အဖမ်းခံရတာကြောင့် ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းလိုက်ရတဲ့အတွက် ပရိသတ်တွေကို Nicki Minaj တောင်းပန်

ရက်ပ်အဆိုတော် Nicki Minaj က မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတယ်ဆိုပြီးနယ်သာလန်အာဏာပိုင်တွေက စွပ်စွဲကာ ဖမ်းဆီးခံထားရပါတယ်။ သူမက ဗြိတိန်မှာရှိတဲ့ ရှိုးပွဲကိုရွေ့ဆိုင်းလိုက်ရတဲ့အတွက် ၂၆ရက်နေ့က မန်ချက်စတာမြို့ရှိ ဟိုတယ်အပြင်ဘက်မှာပရိ သတ်တွေကို တောင်းပန်ခဲ့ပါတယ်။“ငါ မင်းကို ချစ်တယ်၊ ဒီညမှာ ဖြစ်သွားတာအတွက် ငါ တောင်းပန်ပါတယ်” လို့ Minaj ကဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ ပြောခဲ့ပါတယ်။Minaj က အစောပိုင်းက X မှာပို့စ်တခုတင်ပြီး မန်ချက်စတာက ဟိုတယ်အမည်ကိုထုတ်ဖော်ခဲ့ပြီးသူမရဲ့ပရိသတ်များကို ဖိတ်ကြားခဲ့ပါတယ်။

ကျမ လသာဆောင်ကို သွားနေတယ်ဆိုတော့ တကယ်လို့ မင်းတို့အပြင်မှာရှိနေရင်မင်းတို့နဲ့တွေ့မယ်။ အောက်ထပ်ကိုလည်း ဆင်းချင်ဆင်းဖြစ်မယ်။ ငါအပြင်မှာတနာရီလောက်နေမယ်။ မင်းတို့ကို တကယ် တွေ့ချင်တယ်”အင်တာနက်မှာပျံ့နှံနေတဲ့ ဗီဒီယိုတခုမှာ အမ်စတာဒမ် Schiphol လေဆိပ်မှာ Minaj ကရဲများနဲ့စကားပြောဆိုနေတာကို တွေ့ရပါတယ်။ ရဲများက သူမကိုမူးယစ်ဆေးသယ်ဆောင်တာကြောင့် ဖမ်းဆီးကြောင်း ပြောဆိုနေတာကိုတွေ့ရပါတယ်။သူမကတော့ ကျမမူးယစ်ဆေးမသယ်ပါဘူးလို့ ပြန်ပြောနေတာကိုတွေ့ရပါတယ်။သူမက စနေ့နေ့ညပိုင်းက ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကနေ လွတ်မြောက်လာပေမဲ့ မန်ချက်စတာမှာကျင်းပမယ့် ဖျော်ဖြေပွဲကိုတော့ ဆက်မလုပ်နိုင်သေးပါဘူး။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*