လက်ထပ်မယ့်အစီအစဉ်ကို ကြေညာလိုက်တဲ့ Reborn Rich မင်းသား Kang Ki Doong

မင်းသား Kang Ki Doong က ​​စက်တင်ဘာလမှာ လက်ထပ်တော့မှာ ဖြစ်ပါတယ်။မင်းသားရဲ့ အေဂျင်စီဖြစ်တဲ့ Hunus Entertainment က ကိုယ်စားလှယ်တဦးက Kang Ki Doong က စက်တင်ဘာမှာ လက်ထပ်တော့မယ်လို့ ဩဂုတ်လ ၁၆ရက်နေ့ကပြောကြားခဲ့တာဖြစ်ပါတယ်။ကိုယ်စားလှယ်ရဲ့အဆိုအရ Kang Ki Doong နဲ့ စေ့စပ်ထားသူကကျော်ကြားသူမဟုတ်တဲ့အတွက် သူတို့စုံတွဲက အချိန်အတော်ကြာ ချိန်းတွေ့ပြီးနောက်လက်ထပ်ကြဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ မင်္ဂလာပွဲကို မိသားစုဝင်များနဲ့ ရင်းနှီးတဲ့သူငယ်ချင်းများသာ တက်ရောက်ပြီး သီးသန့်ကျင်းပမှာဖြစ်ပါတယ်။

အေဂျင်စီရဲ့ ကိုယ်စားလှယ်က “Kang Ki Doong က သူ့ပရိသတ်တွေနဲ့ သတင်းတွေကို ဝေမျှဖို့စိတ်အားထက်သန်နေတာကြောင့် သူ့ရဲ့ fan cafe ဒါမှမဟုတ် ဆိုရှယ်မီဒီယာကနေတဆင့်အသေးစိတ်အချက်အလက်တွေကို မကြာခင်မှာ ဖော်ပြသွားဖို့ စီစဉ်ထားပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။မင်းသားKang Ki Doong က “Fight For My Way”၊ “Prison Playbook”၊ “The First Responders” နဲ့ “Reborn Rich” စတဲ့ လူကြိုက်များတဲ့ ဒရာမာများမှာ သူ့ရဲ့ပါဝင်သရုပ်ဆောင်မှုများကြောင့် ချီးကျူးမှုကို ရရှိခဲ့ပါတယ်။

MYit

zawgyi

မင္းသား Kang Ki Doong က ​​စက္တင္ဘာလမွာ လက္ထပ္ေတာ့မွာ ျဖစ္ပါတယ္။မင္းသားရဲ႕ ေအဂ်င္စီျဖစ္တဲ့ Hunus Entertainment က ကိုယ္စားလွယ္တဦးက Kang Ki Doong က စက္တင္ဘာမွာ လက္ထပ္ေတာ့မယ္လို႔ ဩဂုတ္လ ၁၆ရက္ေန႔ကေျပာၾကားခဲ့တာျဖစ္ပါတယ္။ကိုယ္စားလွယ္ရဲ႕အဆိုအရ Kang Ki Doong နဲ႔ ေစ့စပ္ထားသူကေက်ာ္ၾကားသူမဟုတ္တဲ့အတြက္ သူတို႔စုံတြဲက အခ်ိန္အေတာ္ၾကာ ခ်ိန္းေတြ႕ၿပီးေနာက္လက္ထပ္ၾကဖို႔ ဆုံးျဖတ္ခဲ့ၾကတာပါ။ မဂၤလာပြဲကို မိသားစုဝင္မ်ားနဲ႔ ရင္းႏွီးတဲ့သူငယ္ခ်င္းမ်ားသာ တက္ေရာက္ၿပီး သီးသန႔္က်င္းပမွာျဖစ္ပါတယ္။

ေအဂ်င္စီရဲ႕ ကိုယ္စားလွယ္က “Kang Ki Doong က သူ႔ပရိသတ္ေတြနဲ႔ သတင္းေတြကို ေဝမွ်ဖို႔စိတ္အားထက္သန္ေနတာေၾကာင့္ သူ႔ရဲ႕ fan cafe ဒါမွမဟုတ္ ဆိုရွယ္မီဒီယာကေနတဆင့္အေသးစိတ္အခ်က္အလက္ေတြကို မၾကာခင္မွာ ေဖာ္ျပသြားဖို႔ စီစဥ္ထားပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။မင္းသားKang Ki Doong က “Fight For My Way”၊ “Prison Playbook”၊ “The First Responders” နဲ႔ “Reborn Rich” စတဲ့ လူႀကိဳက္မ်ားတဲ့ ဒရာမာမ်ားမွာ သူ႔ရဲ႕ပါဝင္သ႐ုပ္ေဆာင္မႈမ်ားေၾကာင့္ ခ်ီးက်ဴးမႈကို ရရွိခဲ့ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*