ဉာဏစူးစမ်းလိုစိတ်ဆိုတာဘာလဲ

ဉာဏစူးစမ်းလိုစိတ်ဆိုတာဘာလဲ

ဉာဏစူးစမ်းလိုစိတ်ဆိုတာက အသစ်သောအရာများကို သင်ယူလိုစိတ်နဲ့ကိစ္စရပ်တခုခုကို နက်နဲစွာ တူးဆွတာပဲဖြစ်ပါတယ်။ ဉာဏစူးစမ်းလိုစိတ်ကတာဝန်တခု ဒါမှမဟုတ် အလုပ်ကိစ္စတခုအစား သင်ယူမှုကို ပိုမိုသဘာဝကျတဲ့လုပ်ငန်းစဉ်ကိုဖြစ်စေပါတယ်။ဉာဏသိချင်စိတ်ကို ပိုင်ဆိုင်ထားသူတွေက သဘာဝကျကျမေးခွန်းများကို မေးပြီးနားလည်ရန်ကြိုးစားတတ်ကြပါတယ်။ဉာဏ်ရည်ထက်မြက်တဲ့ စူးစမ်းလိုသူများအနေနဲ့ဘုံလုပ်ငန်းစဉ်များနောက်ကွယ်က ကျိုးကြောင်းဆင်ခြင်မှုကိုအပြည့်အဝနားလည်ဖို့အတွက် နက်နဲစွာတူးဖော်တတ်ကြပါတယ်။ ဒါ့အပြင်ဘာသာရပ်အသစ်များကိုလည်း သူတို့ရဲ့အသိပညာကိုဆက်လက်ချဲ့ထွင်ဖို့အတွက်လေ့လာကြပါတယ်။

အသက်မွေးဝမ်းကြောင်းမှာ ဉာဏစူးစမ်းချင်စိတ်ကဘာကြောင့်အရေးကြီးတာလဲ

ဉာဏ်ရည်ထက်မြက်သူက ပြဿနာဖြေရှင်းနိုင်စွမ်း ပိုကောင်းတာကိုသိပြီးဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သူတို့က ပိုမိုကောင်းမွန်တဲ့ဆုံး ဖြတ်ချက်များချနိုင်ပြီး ပြဿနာတိုင်းကနေအဆက်မပြတ်သင်ယူနိုင်ကြပါတယ်။ဉာဏစူးစမ်းချင်စိတ်က တီထွင်ဖန်တီးနိုင်စွမ်း ပိုရှိတဲ့ အခြေအနေတွေကိုချဉ်းကပ်ရာမှာ ကူညီပေးနိုင်ပါတယ်။စူးစမ်းချင်စိတ်ရှိတဲ့အခါ သင့်စိတ်က အမြဲတက်ကြွနေပြီး သင့်ပတ်ဝန်းကျင်ရှိ
ကမ္ဘာကြီးအကြောင်း မေးခွန်းများမေးနေတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့စိတ်ကပိုပြီးသန်မာလာပါတယ်။ စူးစမ်းလိုစိတ်နဲ့ အသိစိတ်တို့ကပညာရပ်ဆိုင်ရာစွမ်းဆောင်ရည်အတွက် ဉာဏ်ရည်လိုပဲ အရေးကြီးကြောင်းလေ့လာမှုတွေက ဖော်ပြနေပါတယ်။

MYit

zawgyi





MYit

Be the first to comment

Leave a Reply

Your email address will not be published.


*