လိုက်ဖက်ညီတဲ့ ပါဝါစုံတွဲ (၄)ခု

ရာသီခွင်တွေထဲမှာ ဘယ်ရာသီခွင်နဲ့ ဘယ်ရာသီခွင်က အလိုက်ဖက်ဆုံးဖြစ်သလဲဆိုတာသင်သိပါသလား။ နက္ခတ်ဗေဒင်အရ လိုက်ဖက်အညီဆုံး စုံတွဲလေးတွဲရှိပါတယ်။

Aries နဲ့ Gemini
Aries နဲ့ Gemini တို့တွေ့ဆုံတဲ့အခါမှာ လိုက်ဖက်ညီတဲ့အတွဲဖြစ်စေပါတယ်။ရာသီခွင်နှစ်ခုစလုံးက စိတ်လှုပ်ရှားစရာနဲ့စွန့်စားခန်းတွေကိုမျှဝေဖို့စိတ်အားထက်သန်ကြပါတယ်။ Aries ရဲ့ ရဲရင့်မှုနဲ့ Gemini ရဲ့လျင်မြန်ထက်မြက်တဲ့ ဉာဏ်ပညာတို့ပေါင်းဆက်သွားတဲ့အခါမှာ သွက်လက်တဲ့ချိတ်ဆက်မှုကိုဖန်တီးပေးပါတယ်။

Taurus နဲ့ Cancer
Taurus နဲ့ Cancer တို့အတွဲကတော့ နက်ရှိုင်းတဲ့ စိတ်ပိုင်းဆိုင်ရာချိတ်ဆက်မှုနဲ့အပြန်အလှန်လေးစားမှုတို့ကို အခြေခံတဲ့ စုံတွဲတတွဲဖြစ်စေပါတယ်။ Taurus က တည်ငြိမ်မှုရှိပြီး Cancer က ကြင်နာဂရုစိုက်မှုမှာ အားသာပါတယ်။ ဒါကြောင့်ခိုင်မာတဲ့အခြေခံအုတ်မြစ်ဖြစ်စေပြီး ယုံကြည်မှုနဲ့ သစ္စာရှိမှုအပေါ် တည်ဆောက်ထားတဲ့ဆက်ဆံရေးဖြစ်စေပါတယ်။ အိမ်နဲ့မိသားစုကို တန်ဖိုးထားတဲ့ ရာသီခွင်နှစ်ခုဖြစ်ပါတယ်။

Leo နဲ့ Libra
Leo နဲ့ Libra တို့က ဆွဲဆောင်မှုရှိတဲ့ စုံတွဲဖြစ်ပါတယ်။သူတို့ရာသီခွင်နှစ်ခုကိုပေါင်းစပ်လိုက်တဲ့အခါမှာ ပိုကောင်းတဲ့အရာတွေကိုတည် ဆောက်နိုင်လာပါတယ်။ Leo တွေရဲ့ စိတ်အားထက်သန်မှုရယ်၊ Libra တွေရဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေရယ်က ရာသီခွင်နှစ်စလုံးကို ပိုပြီးလိုက်ဖက်ညီစေပါတယ်။

Scorpio နဲ့ Pisces
Scorpio နဲ့ Pisces တို့စုံတွဲကလည်း လိုက်ဖက်ညီတဲ့ စုံတွဲတတွဲပါပဲ။ သူတို့က ခံစားချက်တွေ၊စကားလုံးတွေကို ကျော်လွန်ပြီး နက်နဲတဲ့ဆက်သွယ်မှုတခုနဲ့အချင်းချင်းချိတ်ဆက်ထားကြပါတယ်။ Scorpio ရဲ့ ပြင်းထန်မှုနဲ့ Pisces ရဲ့အိပ်မက်ဆက်မှုကိုပေါင်းစပ်ပြီး ပိုမိုလေး နက်တဲ့ ဆက်ဆံရေးကို ဖန်တီးပေးနိုင်ပါတယ်။ဒါကတော့ နက္ခတ်အရ လိုက်ဖက်ညီတဲ့စုံတွဲတွေဖြစ်ပါတယ်။ဒီရာသီခွင်အတွဲအစပ်တွေမဟုတ်ရင် လိုက်ဖက်မညီဘူးလားဆိုပြီးမေးခွန်းထုတ်စရာရှိပါတယ်။အရာအားလုံးက ချစ်ခြင်းမေတ္တာအပေါ်မှာပဲ အခြေခံတယ်လို့ ရှုမြင်မိပါတယ်။

MYit

zawgyi


Aries နဲ့ Gemini

Taurus နဲ့ Cancer

Leo နဲ့ Libra

Scorpio နဲ့ Pisces

MYit

 

Be the first to comment

Leave a Reply

Your email address will not be published.


*