အလုပ်မှာ ပျော်ရွှင်နေဖို့ လျှို့ဝှက်ချက်တခု

အလုပ်မှာပျော်ရွှင်နေဖို့ လျှို့ဝှက်ချက်တွေအများကြီးရှိမနေပါဘူးတဲ့။ အလုပ်မှာပျော်ရွှင်ဖို့လျှို့ဝှက်ချက်က တခုထဲပါတဲ့။ အဲဒါကဘာများဖြစ်မလဲ။ ၂၀၂၀ခုနှစ် ၈လပိုင်းကိုဗစ်ကပ်ရောဂါကာလအတွင်းမှာ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတွေအရ အလုပ်မှာမပျော်သူရာခိုင်နှုန်းက ကပ်ရောဂါမတိုင်မီကအခြေအနေနဲ့ ၉ရာခိုင်နှုန်းကနေ ၃၈ရာခိုင်နှုန်းအထိတိုးလာတယ်လို့ ဆိုပါတယ်။အဖက်ဖက်က ဖိအားတွေများနေချိန်မှာ အလုပ်မှာပျော်ရွှင်ဖို့ဆိုတာကလည်း စိန်ခေါ်မှုတခု၊အခက်အခဲတခုလိုဖြစ်လာနိုင်ပါတယ်။

ငွေရေးကြေးရေးအကြောင်းပြချက်တွေ၊လုပ်ငန်းခွင်အတွင်း စိန်ခေါ်မှုတွေ၊ အလုပ်အာမခံချက်မရှိနိုင်တဲ့အခြေအနေတွေ၊အသင်းအဖွဲ့နဲ့စုပေါင်းလုပ်ကိုင်ရတဲ့အခါကြုံရတဲ့ အခက်အခဲတွေအားလုံးကစိန်ခေါ်မှုတွေဖြစ်နိုင်ပါတယ်။အလုပ်က ကိုယ့်အတွက်စိတ်အားထက်သန်မှု၊ဝါသနာအပြည့်နဲ့ရွေးချယ်ထားတဲ့အလုပ်ဖြစ်နေပါစေဦးတော့ အဖက်ဖက်ကဖိအားတွေနဲ့ကြုံလာရတဲ့အခါမှာ ပျော်ရွှင်အောင်နေဖို့ဆိုတာ ခက်ခဲပါတယ်။

သင့်ရဲ့အခြေခံစံတန်ဖိုးက ဘာလဲ
ဘယ်လိုတန်ဖိုးများကို သင်က အလေးထားပါသလဲ။ သင့်ရဲ့အလုပ်ကသင့်ရဲ့အခြေခံစံတန်ဖိုးများနဲ့ ကိုက်ညီပါသလား။ သင်တန်ဖိုးထားတဲ့အရာတွေနဲ့ကုမ္ပဏီကသတ်မှတ်ထားတဲ့ တန်ဖိုးများကြား ရှင်းရှင်းလင်းလင်းနဲ့ ထပ်တူကျဖို့အရေးကြီးပါတယ်။ နောက်တချက်ကတော့ ကုမ္ပဏီက မင်းကိုတန်ဖိုးထားတယ်ဆိုတဲ့လက္ခဏာပြပါသလား။ သင်လုပ်ခဲ့တဲ့ အလုပ်တွေအပေါ်မှာ သူတို့တန်ဖိုးထားပါသလား။သင် လုပ်ကိုင်လိုက်တဲ့ အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုများအတွက် တူညီတဲ့တန်ဖိုးထားမှုတခု၊ ဆက်ဆံရေးတခု၊ လစာတခုရရှိတဲ့အထိ သင့်ကိုအသိအမှတ်ပြုပါရဲ့လား။ဒီအချက်သုံးချက်ကနေကနေပြီးတော့ ကိုယ့်ရဲ့စိတ်အားထက်သန်မှုနဲ့ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကို ရှာဖွေနိုင်ပါတယ်။

Job Mindset
ဒီအချက်ကလည်း အရေးကြီးပါတယ်။ Job Mindset တခုပါပဲ။ ဒီအလုပ်ကိုဘာကြောင့်လုပ်ဖြစ်တာလဲ။ ငွေကြေးကြောင့်လား။ ကုမ္ပဏီကအကျိုးခံစားခွင့်ကောင်းလို့အလုပ်လုပ်တာလား။ ဒီမေးခွန်းအတွက်အဖြေကတော့သင့်အလုပ်လုပ်ရတဲ့ ရည်ရွယ်ချက်အစစ်အမှန်ဖြစ်စေပါလိမ့်မယ်။

Career Mindset
နောက်တချက်က Career Mindset ပါ။ ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းကိုပိုမိုတိုးတက်အောင်လုပ်ဆောင်နိုင်တဲ့ ဒီကုမ္ပဏီမှာဆက်ရှိနေရတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ဒီအလုပ်မှာ ရာထူးတိုးဖို့အတွက် အခွင့်အလမ်းတွေမြင်နိုင်တာ၊ကိုယ့်ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်အ ကျိုးကျေးဇူးတွေဖြစ်စေတာကြောင့်ဒီအလုပ်မှာဆက်ရှိနေရတဲ့အကြောင်းအရင်းဖြစ်ပါတယ်။

Purpose Mindset
နောက်ဆုံးအချက်ကတော့ Purpose Mindset ဖြစ်ပါတယ်။ သင့်ရဲ့အလုပ်ကို စစ်မှန်တဲ့စိတ်အားထက်သန်မှု၊ ဒီအလုပ်ကိုပြင်းပြတဲ့ဝါသ နာတွေနဲ့ထမ်းဆောင်ဖို့အသင့်ဖြစ်နေတဲ့စိတ်နေစိတ်ထားမျိုးပါ။ ကိုယ့်ရဲ့စိတ်အားထက်သန်မှုကို ရှာဖွေနိုင်တဲ့၊ အသုံးချနိုင်တဲ့အလုပ်မျိုးကိုရှာဖွေလုပ်ကိုင်ဖို့လိုပါတယ်။အလုပ်မှာ ပျော်ရွှင်ဖို့အတွက် လျှို့ဝှက်ချက်တွေအများကြီးမရှိပါဘူး။ အပေါ်မှာပြောခဲ့သလိုကိုယ့်ရဲ့စံတန်ဖိုးနဲ့ ကိုယ်အလုပ်လုပ်တဲ့ ကုမ္ပဏီရဲ့စံတန်ဖိုးတွေ ထပ်တူကျဖို့ကအရေးကြီးပါတယ်။ နောက်တခုကတော့ ကိုယ့်ရဲ့စိတ်အားထက်သန်မှုတွေ၊ စွမ်းရည်တွေအတွက်အချက်သုံးချက်ကို ထည့်သွင်းစဉ်းစားပြီးလုပ်ကိုင်ဖို့လိုပါတယ်။

MYit

zawgyi

အလုပ္မွာေပ်ာ္႐ႊင္ေနဖို႔ လွ်ိဳ႕ဝွက္ခ်က္ေတြအမ်ားႀကီးရွိမေနပါဘူးတဲ့။ အလုပ္မွာေပ်ာ္႐ႊင္ဖို႔လွ်ိဳ႕ဝွက္ခ်က္က တခုထဲပါတဲ့။ အဲဒါကဘာမ်ားျဖစ္မလဲ။ ၂၀၂၀ခုႏွစ္ ၈လပိုင္းကိုဗစ္ကပ္ေရာဂါကာလအတြင္းမွာ ထုတ္ျပန္ထားတဲ့ အစီရင္ခံစာေတြအရ အလုပ္မွာမေပ်ာ္သူရာခိုင္ႏႈန္းက ကပ္ေရာဂါမတိုင္မီကအေျခအေနနဲ႔ ၉ရာခိုင္ႏႈန္းကေန ၃၈ရာခိုင္ႏႈန္းအထိတိုးလာတယ္လို႔ ဆိုပါတယ္။အဖက္ဖက္က ဖိအားေတြမ်ားေနခ်ိန္မွာ အလုပ္မွာေပ်ာ္႐ႊင္ဖို႔ဆိုတာကလည္း စိန္ေခၚမႈတခု၊အခက္အခဲတခုလိုျဖစ္လာႏိုင္ပါတယ္။

ေငြေရးေၾကးေရးအေၾကာင္းျပခ်က္ေတြ၊လုပ္ငန္းခြင္အတြင္း စိန္ေခၚမႈေတြ၊ အလုပ္အာမခံခ်က္မရွိႏိုင္တဲ့အေျခအေနေတြ၊အသင္းအဖြဲ႕နဲ႔စုေပါင္းလုပ္ကိုင္ရတဲ့အခါႀကဳံရတဲ့ အခက္အခဲေတြအားလုံးကစိန္ေခၚမႈေတြျဖစ္ႏိုင္ပါတယ္။အလုပ္က ကိုယ့္အတြက္စိတ္အားထက္သန္မႈ၊ဝါသနာအျပည့္နဲ႔ေ႐ြးခ်ယ္ထားတဲ့အလုပ္ျဖစ္ေနပါေစဦးေတာ့ အဖက္ဖက္ကဖိအားေတြနဲ႔ႀကဳံလာရတဲ့အခါမွာ ေပ်ာ္႐ႊင္ေအာင္ေနဖို႔ဆိုတာ ခက္ခဲပါတယ္။

သင့္ရဲ႕အေျခခံစံတန္ဖိုးက ဘာလဲ
ဘယ္လိုတန္ဖိုးမ်ားကို သင္က အေလးထားပါသလဲ။ သင့္ရဲ႕အလုပ္ကသင့္ရဲ႕အေျခခံစံတန္ဖိုးမ်ားနဲ႔ ကိုက္ညီပါသလား။ သင္တန္ဖိုးထားတဲ့အရာေတြနဲ႔ကုမၸဏီကသတ္မွတ္ထားတဲ့ တန္ဖိုးမ်ားၾကား ရွင္းရွင္းလင္းလင္းနဲ႔ ထပ္တူက်ဖို႔အေရးႀကီးပါတယ္။ ေနာက္တခ်က္ကေတာ့ ကုမၸဏီက မင္းကိုတန္ဖိုးထားတယ္ဆိုတဲ့လကၡဏာျပပါသလား။ သင္လုပ္ခဲ့တဲ့ အလုပ္ေတြအေပၚမွာ သူတို႔တန္ဖိုးထားပါသလား။သင္ လုပ္ကိုင္လိုက္တဲ့ အျပဳသေဘာေဆာင္တဲ့ ပံ့ပိုးကူညီမႈမ်ားအတြက္ တူညီတဲ့တန္ဖိုးထားမႈတခု၊ ဆက္ဆံေရးတခု၊ လစာတခုရရွိတဲ့အထိ သင့္ကိုအသိအမွတ္ျပဳပါရဲ႕လား။ဒီအခ်က္သုံးခ်က္ကေနကေနၿပီးေတာ့ ကိုယ့္ရဲ႕စိတ္အားထက္သန္မႈနဲ႔ကိုယ့္ရဲ႕ကြၽမ္းက်င္မႈေတြကို ရွာေဖြႏိုင္ပါတယ္။

Job Mindset
ဒီအခ်က္ကလည္း အေရးႀကီးပါတယ္။ Job Mindset တခုပါပဲ။ ဒီအလုပ္ကိုဘာေၾကာင့္လုပ္ျဖစ္တာလဲ။ ေငြေၾကးေၾကာင့္လား။ ကုမၸဏီကအက်ိဳးခံစားခြင့္ေကာင္းလို႔အလုပ္လုပ္တာလား။ ဒီေမးခြန္းအတြက္အေျဖကေတာ့သင့္အလုပ္လုပ္ရတဲ့ ရည္႐ြယ္ခ်က္အစစ္အမွန္ျဖစ္ေစပါလိမ့္မယ္။

Career Mindset
ေနာက္တခ်က္က Career Mindset ပါ။ ကိုယ့္ရဲ႕အသက္ေမြးဝမ္းေက်ာင္းကိုပိုမိုတိုးတက္ေအာင္လုပ္ေဆာင္ႏိုင္တဲ့ ဒီကုမၸဏီမွာဆက္ရွိေနရတဲ့ အေၾကာင္းအရင္းျဖစ္ပါတယ္။ဒီအလုပ္မွာ ရာထူးတိုးဖို႔အတြက္ အခြင့္အလမ္းေတြျမင္ႏိုင္တာ၊ကိုယ့္ရဲ႕ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္အ က်ိဳးေက်းဇူးေတြျဖစ္ေစတာေၾကာင့္ဒီအလုပ္မွာဆက္ရွိေနရတဲ့အေၾကာင္းအရင္းျဖစ္ပါတယ္။

Purpose Mindset
ေနာက္ဆုံးအခ်က္ကေတာ့ Purpose Mindset ျဖစ္ပါတယ္။ သင့္ရဲ႕အလုပ္ကို စစ္မွန္တဲ့စိတ္အားထက္သန္မႈ၊ ဒီအလုပ္ကိုျပင္းျပတဲ့ဝါသ နာေတြနဲ႔ထမ္းေဆာင္ဖို႔အသင့္ျဖစ္ေနတဲ့စိတ္ေနစိတ္ထားမ်ိဳးပါ။ ကိုယ့္ရဲ႕စိတ္အားထက္သန္မႈကို ရွာေဖြႏိုင္တဲ့၊ အသုံးခ်ႏိုင္တဲ့အလုပ္မ်ိဳးကိုရွာေဖြလုပ္ကိုင္ဖို႔လိုပါတယ္။အလုပ္မွာ ေပ်ာ္႐ႊင္ဖို႔အတြက္ လွ်ိဳ႕ဝွက္ခ်က္ေတြအမ်ားႀကီးမရွိပါဘူး။ အေပၚမွာေျပာခဲ့သလိုကိုယ့္ရဲ႕စံတန္ဖိုးနဲ႔ ကိုယ္အလုပ္လုပ္တဲ့ ကုမၸဏီရဲ႕စံတန္ဖိုးေတြ ထပ္တူက်ဖို႔ကအေရးႀကီးပါတယ္။ ေနာက္တခုကေတာ့ ကိုယ့္ရဲ႕စိတ္အားထက္သန္မႈေတြ၊ စြမ္းရည္ေတြအတြက္အခ်က္သုံးခ်က္ကို ထည့္သြင္းစဥ္းစားၿပီးလုပ္ကိုင္ဖို႔လိုပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*