Avril Lavigne 2024 အတွက် Music Tour ပြုလုပ်မည်

အဆိုတော် Avril Lavigne ရဲ့ The Greatest Hits Tour 2024 ကို မေလ 22 ရက်နေ့မှာစတင်မယ်လို့သိရပါတယ်။ဒါဟာ သူမရဲ့နာ မည်ကြီးတေးအယ်လ်ဘမ်ဖြစ်တဲ့ Under My Skin ထွက်ရှိခြင်း နှစ် 20 ပြည့်မတိုင်ခင်ကျင်းပတာဖြစ်ပါတယ်။ ဒီ Tour မှာသူမရဲ့စတူဒီယိုအယ်လ်ဘမ်စုစုပေါင်း (7) ခုထဲကသီချင်းတွေအားလုံးကို သီဆိုမှာဖြစ်တယ်လို့သိရပါတယ်။သူမရဲ့ဒီ Tour မှာ ထူးခြားတဲ့ Special Guest တွေလည်းပါဝင်မယ်လို့သိရပါတယ်။ ဖျော်ဖြေပွဲတွေကို Inglewood ၊Las Vegas ၊ Phoenix နဲ့တခြားသောဥရောပနိုင်ငံတွေမှာလည်းပြုလုပ်မယ်လို့ဆိုထားပါတယ်။

ဩဂုတ်လမှာတော့သူမကမြောက်အမေရိကဘက်ကိုသွားရောက်မှာဖြစ်ပြီး Toronto၊ Buffalo ၊ Nashville နဲ့ Chicago စတဲ့မြို့တွေမှာလည်း ဖျော်ဖြေသွားမှာပါ။ သူမရဲ့ရှိုးတွေဟာ ရိုးရှင်းတဲ့အစီအစဉ်တွေနဲ့ပဲသွားမယ်လို့သူမကပြောထားပါတယ်။ Avril Lavigne က သူမရဲ့ Instagram မှာ “ကျွန်မရဲ့ Music Career တစ်လျှောက်မှာအတူရှိနေခဲ့တဲ့သူငယ်ချင်းတွေ၊ Fun တွေနဲ့တွေ့ဆုံချင်ပါတယ်။ ဘယ်သူတွေလာမှာလဲဘာသီချင်းတွေနားထောင်ချင်လဲ” ဆိုပြီးရေးသားထားတာတွေ့ရပါတယ်။သူမရဲ့ ရှိုးပွဲလက်မှတ်တွေကို ဇန်နဝါရီ 24 ရက်နေ့မှာစတင်ရောင်းချမှာဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*