အချိန်နည်းပြီး အလုပ်များတဲ့ ပရော်ဖက်ရှင်နယ်တွေအတွက် ကုန်ထုတ်စွမ်းအားတက်စေမယ့် အချက် (၃)ချက်

ကနေ့ကမ္ဘာကြီးမှာ ကြီးမားတဲ့ စိန်ခေါ်မှုကတော့ ကုန်ထုတ်စွမ်းအားပဲဖြစ်ပါတယ်။သိပ္ပံနဲ့ကုန်ထုတ်လုပ်မှုဆိုင်ရာကျွမ်းကျင်သူများကတော့ အချိန်တိုအတွင်းအလုပ်ပြီးမြောက်အောင် လုပ်နိုင်တဲ့ အချက်ကို အကြံပြုမျှဝေထားပါတယ်။

လေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ

အချိန်းနည်းပါတယ်ဆိုမှ လေ့ကျင့်ခန်းလာလုပ်ခိုင်းနေတယ်လို့ မမြင်ပါနဲ့နော်။ တခါတလေမှာလေ့ကျင့်ခန်းလုပ်ဖို့ နာရီဝက်လောက်အချိန်ပေးလိုက်တာက သာမန် တနာရီလုပ်ရမယ့်အလုပ်ကိုမိနစ် ၂၀လောက်နဲ့လုပ်လို့ရသွားနိုင်ပါတယ်။ လေ့ကျင့်ခန်းက ကုန်ထုတ်စွမ်းအားအတွက်အံ့ဩစရာကောင်းလောက်အောင် အထောက်အကူဖြစ်စေပါတယ်။ အာရုံစူးစိုက်နိုင်စွမ်း၊ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း၊ မှတ်ဉာဏ်နဲ့ စွမ်းဆောင်ရည်တွေကို တိုးတက်စေပါတယ်။ဒါတင်မကဘဲ စိတ်ခံစားချက်၊ စိတ်အားထက်သန်မှုနဲ့ သင်ယူနိုင်မှုစွမ်းရည်တွေတိုးတက်စေပါတယ်။ တပတ်မှာ ၆မိုင်ကနေ ၉မိုင်အထိ လမ်းလျှောက်တာက ဦးနှောက်အတွက်ကောင်းမွန်စေပါတယ်။

အာရုံထွေးပြားမှုရှိတဲ့နေရာကိုရှောင်ပါ

အလုပ်လုပ်တဲ့အခါ Productivity တက်ဖို့ဆိုရင် ဒီအချက်ကလည်း အဓိကကျပါတယ်။ဟုတ်ပါတယ်။ အာရုံထွေပြားစေမယ့်ပတ်ဝန်း ကျင်၊ အဝန်းအဝိုင်းကိုရှောင်ပါ။ အလုပ်မှာအာရုံစိုက်နိုင်ဖို့ တိတ်ဆိတ်တဲ့နေရာဖြစ်ဖိုလိုပါတယ်။ကိုယ့်ရဲ့စိတ်ကူးတွေမပြန့်လွင့်စေမယ့်နေရာ၊ ကိုယ့်ရဲ့အသိစိတ်နဲ့ အာရုံကိုထိန်းချုပ်နိုင်မယ့်နေရာဖြစ်ဖို့လိုပါတယ်။ ဆူညံ့နေတဲ့ပတ်ဝန်းကျင်က ကိုယ့်ရဲ့ အာရုံကိုပျက်စီးစေပါတယ်။

မကြာခဏ အနားယူပါ

အချိန်မရှိပါဘူးဆိုတဲ့သူတွေကို အနားယူခိုင်းတယ်လို့ အပြစ်တင်မစောပါနဲ့နော်။ တခါတလေမှာတနာရီနဲ့ လုပ်ရမယ့် အလုပ်က စိတ်ပါလက်ပါရှိတဲ့အချိန်ဆိုရင် ၁၅မိနစ်လောက်နဲ့လည်းပြီးချင်ပြီးသွားနိုင်တယ်မဟုတ်လား။ ကိုယ့်ရဲ့စွမ်းဆောင်ရည်တက်ဖို့ဆိုရင်မကြာခဏအနားယူပေးဖို့လိုပါတယ်။ ဦးနှောက်ကိုတချိန်လုံးအလုပ်ခိုင်းနေတာထက်မကြာခဏအနားပေးသင့်ပါတယ်။ ဒါမှသာ တိုးတက်တဲ့ လုပ် ဆောင်မှုတွေကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ကာယအလုပ်နဲ့ ဉာဏအလုပ်က မတူပါဘူး။ကာယအလုပ်ကတော့ အဆက်မပြတ်လုပ်နေမှ အလုပ်ပြီးမြောက်ပေမဲ့ ဉာဏ်ပညာနဲ့လုပ်ရတဲ့ဉာဏအလုပ်ကတော့ မကြာခဏအနားပေးပြီးမှလုပ်သင့်ပါတယ်။မြင့်မားတဲ့ ကုန်ထုတ်စွမ်းအားကိုရဖို့ဆိုရင် မိနစ် ၉၀သာ အာရုံစိုက်သင့်ပါတယ်တဲ့။အရေးကြီးတဲ့ အလုပ်တခုကို တကြိမ်မှာ မိနစ် ၉၀ပဲ အာရုံစိုက်ပါတဲ့။ ပြီးရင်တော့ ဦးနှောက်ကိုအနားယူပြီး အားပြန်သွင်းဖို့ ခွင့်ပြုပေးသင့်ပါတယ်လို့ သိပ္ပံပညာရှင် Schwartz ကဆိုထားပါတယ်။ အနားယူပြီး အ လုပ်စားပွဲကိုပြန်သွားတဲ့အခါ အလုပ်ကိုပိုမိုထိရောက်စွာအလုပ်လုပ်နိုင်တယ်ဆိုတာကို သင်မြင်တွေ့ရပါလိမ့်မယ်လို့ဆိုထားပါတယ်။

MYit

zawgyi

ကေန႔ကမာၻႀကီးမွာ ႀကီးမားတဲ့ စိန္ေခၚမႈကေတာ့ ကုန္ထုတ္စြမ္းအားပဲျဖစ္ပါတယ္။သိပၸံနဲ႔ကုန္ထုတ္လုပ္မႈဆိုင္ရာကြၽမ္းက်င္သူမ်ားကေတာ့ အခ်ိန္တိုအတြင္းအလုပ္ၿပီးေျမာက္ေအာင္ လုပ္ႏိုင္တဲ့ အခ်က္ကို အႀကံျပဳမွ်ေဝထားပါတယ္။

ေလ့က်င့္ခန္းတစ္ခုခုလုပ္ပါ

အခ်ိန္းနည္းပါတယ္ဆိုမွ ေလ့က်င့္ခန္းလာလုပ္ခိုင္းေနတယ္လို႔ မျမင္ပါနဲ႔ေနာ္။ တခါတေလမွာေလ့က်င့္ခန္းလုပ္ဖို႔ နာရီဝက္ေလာက္အခ်ိန္ေပးလိုက္တာက သာမန္ တနာရီလုပ္ရမယ့္အလုပ္ကိုမိနစ္ ၂၀ေလာက္နဲ႔လုပ္လို႔ရသြားႏိုင္ပါတယ္။ ေလ့က်င့္ခန္းက ကုန္ထုတ္စြမ္းအားအတြက္အံ့ဩစရာေကာင္းေလာက္ေအာင္ အေထာက္အကူျဖစ္ေစပါတယ္။ အာ႐ုံစူးစိုက္ႏိုင္စြမ္း၊ဆင္ျခင္ဆုံးျဖတ္ႏိုင္စြမ္း၊ မွတ္ဉာဏ္နဲ႔ စြမ္းေဆာင္ရည္ေတြကို တိုးတက္ေစပါတယ္။ဒါတင္မကဘဲ စိတ္ခံစားခ်က္၊ စိတ္အားထက္သန္မႈနဲ႔ သင္ယူႏိုင္မႈစြမ္းရည္ေတြတိုးတက္ေစပါတယ္။ တပတ္မွာ ၆မိုင္ကေန ၉မိုင္အထိ လမ္းေလွ်ာက္တာက ဦးေႏွာက္အတြက္ေကာင္းမြန္ေစပါတယ္။

အာ႐ုံေထြးျပားမႈရွိတဲ့ေနရာကိုေရွာင္ပါ

အလုပ္လုပ္တဲ့အခါ Productivity တက္ဖို႔ဆိုရင္ ဒီအခ်က္ကလည္း အဓိကက်ပါတယ္။ဟုတ္ပါတယ္။ အာ႐ုံေထြျပားေစမယ့္ပတ္ဝန္း က်င္၊ အဝန္းအဝိုင္းကိုေရွာင္ပါ။ အလုပ္မွာအာ႐ုံစိုက္ႏိုင္ဖို႔ တိတ္ဆိတ္တဲ့ေနရာျဖစ္ဖိုလိုပါတယ္။ကိုယ့္ရဲ႕စိတ္ကူးေတြမျပန႔္လြင့္ေစမယ့္ေနရာ၊ ကိုယ့္ရဲ႕အသိစိတ္နဲ႔ အာ႐ုံကိုထိန္းခ်ဳပ္ႏိုင္မယ့္ေနရာျဖစ္ဖို႔လိုပါတယ္။ ဆူညံ့ေနတဲ့ပတ္ဝန္းက်င္က ကိုယ့္ရဲ႕ အာ႐ုံကိုပ်က္စီးေစပါတယ္။

မၾကာခဏ အနားယူပါ

အခ်ိန္မရွိပါဘူးဆိုတဲ့သူေတြကို အနားယူခိုင္းတယ္လို႔ အျပစ္တင္မေစာပါနဲ႔ေနာ္။ တခါတေလမွာတနာရီနဲ႔ လုပ္ရမယ့္ အလုပ္က စိတ္ပါလက္ပါရွိတဲ့အခ်ိန္ဆိုရင္ ၁၅မိနစ္ေလာက္နဲ႔လည္းၿပီးခ်င္ၿပီးသြားႏိုင္တယ္မဟုတ္လား။ ကိုယ့္ရဲ႕စြမ္းေဆာင္ရည္တက္ဖို႔ဆိုရင္မၾကာခဏအနားယူေပးဖို႔လိုပါတယ္။ ဦးေႏွာက္ကိုတခ်ိန္လုံးအလုပ္ခိုင္းေနတာထက္မၾကာခဏအနားေပးသင့္ပါတယ္။ ဒါမွသာ တိုးတက္တဲ့ လုပ္ ေဆာင္မႈေတြကိုလုပ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။ ကာယအလုပ္နဲ႔ ဉာဏအလုပ္က မတူပါဘူး။ကာယအလုပ္ကေတာ့ အဆက္မျပတ္လုပ္ေနမွ အလုပ္ၿပီးေျမာက္ေပမဲ့ ဉာဏ္ပညာနဲ႔လုပ္ရတဲ့ဉာဏအလုပ္ကေတာ့ မၾကာခဏအနားေပးၿပီးမွလုပ္သင့္ပါတယ္။ျမင့္မားတဲ့ ကုန္ထုတ္စြမ္းအားကိုရဖို႔ဆိုရင္ မိနစ္ ၉၀သာ အာ႐ုံစိုက္သင့္ပါတယ္တဲ့။အေရးႀကီးတဲ့ အလုပ္တခုကို တႀကိမ္မွာ မိနစ္ ၉၀ပဲ အာ႐ုံစိုက္ပါတဲ့။ ၿပီးရင္ေတာ့ ဦးေႏွာက္ကိုအနားယူၿပီး အားျပန္သြင္းဖို႔ ခြင့္ျပဳေပးသင့္ပါတယ္လို႔ သိပၸံပညာရွင္ Schwartz ကဆိုထားပါတယ္။ အနားယူၿပီး အ လုပ္စားပြဲကိုျပန္သြားတဲ့အခါ အလုပ္ကိုပိုမိုထိေရာက္စြာအလုပ္လုပ္ႏိုင္တယ္ဆိုတာကို သင္ျမင္ေတြ႕ရပါလိမ့္မယ္လို႔ဆိုထားပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*