လိုက်လျောညီထွေရှိသူတွေမှာတွေ့ရတဲ့ စွမ်းရည် (၆)ခု

ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့၊ လိုက်လျောညီထွေရှိဖို့ အရည်အချင်းတွေလိုအပ်ပါတယ်။ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် လိုက်လျောညီထွေဖြစ်အောင်သင်ယူတာက သင့်ကိုတိုးတက်အောင်မြင်အောင် ကူညီပေးနိုင်ပါတယ်။လိုက်လျောညီထွေရှိသူတွေမှာ ဘယ်လိုစွမ်းရည်မျိုးတွေရှိနေသလဲဆိုတာကိုဖော်ပြပေးသွားချင်ပါတယ်။

ကိုယ်ရည်ကိုယ်သွေး လိုက်လျောညီထွေရှိတာ

ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးက အခြေအနေအသစ်တွေပေါ်မှာလိုက်ပြီး ချိန်ညှိနိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ မတူညီမှုတွေအတွက်ကိုယ့်ရဲ့လေးစားမှုကိုပြတာကလည်း ကိုယ့်ရဲ့လိုက်လျောညီထွေဖြစ်အောင်နေနိုင်တဲ့စွမ်းရည်တခုပါပဲ။

သိမြင်မှု လိုက်လျောညီထွေရှိမှုရှိတာ

သိမြင်မှု လိုက်လျောညီထွေရှိမှုဆိုတာကတော့ သင့်ရဲ့စိတ်ကိုသတင်းအချက်အလက်အသစ်များနဲ့ လိုက်လျောညီထွေရှိအောင်လုပ်ဆောင်နိုင်တဲ့စွမ်းရည်တမျိုးပါပဲ။ အချက်အလက်အသစ်တွေပေါင်းစပ်ထည့်သွင်းတာကလွယ်ကူတယ်လို့ ထင်ရပေမဲ့ ကိုယ့်ရဲ့တွေးခေါ်မှုနဲ့ပြန် လည်ချိန်ညှိဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ဒီလိုမျိုးသိမြင်မှုတွေကို လိုက်လျောညီထွေရှိအောင် ကြိုးစားတာကလည်းစွမ်းရည်တရပ်ပဲဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ လိုက်လျောညီထွေရှိမှု

စိတ်ခံစားမှုဆိုင်ရာ လိုက်လျောညီထွေရှိမှုစွမ်းရည်ကလည်း ခက်ခဲတဲ့အခြေအနေများမှာကိုယ့်အတွက် အထောက်အကူဖြစ်စေပါတယ်။ စိန်ခေါ်မှုတခုကိုရင်ဆိုင်ရပြီးနောက်မှာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်ရှိမှုက အခြေအနေပေါ်မှာ တောင့်ခံနိုင်၊ ရင်ဆိုင်နိုင်တဲ့လိုက်လျော ညီထွေရှိမှုမျိုးပါ။ ဒါက ခက်ခဲပေမဲ့ ဒီစွမ်းရည်ပိုင်ဆိုင်ထားတဲ့သူတွေကအလွယ်တကူ မလဲပြိုနိုင်တော့ပါဘူး။

လူအများနဲ့လိုက်လျောညီထွေရှိမှု

လူအချင်းချင်း လိုက်လျောညီထွေရှိမှုမှာ မတူညီတဲ့လူများနဲ့ထိထိရောက်ရောက်အပြန်အလှန်ဆက်ဆံဖို့၊ အမူအကျင့်များကို ချိန်ညှိတာတွေပါဝင်ပါတယ်။ဒီကျွမ်းကျင်မှုက အလုပ်ပတ်ဝန်းကျင်မှာဖြစ်စေ လူမှုရေးအခြေအနေမှာဖြစ်စေ အရေးကြီးတဲ့စွမ်းရည်တရပ်ဖြစ်ပါတယ်။ လူတွေကိုနားလည်နိုင်တာ၊ မတူညီတဲ့အမြင်တွေကိုနားလည်နိုင်တာ၊အမျိုးမျိုးရှိတဲ့ လူတွေရဲ့စိတ်နေသဘောထားတွေကို ဆက်ဆံရေးတည်ဆောက်ဖို့အတွက်ချဉ်းကပ်နိုင်တာက လူတွေနဲ့လိုက်လျောညီထွေရှိတဲ့စွမ်းရည်ဖြစ်ပါတယ်။

ပြဿနာတွေနဲ့လိုက်လျောညီထွေရှိစွာ ဖြေရှင်းနိုင်တာ

ပြဿနာတွေကိုလိုက်လျောညီထွေရှိရှိ ဖြေရှင်နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒီကျွမ်းကျင်မှုကတွေးခေါ်မှုဘောင်အပြင်ဘက်ကနေ တွေး ခေါ်တာ၊ သမားရိုးကျမဟုတ်တဲ့ အတွေးအခေါ်တွေကိုထည့်သွင်းစဉ်းစားပြီး အတားအဆီးတွေကို ချဉ်းကပ်တာမျိုးဖြစ်ပါတယ်။ဒီလိုအတားအဆီးတွေကို လိုက်လျောညီထွေရှိရှိ အောင်မြင်အောင်ဖြေရှင်းနို်ငတာကလည်းအရည်အချင်းတရပ်ပါပဲ။

စဉ်ဆက်မပြတ်လေ့လာသင်ယူတာ

စဉ်ဆက်မပြတ် လေ့လာသင်ယူမှုနဲ့ လိုက်လျောညီထွေရှိရှိနေနိုင်တာကလည်းသင့်ဘဝအသက်မွေးဝမ်းကြောင်းတလျှောက်လုံးအတွက် လိုအပ်တဲ့စွမ်းရည်တရပ်ဖြစ်ပါတယ်။အသိပညာအသစ်များသင်ယူရယူလိုတာ စွမ်းရည်တရပ်ဖြစ်ပါတယ်။ စဉ်ဆက်မပြတ်သင်ယူမှုနဲ့
ကျွမ်းကျင်မှုတို့ဆက်စပ်ပြီး လိုက်လျောညီထွေရှိနေဖို့ လိုအပ်ပါတယ်။ဒီအချက်အားလုံးကတော့ လုပ်ငန်းခွင်မှာရော၊ လူမှုဘဝအတွက်မှာပါ မရှိမဖြစ်လိုအပ်တဲ့စွမ်းရည်တွေဖြစ်ပါတယ်။

MYit

zawgyi

ႀကီးမားတဲ့ စိန္ေခၚမႈေတြကို ေက်ာ္လႊားႏိုင္ဖို႔၊ လိုက္ေလ်ာညီေထြရွိဖို႔ အရည္အခ်င္းေတြလိုအပ္ပါတယ္။ လုပ္ငန္းခြင္မွာပဲျဖစ္ျဖစ္၊ အျပင္မွာပဲျဖစ္ျဖစ္ လိုက္ေလ်ာညီေထြျဖစ္ေအာင္သင္ယူတာက သင့္ကိုတိုးတက္ေအာင္ျမင္ေအာင္ ကူညီေပးႏိုင္ပါတယ္။လိုက္ေလ်ာညီေထြရွိသူေတြမွာ ဘယ္လိုစြမ္းရည္မ်ိဳးေတြရွိေနသလဲဆိုတာကိုေဖာ္ျပေပးသြားခ်င္ပါတယ္။

ကိုယ္ရည္ကိုယ္ေသြး လိုက္ေလ်ာညီေထြရွိတာ

ကိုယ့္ရဲ႕ကိုယ္ရည္ကိုယ္ေသြးက အေျခအေနအသစ္ေတြေပၚမွာလိုက္ၿပီး ခ်ိန္ညႇိႏိုင္တဲ့စြမ္းရည္ပဲျဖစ္ပါတယ္။ လုပ္ငန္းခြင္မွာ မတူညီမႈေတြအတြက္ကိုယ့္ရဲ႕ေလးစားမႈကိုျပတာကလည္း ကိုယ့္ရဲ႕လိုက္ေလ်ာညီေထြျဖစ္ေအာင္ေနႏိုင္တဲ့စြမ္းရည္တခုပါပဲ။

သိျမင္မႈ လိုက္ေလ်ာညီေထြရွိမႈရွိတာ

သိျမင္မႈ လိုက္ေလ်ာညီေထြရွိမႈဆိုတာကေတာ့ သင့္ရဲ႕စိတ္ကိုသတင္းအခ်က္အလက္အသစ္မ်ားနဲ႔ လိုက္ေလ်ာညီေထြရွိေအာင္လုပ္ေဆာင္ႏိုင္တဲ့စြမ္းရည္တမ်ိဳးပါပဲ။ အခ်က္အလက္အသစ္ေတြေပါင္းစပ္ထည့္သြင္းတာကလြယ္ကူတယ္လို႔ ထင္ရေပမဲ့ ကိုယ့္ရဲ႕ေတြးေခၚမႈနဲ႔ျပန္ လည္ခ်ိန္ညႇိဖို႔ ခက္ခဲႏိုင္ပါတယ္။ ဒါေပမဲ့ဒီလိုမ်ိဳးသိျမင္မႈေတြကို လိုက္ေလ်ာညီေထြရွိေအာင္ ႀကိဳးစားတာကလည္းစြမ္းရည္တရပ္ပဲျဖစ္ပါတယ္။

စိတ္ပိုင္းဆိုင္ရာ လိုက္ေလ်ာညီေထြရွိမႈ

စိတ္ခံစားမႈဆိုင္ရာ လိုက္ေလ်ာညီေထြရွိမႈစြမ္းရည္ကလည္း ခက္ခဲတဲ့အေျခအေနမ်ားမွာကိုယ့္အတြက္ အေထာက္အကူျဖစ္ေစပါတယ္။ စိန္ေခၚမႈတခုကိုရင္ဆိုင္ရၿပီးေနာက္မွာကိုယ့္ရဲ႕စိတ္ပိုင္းဆိုင္ရာခံႏိုင္ရည္ရွိမႈက အေျခအေနေပၚမွာ ေတာင့္ခံႏိုင္၊ ရင္ဆိုင္ႏိုင္တဲ့လိုက္ေလ်ာ ညီေထြရွိမႈမ်ိဳးပါ။ ဒါက ခက္ခဲေပမဲ့ ဒီစြမ္းရည္ပိုင္ဆိုင္ထားတဲ့သူေတြကအလြယ္တကူ မလဲၿပိဳႏိုင္ေတာ့ပါဘူး။

လူအမ်ားနဲ႔လိုက္ေလ်ာညီေထြရွိမႈ

လူအခ်င္းခ်င္း လိုက္ေလ်ာညီေထြရွိမႈမွာ မတူညီတဲ့လူမ်ားနဲ႔ထိထိေရာက္ေရာက္အျပန္အလွန္ဆက္ဆံဖို႔၊ အမူအက်င့္မ်ားကို ခ်ိန္ညႇိတာေတြပါဝင္ပါတယ္။ဒီကြၽမ္းက်င္မႈက အလုပ္ပတ္ဝန္းက်င္မွာျဖစ္ေစ လူမႈေရးအေျခအေနမွာျဖစ္ေစ အေရးႀကီးတဲ့စြမ္းရည္တရပ္ျဖစ္ပါတယ္။ လူေတြကိုနားလည္ႏိုင္တာ၊ မတူညီတဲ့အျမင္ေတြကိုနားလည္ႏိုင္တာ၊အမ်ိဳးမ်ိဳးရွိတဲ့ လူေတြရဲ႕စိတ္ေနသေဘာထားေတြကို ဆက္ဆံေရးတည္ေဆာက္ဖို႔အတြက္ခ်ဥ္းကပ္ႏိုင္တာက လူေတြနဲ႔လိုက္ေလ်ာညီေထြရွိတဲ့စြမ္းရည္ျဖစ္ပါတယ္။

ျပႆနာေတြနဲ႔လိုက္ေလ်ာညီေထြရွိစြာ ေျဖရွင္းႏိုင္တာ

ျပႆနာေတြကိုလိုက္ေလ်ာညီေထြရွိရွိ ေျဖရွင္ႏိုင္ဖို႔ဆိုတာ မလြယ္ကူပါဘူး။ ဒီကြၽမ္းက်င္မႈကေတြးေခၚမႈေဘာင္အျပင္ဘက္ကေန ေတြး ေခၚတာ၊ သမား႐ိုးက်မဟုတ္တဲ့ အေတြးအေခၚေတြကိုထည့္သြင္းစဥ္းစားၿပီး အတားအဆီးေတြကို ခ်ဥ္းကပ္တာမ်ိဳးျဖစ္ပါတယ္။ဒီလိုအတားအဆီးေတြကို လိုက္ေလ်ာညီေထြရွိရွိ ေအာင္ျမင္ေအာင္ေျဖရွင္းႏို္ငတာကလည္းအရည္အခ်င္းတရပ္ပါပဲ။

စဥ္ဆက္မျပတ္ေလ့လာသင္ယူတာ

စဥ္ဆက္မျပတ္ ေလ့လာသင္ယူမႈနဲ႔ လိုက္ေလ်ာညီေထြရွိရွိေနႏိုင္တာကလည္းသင့္ဘဝအသက္ေမြးဝမ္းေၾကာင္းတေလွ်ာက္လုံးအတြက္ လိုအပ္တဲ့စြမ္းရည္တရပ္ျဖစ္ပါတယ္။အသိပညာအသစ္မ်ားသင္ယူရယူလိုတာ စြမ္းရည္တရပ္ျဖစ္ပါတယ္။ စဥ္ဆက္မျပတ္သင္ယူမႈနဲ႔
ကြၽမ္းက်င္မႈတို႔ဆက္စပ္ၿပီး လိုက္ေလ်ာညီေထြရွိေနဖို႔ လိုအပ္ပါတယ္။ဒီအခ်က္အားလုံးကေတာ့ လုပ္ငန္းခြင္မွာေရာ၊ လူမႈဘဝအတြက္မွာပါ မရွိမျဖစ္လိုအပ္တဲ့စြမ္းရည္ေတြျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*