Sugar Daddy ဖြစ်ချင်နေသူကိုပွင့်ပွင့်လင်းလင်းချေချလိုက်တဲ့ လီလီရိုင်းဟတ်

Riverdale ရဲ့ မင်းသမီးဖြစ်တဲ့ လီလီရိုင်းဟတ်က သူမကိုစပွန်ဆာပေးချင်နေသူရဲ့ကမ်းလှမ်းချက်ကို TikTok Video တင်ပြီးပွင့်ပွင့်လင်းလင်းငြင်းပြလိုက်ပါတယ်။အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့သူမက တစ်ပတ်ကိုဒေါ်လာ ၅၀၀၀ ပေးမယ်ဆိုတဲ့လူတစ်ယောက်ရဲ့ကမ်းလှမ်းချက်ကို လူတွေရှေ့မှာပွင့်ပွင့်လင်းလင်းချပြပြီး ငြင်းလိုက်တာဖြစ်ပါတယ်။လူတစ်ယောက်က သူမကို တစ်ပတ်ကိုဒေါ်လာ ၅၀၀၀ ပေးမယ်။ ဝတ်လစ်စားလစ်ပုံနဲ့လိင်ကိစ္စပြောဆိုတာတွေလုပ်စရာမလိုပါဘူး၊ သူ့ကို ဂရုစိုက်ပေးဖို့နဲ့အကြံဉာဏ်ပေးဖို့ပါပဲဆိုပြီးပြောလာခဲ့တာဖြစ်ပါတယ်။ ဒါကို သူမက ဗီဒီယိုပြုလုပ်ပြီး“ရှင်ဘယ်လိုအကြံဉာဏ်မျိုးလိုချင်နေတာလဲတော့ကျွန်မ မသိဘူး။ကျွန်မဆီမက်ဆေ့ချ်ပို့ပြီးလာမေးနိုင်ပါတယ်။ ဖြေနိုင်တဲ့မေးခွန်းတွေဆိုဖြေပေးမှာပါ” လို့ပြောခဲ့တာဖြစ်ပါတယ်။

ဒါအပြင်သူမရဲ့ခြေအိတ်ဟောင်းတွေကို ဒေါ်လာ ၂၀၀ ပေးဝယ်မယ်ဆိုတဲ့လူကိုလည်းဒါကတော့အရမ်းကို နည်းလွန်းတဲ့ကမ်းလှမ်းချက်ပါပဲ ဆိုပြီးတုံ့ပြန်ခဲ့တာပါ။ သူမဟာ Fan တွေအတွက် TikTok မှာ တိုက်ရိုက်မက်ဆေ့ချ်ပို့နိုင်အောင်ပြုလုပ်ခဲ့ပြီးနောက်မှာ သူမဆီကို အခုလိုစကားတွေလာပြောနေကြတာဖြစ်တယ်လို့ ဗီဒီယိုထဲမှာ ပြောဆိုသွားပါတယ်။ ပုံမှန်အားဖြင့်ဒီလိုပြောဆိုချက်တွေကိုအမျိုးသမီးတော် တော်များများက လစ်လျူရှုတတ်ကြပေမယ့် သူမကတော့တစ်ခုချင်းကိုအဖြေတွေပေးနေခဲ့တာဖြစ်ပါတယ်။သူမဟာ လက်ရှိမှာတော့ La Brea ရဲ့သရုပ်ဆောင် ဂျက်မာတင်နဲ့တွဲခုတ်နေတာဖြစ်ပါတယ်။

Ju Ju

zawgyi

Riverdale ရဲ႕ မင္းသမီးျဖစ္တဲ့ လီလီ႐ိုင္းဟတ္က သူမကိုစပြန္ဆာေပးခ်င္ေနသူရဲ႕ကမ္းလွမ္းခ်က္ကို TikTok Video တင္ၿပီးပြင့္ပြင့္လင္းလင္းျငင္းျပလိုက္ပါတယ္။အသက္ ၂၇ ႏွစ္ရွိၿပီျဖစ္တဲ့သူမက တစ္ပတ္ကိုေဒၚလာ ၅၀၀၀ ေပးမယ္ဆိုတဲ့လူတစ္ေယာက္ရဲ႕ကမ္းလွမ္းခ်က္ကို လူေတြေရွ႕မွာပြင့္ပြင့္လင္းလင္းခ်ျပၿပီး ျငင္းလိုက္တာျဖစ္ပါတယ္။လူတစ္ေယာက္က သူမကို တစ္ပတ္ကိုေဒၚလာ ၅၀၀၀ ေပးမယ္။ ဝတ္လစ္စားလစ္ပုံနဲ႔လိင္ကိစၥေျပာဆိုတာေတြလုပ္စရာမလိုပါဘူး၊ သူ႔ကို ဂ႐ုစိုက္ေပးဖို႔နဲ႔အႀကံဉာဏ္ေပးဖို႔ပါပဲဆိုၿပီးေျပာလာခဲ့တာျဖစ္ပါတယ္။ ဒါကို သူမက ဗီဒီယိုျပဳလုပ္ၿပီး“ရွင္ဘယ္လိုအႀကံဉာဏ္မ်ိဳးလိုခ်င္ေနတာလဲေတာ့ကြၽန္မ မသိဘူး။ကြၽန္မဆီမက္ေဆ့ခ်္ပို႔ၿပီးလာေမးႏိုင္ပါတယ္။ ေျဖႏိုင္တဲ့ေမးခြန္းေတြဆိုေျဖေပးမွာပါ” လို႔ေျပာခဲ့တာျဖစ္ပါတယ္။

ဒါအျပင္သူမရဲ႕ေျခအိတ္ေဟာင္းေတြကို ေဒၚလာ ၂၀၀ ေပးဝယ္မယ္ဆိုတဲ့လူကိုလည္းဒါကေတာ့အရမ္းကို နည္းလြန္းတဲ့ကမ္းလွမ္းခ်က္ပါပဲ ဆိုၿပီးတုံ႔ျပန္ခဲ့တာပါ။ သူမဟာ Fan ေတြအတြက္ TikTok မွာ တိုက္႐ိုက္မက္ေဆ့ခ်္ပို႔ႏိုင္ေအာင္ျပဳလုပ္ခဲ့ၿပီးေနာက္မွာ သူမဆီကို အခုလိုစကားေတြလာေျပာေနၾကတာျဖစ္တယ္လို႔ ဗီဒီယိုထဲမွာ ေျပာဆိုသြားပါတယ္။ ပုံမွန္အားျဖင့္ဒီလိုေျပာဆိုခ်က္ေတြကိုအမ်ိဳးသမီးေတာ္ ေတာ္မ်ားမ်ားက လစ္လ်ဴရႈတတ္ၾကေပမယ့္ သူမကေတာ့တစ္ခုခ်င္းကိုအေျဖေတြေပးေနခဲ့တာျဖစ္ပါတယ္။သူမဟာ လက္ရွိမွာေတာ့ La Brea ရဲ႕သ႐ုပ္ေဆာင္ ဂ်က္မာတင္နဲ႔တြဲခုတ္ေနတာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*