ကိုယ့်အတွက် Recommendation Letter ရေးပေးဖို့ဘယ်လိုတောင်းဆိုရမလဲ

ကိုယ့်အတွက်အလုပ်နဲ့ပတ်သက်တဲ့ထောက်ခံစာလို့ခေါ်ရမယ့် Recommendation Letter တစ်စောင်ဟာအလုပ်လျှောက်သူတွေအများကြီးကြားမှာ ကိုယ့်ကိုပိုပြီးအသာစီးရစေပါတယ်။ထောက်ခံစာတစ်စောင်ဟာ ကိုယ့်ရဲ့အရည်အချင်းကိုအရှိအတိုင်းဖော်ပြထားရမှာဖြစ်သလိုပိုပိုသာသာတွေရေးထားတာမဟုတ်တဲ့ ၊အများကလက်ခံနိုင်တဲ့ သဘာဝကျတဲ့အနေအထားရှိရမှာဖြစ်ပါတယ်။ ဒီတော့ ကိုယ့်အ တွက်ထောက်ခံစာတစ်စောင်ရဖို့ဘယ်သူတွေဆီကတောင်းခံရမလဲ၊ ဘယ်လိုတောင်းခံရမလဲ ဆိုတာလေးတွေကိုမျှဝေပေးချင်ပါတယ်။
အလုပ်အတွက် Recommendation Letter တောင်းတယ်ဆိုရင် ကိုယ်ရဲ့အလုပ်ဟောင်းဆီကနေတောင်းခံရတာဖြစ်ပြီး အလုပ်မှာရှိတဲ့တခြားလုပ်ဖော်ကိုင်ဖက်တွေဆီကလည်းထောက်ခံချက်လက်မှတ်တွေ ရယူနိုင်ပါတယ်။ Recommendation Letter ကောင်းကောင်းရဖို့အတွက် ဒီအဆင့်တွေအတိုင်းလုပ်ဆောင်ကြည့်ပါ။

– Recommendation Letter တောင်းမယ်ဆိုရင်ကိုယ့်အကြောင်းကောင်းကောင်းသိတဲ့သူကိုရွေးဖို့လိုပါတယ်။ ထောက်ခံစာထဲမှာက ကိုယ့်ရဲ့ Skills နဲ့ Experience တွေကိုဖော်ပြရမှာမို့ ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့အရည်အချင်းကိုသေသေချာချာသိထားသူဖြစ်ဖို့လိုပါတယ်။ ကိုယ့်ကိုရာထူးတိုး၊ လစာတိုးစေဖို့ထောက်ခံပေးခဲ့ဖူးသူမျိုးဆို ပိုအဆင်ပြေပါတယ်။ ကိုယ့်ရဲ့မန်နေဂျာနဲ့ Supervisor တွေထဲကဖြစ်သင့်ပါတယ်။

– ကိုယ့်ကိုထောက်ခံပေးမယ့် Reference List လည်းလိုပါတယ်။ Reference List ဆိုတာကအနည်းဆုံးလူ ၂ ယောက်ကနေ အများဆုံး ၄ ယောက်အထိကို သူတို့ရဲ့လက်မှတ်၊ ဆက်သွယ်ရမယ့် ဖုန်း၊လိပ်စာတွေနဲ့အတူ Recommendation Letter နဲ့တွဲရက်ထည့်ပေးရတာပဲဖြစ်ပါတယ်။ ကိုယ့်အတွက် Recommendation Letter ရေးပေးမယ့်သူဟာ Reference List ထဲကသူဖြစ်မနေရပါဘူး။
Recommendation Letter ရေးမယ့်သူကို သတ်သတ်ဖယ်ထုတ်ထားဖို့လိုပါတယ်။ Reference ထဲမှာတော့အလုပ်ရှင်ဟောင်း၊ လုပ်ဖော် ကိုင်ဖက်၊ ကိုယ့်လက်အောက်ကလူနဲ့ ကိုယ့်ရဲ့ Client စတဲ့သူတွေကိုထည့်လို့ရပါတယ်။ ကိုယ်လုပ်အားပေးလုပ်ဖူးတဲ့နေရာ၊အချိန်ပိုင်းအ လုပ်သွားလုပ်ဖူးတဲ့နေရာကလူတွေကိုလည်း Reference List ထဲထည့်နိုင်ပါတယ်။

– Recommendation Letter တောင်းတဲ့အချိန်မှာ အနားကပ်မှအသဲအသန်သွားတောင်းတာမျိုးမလုပ်သင့်ပါဘူး။ အနည်းဆုံးတစ်လလောက်ကြိုပြောပြီး တောင်းခံသင့်ပါတယ်။ကိုယ်ကသူ့ကိုအချိန်ပေးထားတဲ့အခါ သူကလည်းကိုယ့်အတွက်အချိန်ယူပြီးသေချာလေးတွေးပြီးရေးပေးနိုင်မှာဖြစ်ပါတယ်။

– ကိုယ့်အတွက်ထောက်ခံစာရေးပေးမယ့်သူကိုရွေးချယ်ပြီးပြီဆိုရင်သူနဲ့တွေ့တဲ့အခါသူ့ရဲ့ကောင်းကွက်တွေကိုများများလေးချီးကျူးပြောဆိုပေးပါ။မလွန်ကျူးတဲ့မြှောက်ပင့်ပြောဆိုမှုကိုလူတိုင်းကသဘောကျကြပါတယ်။ ဒါကြောင့် သူ့ကိုဘာ့ကြောင့်ထောက်ခံစာရေးခိုင်းစေချင်တာပါဆိုတဲ့အချက်ကိုမြှောက်ပင့်ပြောဆိုတာလေးနည်းနည်းထည့်ပြီး ပြောပြနိုင်ပါတယ်။

– ထောက်ခံစာရေးခိုင်းတဲ့အခါ သူတို့စိတ်ကြိုက်ရေးခိုင်းလိုက်တာထက်ကိုယ်ပါဝင်စေချင်တဲ့အချက်လေးတွေကို ပြောပြဖို့လည်းလိုပါတယ်။ Recommendation Letter တစ်ခုဟာ သူ့ပုံစံနဲ့သူရှိတဲ့အတွက် ကိုယ့်ကိုရေးပေးမယ့်သူဟာ ဒီ Frame တွေကိုသေချာသိပြီးဖြစ်ဖို့လိုပါတယ်။ တကယ်လို့သူရေးနေကျမဟုတ်ခဲ့ရင်တော့ ကိုယ်ကနမူနာပုံစံကိုသေသေချာချာပြပေးရမှာဖြစ်ပါတယ်။

– တကယ်လို့ Recommendation Letter ရေးပေးမယ့်သူကို မေးလ်ကနေဆက်သွယ်ရတယ်ဆိုရင်လေးစားမှုရှိစွာ၊ စာကိုရိုးရှင်းစွာရေးပြီးတောင်းဆိုဖို့လိုပါတယ်။ သူနဲ့ကိုယ်နဲ့ရင်းနှီးမှုပေါ်မူတည်ပြီး အသံ Tone ကိုပြောင်းနိုင်ပါတယ်။ တကယ်လို့သူနဲ့ကိုယ်ကအရမ်းကြီးရင်းနှီးမှုမရှိဘူးဆိုရင် ကိုယ့်ရဲ့ CV နဲ့ ကိုယ့်ရဲ့ Documents တွေကိုစုံလင်အောင်တွဲပြီးမေးလ်ပို့ပေးသင့်ပါတယ်နော်။ ကိုယ့်ကိုဘာကြောင့်
ထောက်ခံပေးသင့်တယ်ဆိုတာကို သူကောင်းကောင်းသိစေဖို့လုပ်ဆောင်ရမှာဖြစ်ပါတယ်။

– ကိုယ့်အနေနဲ့ Recommendation Letter ရေးပေးသူနဲ့ထောက်ခံပေးသူတွေအားလုံးကိုလက်ဆောင်လေးတစ်ခုခုနဲ့ကျေးဇူးတုံ့ပြန်တာမျိုးလုပ်ပေးပါ။သူတို့အနေနဲ့ကိုယ့်ကိုအကောင်းဆုံးကူညီပေးခဲ့သူတွေမို့ ကျေးဇူးတုံ့ပြန်မှုတစ်ခုခုလုပ်ဖို့ကမဖြစ်မနေလိုအပ်ပါတယ်။တချို့သောအလုပ်လျှောက်ထားမှုတွေအတွက် Recommendation Letter ကမဖြစ်မနေလိုအပ်သလို Recommendation Letter ရဲ့အကျိုးသက်ရောက်မှုကလည်းကြီးမားတာမို့ စနစ်တကျလုပ်ဆောင်ပြီးအဆင်ပြေကြပါစေနော်။

Ju Ju

zawgyi

ကိုယ့္အတြက္အလုပ္နဲ႔ပတ္သက္တဲ့ေထာက္ခံစာလို႔ေခၚရမယ့္ Recommendation Letter တစ္ေစာင္ဟာအလုပ္ေလွ်ာက္သူေတြအမ်ားႀကီးၾကားမွာ ကိုယ့္ကိုပိုၿပီးအသာစီးရေစပါတယ္။ေထာက္ခံစာတစ္ေစာင္ဟာ ကိုယ့္ရဲ႕အရည္အခ်င္းကိုအရွိအတိုင္းေဖာ္ျပထားရမွာျဖစ္သလိုပိုပိုသာသာေတြေရးထားတာမဟုတ္တဲ့ ၊အမ်ားကလက္ခံႏိုင္တဲ့ သဘာဝက်တဲ့အေနအထားရွိရမွာျဖစ္ပါတယ္။ ဒီေတာ့ ကိုယ့္အ တြက္ေထာက္ခံစာတစ္ေစာင္ရဖို႔ဘယ္သူေတြဆီကေတာင္းခံရမလဲ၊ ဘယ္လိုေတာင္းခံရမလဲ ဆိုတာေလးေတြကိုမွ်ေဝေပးခ်င္ပါတယ္။
အလုပ္အတြက္ Recommendation Letter ေတာင္းတယ္ဆိုရင္ ကိုယ္ရဲ႕အလုပ္ေဟာင္းဆီကေနေတာင္းခံရတာျဖစ္ၿပီး အလုပ္မွာရွိတဲ့တျခားလုပ္ေဖာ္ကိုင္ဖက္ေတြဆီကလည္းေထာက္ခံခ်က္လက္မွတ္ေတြ ရယူႏိုင္ပါတယ္။ Recommendation Letter ေကာင္းေကာင္းရဖို႔အတြက္ ဒီအဆင့္ေတြအတိုင္းလုပ္ေဆာင္ၾကည့္ပါ။

– Recommendation Letter ေတာင္းမယ္ဆိုရင္ကိုယ့္အေၾကာင္းေကာင္းေကာင္းသိတဲ့သူကိုေ႐ြးဖို႔လိုပါတယ္။ ေထာက္ခံစာထဲမွာက ကိုယ့္ရဲ႕ Skills နဲ႔ Experience ေတြကိုေဖာ္ျပရမွာမို႔ ကိုယ့္ရဲ႕ကြၽမ္းက်င္မႈနဲ႔အရည္အခ်င္းကိုေသေသခ်ာခ်ာသိထားသူျဖစ္ဖို႔လိုပါတယ္။ ကိုယ့္ကိုရာထူးတိုး၊ လစာတိုးေစဖို႔ေထာက္ခံေပးခဲ့ဖူးသူမ်ိဳးဆို ပိုအဆင္ေျပပါတယ္။ ကိုယ့္ရဲ႕မန္ေနဂ်ာနဲ႔ Supervisor ေတြထဲကျဖစ္သင့္ပါတယ္။

– ကိုယ့္ကိုေထာက္ခံေပးမယ့္ Reference List လည္းလိုပါတယ္။ Reference List ဆိုတာကအနည္းဆုံးလူ ၂ ေယာက္ကေန အမ်ားဆုံး ၄ ေယာက္အထိကို သူတို႔ရဲ႕လက္မွတ္၊ ဆက္သြယ္ရမယ့္ ဖုန္း၊လိပ္စာေတြနဲ႔အတူ Recommendation Letter နဲ႔တြဲရက္ထည့္ေပးရတာပဲျဖစ္ပါတယ္။ ကိုယ့္အတြက္ Recommendation Letter ေရးေပးမယ့္သူဟာ Reference List ထဲကသူျဖစ္မေနရပါဘူး။
Recommendation Letter ေရးမယ့္သူကို သတ္သတ္ဖယ္ထုတ္ထားဖို႔လိုပါတယ္။ Reference ထဲမွာေတာ့အလုပ္ရွင္ေဟာင္း၊ လုပ္ေဖာ္ ကိုင္ဖက္၊ ကိုယ့္လက္ေအာက္ကလူနဲ႔ ကိုယ့္ရဲ႕ Client စတဲ့သူေတြကိုထည့္လို႔ရပါတယ္။ ကိုယ္လုပ္အားေပးလုပ္ဖူးတဲ့ေနရာ၊အခ်ိန္ပိုင္းအ လုပ္သြားလုပ္ဖူးတဲ့ေနရာကလူေတြကိုလည္း Reference List ထဲထည့္ႏိုင္ပါတယ္။

– Recommendation Letter ေတာင္းတဲ့အခ်ိန္မွာ အနားကပ္မွအသဲအသန္သြားေတာင္းတာမ်ိဳးမလုပ္သင့္ပါဘူး။ အနည္းဆုံးတစ္လေလာက္ႀကိဳေျပာၿပီး ေတာင္းခံသင့္ပါတယ္။ကိုယ္ကသူ႔ကိုအခ်ိန္ေပးထားတဲ့အခါ သူကလည္းကိုယ့္အတြက္အခ်ိန္ယူၿပီးေသခ်ာေလးေတြးၿပီးေရးေပးႏိုင္မွာျဖစ္ပါတယ္။

– ကိုယ့္အတြက္ေထာက္ခံစာေရးေပးမယ့္သူကိုေ႐ြးခ်ယ္ၿပီးၿပီဆိုရင္သူနဲ႔ေတြ႕တဲ့အခါသူ႔ရဲ႕ေကာင္းကြက္ေတြကိုမ်ားမ်ားေလးခ်ီးက်ဴးေျပာဆိုေပးပါ။မလြန္က်ဴးတဲ့ေျမႇာက္ပင့္ေျပာဆိုမႈကိုလူတိုင္းကသေဘာက်ၾကပါတယ္။ ဒါေၾကာင့္ သူ႔ကိုဘာ့ေၾကာင့္ေထာက္ခံစာေရးခိုင္းေစခ်င္တာပါဆိုတဲ့အခ်က္ကိုေျမႇာက္ပင့္ေျပာဆိုတာေလးနည္းနည္းထည့္ၿပီး ေျပာျပႏိုင္ပါတယ္။

– ေထာက္ခံစာေရးခိုင္းတဲ့အခါ သူတို႔စိတ္ႀကိဳက္ေရးခိုင္းလိုက္တာထက္ကိုယ္ပါဝင္ေစခ်င္တဲ့အခ်က္ေလးေတြကို ေျပာျပဖို႔လည္းလိုပါတယ္။ Recommendation Letter တစ္ခုဟာ သူ႔ပုံစံနဲ႔သူရွိတဲ့အတြက္ ကိုယ့္ကိုေရးေပးမယ့္သူဟာ ဒီ Frame ေတြကိုေသခ်ာသိၿပီးျဖစ္ဖို႔လိုပါတယ္။ တကယ္လို႔သူေရးေနက်မဟုတ္ခဲ့ရင္ေတာ့ ကိုယ္ကနမူနာပုံစံကိုေသေသခ်ာခ်ာျပေပးရမွာျဖစ္ပါတယ္။

– တကယ္လို႔ Recommendation Letter ေရးေပးမယ့္သူကို ေမးလ္ကေနဆက္သြယ္ရတယ္ဆိုရင္ေလးစားမႈရွိစြာ၊ စာကို႐ိုးရွင္းစြာေရးၿပီးေတာင္းဆိုဖို႔လိုပါတယ္။ သူနဲ႔ကိုယ္နဲ႔ရင္းႏွီးမႈေပၚမူတည္ၿပီး အသံ Tone ကိုေျပာင္းႏိုင္ပါတယ္။ တကယ္လို႔သူနဲ႔ကိုယ္ကအရမ္းႀကီးရင္းႏွီးမႈမရွိဘူးဆိုရင္ ကိုယ့္ရဲ႕ CV နဲ႔ ကိုယ့္ရဲ႕ Documents ေတြကိုစုံလင္ေအာင္တြဲၿပီးေမးလ္ပို႔ေပးသင့္ပါတယ္ေနာ္။ ကိုယ့္ကိုဘာေၾကာင့္
ေထာက္ခံေပးသင့္တယ္ဆိုတာကို သူေကာင္းေကာင္းသိေစဖို႔လုပ္ေဆာင္ရမွာျဖစ္ပါတယ္။

– ကိုယ့္အေနနဲ႔ Recommendation Letter ေရးေပးသူနဲ႔ေထာက္ခံေပးသူေတြအားလုံးကိုလက္ေဆာင္ေလးတစ္ခုခုနဲ႔ေက်းဇူးတုံ႔ျပန္တာမ်ိဳးလုပ္ေပးပါ။သူတို႔အေနနဲ႔ကိုယ့္ကိုအေကာင္းဆုံးကူညီေပးခဲ့သူေတြမို႔ ေက်းဇူးတုံ႔ျပန္မႈတစ္ခုခုလုပ္ဖို႔ကမျဖစ္မေနလိုအပ္ပါတယ္။တခ်ိဳ႕ေသာအလုပ္ေလွ်ာက္ထားမႈေတြအတြက္ Recommendation Letter ကမျဖစ္မေနလိုအပ္သလို Recommendation Letter ရဲ႕အက်ိဳးသက္ေရာက္မႈကလည္းႀကီးမားတာမို႔ စနစ္တက်လုပ္ေဆာင္ၿပီးအဆင္ေျပၾကပါေစေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*