ရုပ်ရှင်ကားအသစ်နဲ့ပရိသတ်ဆီကိုပြန်လာတော့မယ့် ဆွန်ဂျီယို

နာမည်ကြီး Variety Show တစ်ခုဖြစ်တဲ့ Running Man မှာ ၂၀၁၀ ခုနစ်ကတည်းကနေပါဝင်ရင်းပရိသတ်အချစ်တွေအများကြီးရထားတဲ့ ဆွန်ဂျီယိုက မကြာခင်မှာ ရုပ်ရှင်ကားကြီးတစ်ကားရိုက်ကူးပြီးပရိသတ်ဆီပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။သူမက House of Meeting လို့ခေါ်တဲ့ ရုပ်ရှင်ကားကြီးမှာပါဝင်ရိုက်ကူးမယ်လို့သိရပါတယ်။ Princess Hours ဇာတ်လမ်းတွဲ၊ Frozen Flower ရုပ်ရှင်ကားတွေနဲ့နာမည်ကြီးလာခဲ့တဲ့သူမက Intruder ဆိုတဲ့ရုပ်ရှင်ကားကို ၂၀၂၀ ခုနစ်ကနောက်ဆုံးရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်ကားရိုက်နားထားတာ ၄ နှစ်ကြာပြီဖြစ်တဲ့သူမအတွက် House of Meeting ဟာပထမဆုံးပြန်လည်ရိုက်ကူးတဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ဒီကားမှာသူမဟာ အမျိုးသမီးထောင်မှူးအဖြစ်သရုပ်ဆောင်ရမှာဖြစ်ပြီး ဒီရုပ်ရှင်ကိုဒါရိုက်တာချာဂျောင်ယွန်းကရိုက်ကူးမှာဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုကို ၂၀၂၄ ခုနစ်၊ ဇန်နဝါရီလမှာစတင်မယ်လို့သိရပါတယ်။ဆွန်ဂျီယိုဟာ ပြီးခဲ့တဲ့အောက်တိုဘာလက Nexus E&M ဆိုတဲ့အေဂျင်စီအသစ်နဲ့စာချုပ်ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။

Ju Ju

zawgyi

နာမည္ႀကီး Variety Show တစ္ခုျဖစ္တဲ့ Running Man မွာ ၂၀၁၀ ခုနစ္ကတည္းကေနပါဝင္ရင္းပရိသတ္အခ်စ္ေတြအမ်ားႀကီးရထားတဲ့ ဆြန္ဂ်ီယိုက မၾကာခင္မွာ ႐ုပ္ရွင္ကားႀကီးတစ္ကား႐ိုက္ကူးၿပီးပရိသတ္ဆီျပန္လည္ေရာက္ရွိလာေတာ့မွာျဖစ္ပါတယ္။သူမက House of Meeting လို႔ေခၚတဲ့ ႐ုပ္ရွင္ကားႀကီးမွာပါဝင္႐ိုက္ကူးမယ္လို႔သိရပါတယ္။ Princess Hours ဇာတ္လမ္းတြဲ၊ Frozen Flower ႐ုပ္ရွင္ကားေတြနဲ႔နာမည္ႀကီးလာခဲ့တဲ့သူမက Intruder ဆိုတဲ့႐ုပ္ရွင္ကားကို ၂၀၂၀ ခုနစ္ကေနာက္ဆုံး႐ိုက္ကူးခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ကား႐ိုက္နားထားတာ ၄ ႏွစ္ၾကာၿပီျဖစ္တဲ့သူမအတြက္ House of Meeting ဟာပထမဆုံးျပန္လည္႐ိုက္ကူးတဲ့႐ုပ္ရွင္ကားႀကီးျဖစ္ပါတယ္။ဒီကားမွာသူမဟာ အမ်ိဳးသမီးေထာင္မႉးအျဖစ္သ႐ုပ္ေဆာင္ရမွာျဖစ္ၿပီး ဒီ႐ုပ္ရွင္ကိုဒါ႐ိုက္တာခ်ာေဂ်ာင္ယြန္းက႐ိုက္ကူးမွာျဖစ္ပါတယ္။ ဇာတ္ကား႐ိုက္ကူးမႈကို ၂၀၂၄ ခုနစ္၊ ဇန္နဝါရီလမွာစတင္မယ္လို႔သိရပါတယ္။ဆြန္ဂ်ီယိုဟာ ၿပီးခဲ့တဲ့ေအာက္တိုဘာလက Nexus E&M ဆိုတဲ့ေအဂ်င္စီအသစ္နဲ႔စာခ်ဳပ္ခ်ဳပ္ဆိုလိုက္တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*