အလုပ်ကိစ္စနဲ့ခရီးသွားမယ်ဆိုရင်

Businesswoman Dragging suitcase luggage bag, walking to passenger boarding in Airport. Woman travel to work. Asian tourist female wearing suits and using smartphone. Businesswoman Travel concept

ကိုယ့်ရုံးကလွှတ်လို့အလုပ်ကိစ္စနဲ့ ပြည်ပနိုင်ငံတစ်ခုခုကိုခရီးသွားရတဲ့အခါ သတိပြုရမယ့်အရာလေးတွေရှိပါတယ်။အလုပ်ကိစ္စနဲ့ခရီးသွားတာက အပျော်ခရီးနဲ့မတူဘဲ ဆောင်သင့်တာတွေ၊ရှောင်သင့်တာတွေအများကြီးရှိနေတာမို့ ဒီအချက်လေးတွေကိုအခြေခံအနေနဲ့မှတ်သားထားနိုင်ပါတယ်။

– ဘယ်ခရီးကိုပဲသွားသွား အဓိကအရေးကြီးတာက ကျန်းမာရေးကောင်းနေဖို့ပါ။ ကျန်းမာနေမှ အရာရာကိုအဆင်ပြေအောင်လုပ်နိုင်တာမို့ ခရီးမသွားခင်ကျန်းမာရေးကိုအထူးသတိထားပေးဖို့လိုပါတယ်။

– အလုပ်ခရီးသွားရပြီဆိုရင် ကိုယ့်ရဲ့ Last Minute အကျင့်ကိုဖယ်ပြီး လေဆိပ်ကိုအချိန်မီရောက်ဖို့၊ ချိန်းထားတဲ့နေရာကိုအချိန်မီရောက်ဖို့ အရာရာမှာဝီရိယလေးထားသင့်ပါတယ်။

– အလုပ်နဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေကို အမြဲတမ်း Copy နှစ်ခုလုပ်ထားနိုင်ပါတယ်။Presentation file တွေကိုလည်း သေချာတဲ့နေရာမှာ Save တာ၊ Copy ကူးပြီး Memory stick ထဲမှာသိမ်းတာမျိုးတွေကိုလုပ်သင့်ပါတယ်နော်။

– နောက်ထပ်သတိပြုရမယ့်အချက်က Social Media မှာ ပုံတွေသတိထားတင်ဖို့ဖြစ်ပါတယ်။ အလုပ်ခရီးဟာ အပျော်ခရီးမဟုတ်တဲ့အတွက် ကိုယ့်ပုံတွေကြည့်ပြီး အလုပ်မလုပ်ဖူးလား၊ လျှောက်ပဲသွားနေသလား၊အခွင့်အရေးယူနေလား ဆိုပြီးထင်ခံရနိုင်ပါတယ်။ ဒါကြောင့် Social Media ပေါ်မတင်တာအကောင်းဆုံးပါ။

– အလုပ်ကိစ္စအတွက်ခရီးထွက်တယ်ဆိုတာ ကိုယ်ဟာ ကိုယ့် Brand ရဲ့ကိုယ်စားပြုအနေနဲ့လာခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့် ဝတ်စားပြင်ဆင်ပုံနဲ့ စကားပြောဆိုတဲ့နေရာမှာ Smart ကျနေဖို့လိုပါတယ်။ တစ်ဝိုင်းထဲအစားအသောက်စားရတဲ့အချိန်မှာလည်း Table Manner တွေကိုသတိပြုဖို့လိုပါတယ်။

– အားလပ်ရက်ခရီးမှာ ကိုယ်သုံးသမျှကိုဘာစာရင်းမှ မမှတ်လည်းရပေမယ့်ကုမ္ပဏီကလွှတ်တဲ့ခရီးကတော့မတူပါဘူး။ကုန်ကျစရိတ်တွေကိုစနစ်တကျမှတ်ဖို့လိုပါတယ်။ ရသမျှပြေစာတွေကို သိမ်းထားဖို့လည်းလိုပါတယ်။

– အလုပ်ခရီးကို ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ တခြားသောဝန်ထမ်းနဲ့ပါတွဲဖက်သွားရတယ်ဆိုရင် ကိုယ်က ကိုယ့်ရဲ့ Personal Call တွေကိုအကြာကြီးပြောနေတာ၊ ဒါမှမဟုတ် သူ့ကိုအလုပ်အကြောင်းတွေချည်းပြောနေတာမျိုး မလုပ်သင့်ပါဘူးနော်။သူ့ကိုလေးစားမှုပေးပါ၊ Space လည်းပေးပါ။

– အကောင်းဆုံးက မအိပ်ခင်တစ်နေ့စာမှတ်တမ်းရေးခြင်းဖြစ်ပါတယ်။ဘယ်သွားခဲ့တယ်၊ ဘာတွေပြောခဲ့တယ်၊ ဘာတွေကုန်ကျခဲ့တယ်၊ ဘာမက်ဆေ့ခ်ျတွေပေးရမယ် စသဖြင့်တစ်နေ့တာကြုံခဲ့သမျှကိုမှတ်ထားတာကောင်းပါတယ်။နောက်ရက်တွေ့မှာ မေ့သွားတတ်လို့ပါ။
ဒီလိုမှတ်တမ်းထားတာက ပြဿနာတစ်ခုခုဖြစ်လာခဲ့ရင်၊ ဒါမှမဟုတ် ကိုယ့်ရုံးပြန်ရောက်ချိန် Sharing လုပ်ဖို့လိုလာခဲ့ရင် အသုံးဝင်မှာဖြစ်ပါတယ်။အလုပ်ခရီးတစ်ခုကိုအဆင်ပြေပြေသွားနိုင်၊လုပ်ကိုင်နိုင်ဖို့က ကြိုတင်ပြင်ဆင်မှုလည်းအရေးကြီးတာမို့ ဝီရိယလေးထားပြီးပြင် ဆင်ဖို့ အကြံပြုလိုက်ပါတယ်။

Ju Ju

zawgyi

ကိုယ့္႐ုံးကလႊတ္လို႔အလုပ္ကိစၥနဲ႔ ျပည္ပႏိုင္ငံတစ္ခုခုကိုခရီးသြားရတဲ့အခါ သတိျပဳရမယ့္အရာေလးေတြရွိပါတယ္။အလုပ္ကိစၥနဲ႔ခရီးသြားတာက အေပ်ာ္ခရီးနဲ႔မတူဘဲ ေဆာင္သင့္တာေတြ၊ေရွာင္သင့္တာေတြအမ်ားႀကီးရွိေနတာမို႔ ဒီအခ်က္ေလးေတြကိုအေျခခံအေနနဲ႔မွတ္သားထားႏိုင္ပါတယ္။

– ဘယ္ခရီးကိုပဲသြားသြား အဓိကအေရးႀကီးတာက က်န္းမာေရးေကာင္းေနဖို႔ပါ။ က်န္းမာေနမွ အရာရာကိုအဆင္ေျပေအာင္လုပ္ႏိုင္တာမို႔ ခရီးမသြားခင္က်န္းမာေရးကိုအထူးသတိထားေပးဖို႔လိုပါတယ္။

– အလုပ္ခရီးသြားရၿပီဆိုရင္ ကိုယ့္ရဲ႕ Last Minute အက်င့္ကိုဖယ္ၿပီး ေလဆိပ္ကိုအခ်ိန္မီေရာက္ဖို႔၊ ခ်ိန္းထားတဲ့ေနရာကိုအခ်ိန္မီေရာက္ဖို႔ အရာရာမွာဝီရိယေလးထားသင့္ပါတယ္။

– အလုပ္နဲ႔ပတ္သက္တဲ့စာ႐ြက္စာတမ္းေတြကို အၿမဲတမ္း Copy ႏွစ္ခုလုပ္ထားႏိုင္ပါတယ္။Presentation file ေတြကိုလည္း ေသခ်ာတဲ့ေနရာမွာ Save တာ၊ Copy ကူးၿပီး Memory stick ထဲမွာသိမ္းတာမ်ိဳးေတြကိုလုပ္သင့္ပါတယ္ေနာ္။

– ေနာက္ထပ္သတိျပဳရမယ့္အခ်က္က Social Media မွာ ပုံေတြသတိထားတင္ဖို႔ျဖစ္ပါတယ္။ အလုပ္ခရီးဟာ အေပ်ာ္ခရီးမဟုတ္တဲ့အတြက္ ကိုယ့္ပုံေတြၾကည့္ၿပီး အလုပ္မလုပ္ဖူးလား၊ ေလွ်ာက္ပဲသြားေနသလား၊အခြင့္အေရးယူေနလား ဆိုၿပီးထင္ခံရႏိုင္ပါတယ္။ ဒါေၾကာင့္ Social Media ေပၚမတင္တာအေကာင္းဆုံးပါ။

– အလုပ္ကိစၥအတြက္ခရီးထြက္တယ္ဆိုတာ ကိုယ္ဟာ ကိုယ့္ Brand ရဲ႕ကိုယ္စားျပဳအေနနဲ႔လာခဲ့ရတာျဖစ္ပါတယ္။ဒါေၾကာင့္ ဝတ္စားျပင္ဆင္ပုံနဲ႔ စကားေျပာဆိုတဲ့ေနရာမွာ Smart က်ေနဖို႔လိုပါတယ္။ တစ္ဝိုင္းထဲအစားအေသာက္စားရတဲ့အခ်ိန္မွာလည္း Table Manner ေတြကိုသတိျပဳဖို႔လိုပါတယ္။

– အားလပ္ရက္ခရီးမွာ ကိုယ္သုံးသမွ်ကိုဘာစာရင္းမွ မမွတ္လည္းရေပမယ့္ကုမၸဏီကလႊတ္တဲ့ခရီးကေတာ့မတူပါဘူး။ကုန္က်စရိတ္ေတြကိုစနစ္တက်မွတ္ဖို႔လိုပါတယ္။ ရသမွ်ေျပစာေတြကို သိမ္းထားဖို႔လည္းလိုပါတယ္။

– အလုပ္ခရီးကို ကိုယ္တစ္ေယာက္တည္းမဟုတ္ဘဲ တျခားေသာဝန္ထမ္းနဲ႔ပါတြဲဖက္သြားရတယ္ဆိုရင္ ကိုယ္က ကိုယ့္ရဲ႕ Personal Call ေတြကိုအၾကာႀကီးေျပာေနတာ၊ ဒါမွမဟုတ္ သူ႔ကိုအလုပ္အေၾကာင္းေတြခ်ည္းေျပာေနတာမ်ိဳး မလုပ္သင့္ပါဘူးေနာ္။သူ႔ကိုေလးစားမႈေပးပါ၊ Space လည္းေပးပါ။

– အေကာင္းဆုံးက မအိပ္ခင္တစ္ေန႔စာမွတ္တမ္းေရးျခင္းျဖစ္ပါတယ္။ဘယ္သြားခဲ့တယ္၊ ဘာေတြေျပာခဲ့တယ္၊ ဘာေတြကုန္က်ခဲ့တယ္၊ ဘာမက္ေဆ့ခ္်ေတြေပးရမယ္ စသျဖင့္တစ္ေန႔တာႀကဳံခဲ့သမွ်ကိုမွတ္ထားတာေကာင္းပါတယ္။ေနာက္ရက္ေတြ႕မွာ ေမ့သြားတတ္လို႔ပါ။
ဒီလိုမွတ္တမ္းထားတာက ျပႆနာတစ္ခုခုျဖစ္လာခဲ့ရင္၊ ဒါမွမဟုတ္ ကိုယ့္႐ုံးျပန္ေရာက္ခ်ိန္ Sharing လုပ္ဖို႔လိုလာခဲ့ရင္ အသုံးဝင္မွာျဖစ္ပါတယ္။အလုပ္ခရီးတစ္ခုကိုအဆင္ေျပေျပသြားႏိုင္၊လုပ္ကိုင္ႏိုင္ဖို႔က ႀကိဳတင္ျပင္ဆင္မႈလည္းအေရးႀကီးတာမို႔ ဝီရိယေလးထားၿပီးျပင္ ဆင္ဖို႔ အႀကံျပဳလိုက္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*