New Jeans ရဲ့ ပထမဆုံးသော Remix Album ထွက်ရှိ

New Jeans ကိုနာမည်ကြီးစေခဲ့တဲ့ Ditto သီချင်း တစ်နှစ်ပြည့်ကာလမှာ သူမတို့အဖွဲ့က NJWMX (New Jeans Winter Mix) ကိုဖြန့် ချိလိုက်ပြီဖြစ်ပါတယ်။ NewJeans အဖွဲ့ဝင်တွေက သူတို့ရဲ့ဒီသီချင်းတွေနဲ့အားလပ်ရက်မှာနွေးနွေးထွေးထွေးအချိန်ကုန်ဆုံးနိုင်စေဖို့ မျှော် လင့်တဲ့အကြောင်းသူတို့ရဲ့အေဂျင်စီဖြစ်တဲ့ ADOR ကဖော်ပြထားပါတယ်။ အထူးသဖြင့် NewJeans ရဲ့ Fan တွေဖြစ်တဲ့ Bunnies (official fandom name) တွေအတွက်ရည်ရွယ်ပါတယ်။

“အခု Remix တွေကိုနားထောင်ရတဲ့အခါ မနှစ်ကနဲ့ဒီနှစ်မှာ ကျွန်မတို့အတူတူပျော်ရွှင်စရာအခိုက်အတန့်များစွာ အတူတူဖြတ်သန်းခဲ့တာကို ပြန်သတိရသွားစေမှာပါ။အခုသီချင်းတွေက မနှစ်ကနဲ့ဒီနှစ်အတွင်းပရိသတ်တွေရဲ့နှစ်သက်အားပေးမှုအများကြီးရခဲ့တဲ့သီချင်းတွေပါ” လို့သူမတို့အဖွဲ့ကအမှတ်တရစကားပြောခဲ့တာဖြစ်ပါတယ်။ဒီအယ်လ်ဘမ်ထဲမှာ သီချင်း ၁၂ ပုဒ်ပါဝင်ပြီး Ditto နဲ့ OMG တို့ရဲ့ Remix အပြင် Attention ၊ Hype Boy ၊ Cookie နဲ့ Hurt တို့ရဲ့ Remix တွေလည်းပါဝင်မှာဖြစ်ပါတယ်။

Ju Ju

zawgyi

New Jeans ကိုနာမည္ႀကီးေစခဲ့တဲ့ Ditto သီခ်င္း တစ္ႏွစ္ျပည့္ကာလမွာ သူမတို႔အဖြဲ႕က NJWMX (New Jeans Winter Mix) ကိုျဖန႔္ ခ်ိလိုက္ၿပီျဖစ္ပါတယ္။ NewJeans အဖြဲ႕ဝင္ေတြက သူတို႔ရဲ႕ဒီသီခ်င္းေတြနဲ႔အားလပ္ရက္မွာေႏြးေႏြးေထြးေထြးအခ်ိန္ကုန္ဆုံးႏိုင္ေစဖို႔ ေမွ်ာ္ လင့္တဲ့အေၾကာင္းသူတို႔ရဲ႕ေအဂ်င္စီျဖစ္တဲ့ ADOR ကေဖာ္ျပထားပါတယ္။ အထူးသျဖင့္ NewJeans ရဲ႕ Fan ေတြျဖစ္တဲ့ Bunnies (official fandom name) ေတြအတြက္ရည္႐ြယ္ပါတယ္။

“အခု Remix ေတြကိုနားေထာင္ရတဲ့အခါ မႏွစ္ကနဲ႔ဒီႏွစ္မွာ ကြၽန္မတို႔အတူတူေပ်ာ္႐ႊင္စရာအခိုက္အတန႔္မ်ားစြာ အတူတူျဖတ္သန္းခဲ့တာကို ျပန္သတိရသြားေစမွာပါ။အခုသီခ်င္းေတြက မႏွစ္ကနဲ႔ဒီႏွစ္အတြင္းပရိသတ္ေတြရဲ႕ႏွစ္သက္အားေပးမႈအမ်ားႀကီးရခဲ့တဲ့သီခ်င္းေတြပါ” လို႔သူမတို႔အဖြဲ႕ကအမွတ္တရစကားေျပာခဲ့တာျဖစ္ပါတယ္။ဒီအယ္လ္ဘမ္ထဲမွာ သီခ်င္း ၁၂ ပုဒ္ပါဝင္ၿပီး Ditto နဲ႔ OMG တို႔ရဲ႕ Remix အျပင္ Attention ၊ Hype Boy ၊ Cookie နဲ႔ Hurt တို႔ရဲ႕ Remix ေတြလည္းပါဝင္မွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*