မင်းသားအဖြစ်ကနေ သန့်ရှင်းရေးကုမ္ပဏီကို အလုပ်ပြောင်းခဲ့တဲ့ နာမည်ကျော်ဂျပန်မင်းသား

နာမည်ကျော်ဂျပန်မင်းသားတဦးက အံ့အားသင့်ဖွယ်ရာ အလုပ်အပြောင်းအရွေ့တခုကိုပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ လက်ရှိအခြေအနေကို တီဗီကနေ ထုတ်ဖော်ပြသခဲ့တာကြောင့်အားလုံးက အံ့အားသင့်သွားခဲ့ရပါတယ်။နာမည်ကျော်ဂျပန်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Miura Kota က သူ့ရဲ့အလုပ်အကိုင်ကိုသိသိသာသာပြောင်းလဲလိုက်တာကြောင့် ပရိသတ်တွေအတွက် ထိတ်လန့်စေခဲ့ပါတယ်။

Miura က ဧပြီလ ၂၈ ရက်နေ့မှာ Fuji TV ရဲ့ ညနှောင်းပိုင်းအစီအစဉ် Bee The TOP မှာဧည့်သည်အဖြစ် ပါဝင်လာခဲ့ပြီး သန့်ရှင်းရေးကုမ္ပဏီတစ်ခုကိုအလုပ်ပြောင်းသွားတာနဲ့ပတ်သက်ပြီး ဖွင့်ဟခဲ့ပါတယ်။ မင်းသားက အသက် ၄၀ အရွယ်မှာကိုဗစ်ကာလအတွင်း မင်း သားအလုပ်ကနေနားခဲ့ပြီး အခုအခါမှာတော့သန့်ရှင်းရေးကုမ္ပဏီတခုမှာ လုပ်ကိုင်နေခဲ့တယ်လို့ ပြောပြခဲ့တာဖြစ်ပါတယ်။Miura ကို Bad Guy နဲ့ Kamen Riders Amazon စတဲ့ ဒရမ်မာဇာတ်ကားတွေနဲ့လူသိများခဲ့တာဖြစ်ပါတယ်။

MYiT

zawgyi



MYiT

Be the first to comment

Leave a Reply

Your email address will not be published.


*