔ Activity Tracker ေလးေတြသုံးႏိုင္ပါတယ္။

လက္ေတြ႕နဲ႔နီးစပ္ဖို႔လိုပါတယ္
ငါမနက္တိုင္းထေျပးမယ္လို႔ ရည္မွန္းခ်က္ထားလိုက္ေပမယ့္ မနက္တိုင္းထေျပးဖို႔ပတ္ဝန္းက်င္လုံၿခဳံမႈရွိလား၊ ေျပးၿပီးျပန္လာရင္ ႐ုံးခ်ိန္မီလား စသျဖင့္ေတြးၾကည့္ပါ။ဒါေတြကလက္ေတြ႕မွာမျဖစ္ႏိုင္ဘူးထင္ရင္ ႐ုံးဆင္းခ်ိန္က်မွ Gym ဝင္ေဆာ့လိုက္တာကတကယ္လည္းလက္ ေတြ႕က်တဲ့ရည္မွန္းခ်က္ျဖစ္ပါလိမ့္မယ္။

Plan ရွိပါေစ
ကိုယ့္မွာရည္မွန္းခ်က္ေတြေတာ့ရွိပါရဲ႕။ ဒါေတြကိုေအာင္ျမင္ဖို႔ ဘယ္ေနရာ၊ ဘယ္အခ်ိန္၊ ဘာ့ေၾကာင့္၊ဘယ္လိုဆိုတဲ့ အေသးစိတ္စဥ္းစားထားမႈေတြမရွိရင္အေကာင္အထည္ေပၚမွာမဟုတ္ပါဘူး။ဒီႏွစ္ေတာ့ Animation ပိုင္းကိုရေအာင္လုပ္မယ္လို႔ရည္႐ြယ္ရင္ သင္တန္းတက္မွာလား၊စာအုပ္ေတြ၊ဗီဒီယိုသင္ခန္းစာေတြကေနေလ့လာမွာလား၊ ကြန္ပ်ဴတာနဲ႔ဘယ္အခ်ိန္ေလ့က်င့္မွာလဲ၊ပထမတစ္လမွာ ဘယ္အပိုင္းကိုစေလ့လာမလဲ စသျဖင့္သိရပါမယ္။ ဒါ့ေၾကာင့္ တိက်တဲ့ Action Plan ရွိဖို႔လိုပါတယ္။

အျပဳသေဘာေဆာင္တဲ့အေတြးရွိပါေစ
အရာရာဟာ ကိုယ္စဥ္းစားထားတဲ့အတိုင္းတစ္သေဝမတိမ္းျဖစ္ဖို႔ဆိုတာမလြယ္ကူပါဘူး။ တခါတေလမွာအဆင္မေျပတာေတြ၊အေႏွာင့္ အယွက္ေတြႀကဳံရမွာပါပဲ။ ဒီအခ်ိန္မွာ Positive Thinking ရွိဖို႔လိုပါတယ္။မျဖစ္ေျမာက္တာေတြကို ေတြးေနရင္ပိုၿပီးစိတ္ဓာတ္က်လာပါလိမ့္မယ္။ကိုယ္ပင္ပန္းတာ၊ခက္ခဲတာကိုမေတြးဘဲ ေကာင္းတဲ့ရလဒ္ေတြရလာတာ၊အက်င့္ေကာင္းေလးတစ္ခုစြဲၿမဲလာတာ၊ ဥပမာ – ကိုယ္မွန္းထားသေလာက္ဝိတ္မက်ေပမယ့္အခ်ိဳရည္ေတြေရွာင္ျဖစ္တယ္၊ ေဆးလိပ္ေသာက္တာနည္းလာတယ္ စတဲ့အခ်က္ေလးေတြကိုေတြးၿပီးပန္းတိုင္ဆီေရာက္ေအာင္ ခရီးဆက္ဖို႔လိုပါတယ္။ဒီအေလ့အက်င့္ေလးေတြပါဝင္မယ္ဆိုရင္ေတာ့ ကိုယ္ခ်မွတ္တဲ့ Resolution ေတြတိုင္းကေအာင္ျမင္ႏိုင္မွာပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*