ဒရာမာအသစ်မှာ အတူတွဲတွေ့ရမယ့် Lee Sun Bin နဲ့ Kang Tae Oh

Lee Sun Bin နဲ့ Kang Tae Oh တို့နှစ်ဦးကို Rom-Com ဒရာမာအသစ်မှာအတူတွဲတွေ့ရတော့မှာဖြစ်ပါတယ်။ ဒရာမာအသစ်ဖြစ်တဲ့ “Potato Research Institue” မှာပါဝင်သရုပ်ဆောင်ကြမယ်လို့ ကြေညာလိုက်ပါပြီ။ tvN ကနေထုတ်လွှင့်မယ့် ဒရာမအသစ်မှာ သူတို့နှစ်ဦးပါဝင်သရုပ်ဆောင်ထားတယ်လို့ မေလ ၁၄ရက်နေ့မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

ဒီဇာတ်ကားက ကျေးလက်အာလူးသုတေသနဌာနအကြောင်း နောက်ခံထားတဲ့ရိုးမန်တစ်ဟာသဒရာမာဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ Lee Sun Bin u အာလူးကို သုသေတနလုပ်ရတာ ရူးသွပ်တဲ့သုတေသနပညာရှင်အဖြစ်သရုပ်ဆောင်မှာဖြစ်ပါတယ်။ Kang Tae Oh ကတော့အမြတ်အစွန်းရှာချင်တဲ့ အကြင်နာမဲ့တဲ့ အရင်းရှင်းပုံစံသရုပ်ဆောင်ထားတာဖြစ်ပါတယ်။

“ဒါဟာ စစ်မှုထမ်းပြီးတဲ့နောက်ပိုင်း ပထမဆုံး ပရောဂျက်ဖြစ်ပြီး ကြည့်ရှုသူတွေကိုကောင်းမွန်တဲ့ ပရောဂျက်တစ်ခုနဲ့ ထပ်မံနှုတ်ဆက်ခွင့်ရတဲ့အတွက် ပိုစိတ်လှုပ်ရှားမိပါတယ်။ကြည့်ရှုသူများ အားပေးနေသမျှ ပိုပြီးကြိုစားသွားပါမယ်။ ဒါကြောင့် ဒီဇာတ်ကားကိုစိတ်ဝင်တစားနဲ့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်” လို့ Kang Tae Oh ကပြောဆိုထားပါတယ်။ Potato Research Institue" ကို ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ပြသရန်စီစဉ်ထားတယ်လို့သိရပါတယ်။

MYit

zawgyi

Lee Sun Bin နဲ႔ Kang Tae Oh တို႔ႏွစ္ဦးကို Rom-Com ဒရာမာအသစ္မွာအတူတြဲေတြ႕ရေတာ့မွာျဖစ္ပါတယ္။ ဒရာမာအသစ္ျဖစ္တဲ့ “Potato Research Institue” မွာပါဝင္သ႐ုပ္ေဆာင္ၾကမယ္လို႔ ေၾကညာလိုက္ပါၿပီ။ tvN ကေနထုတ္လႊင့္မယ့္ ဒရာမအသစ္မွာ သူတို႔ႏွစ္ဦးပါဝင္သ႐ုပ္ေဆာင္ထားတယ္လို႔ ေမလ ၁၄ရက္ေန႔မွာ ေၾကညာခဲ့တာျဖစ္ပါတယ္။

ဒီဇာတ္ကားက ေက်းလက္အာလူးသုေတသနဌာနအေၾကာင္း ေနာက္ခံထားတဲ့႐ိုးမန္တစ္ဟာသဒရာမာဇာတ္ကားအမ်ိဳးအစားျဖစ္ပါတယ္။ Lee Sun Bin u အာလူးကို သုေသတနလုပ္ရတာ ႐ူးသြပ္တဲ့သုေတသနပညာရွင္အျဖစ္သ႐ုပ္ေဆာင္မွာျဖစ္ပါတယ္။ Kang Tae Oh ကေတာ့အျမတ္အစြန္းရွာခ်င္တဲ့ အၾကင္နာမဲ့တဲ့ အရင္းရွင္းပုံစံသ႐ုပ္ေဆာင္ထားတာျဖစ္ပါတယ္။

“ဒါဟာ စစ္မႈထမ္းၿပီးတဲ့ေနာက္ပိုင္း ပထမဆုံး ပေရာဂ်က္ျဖစ္ၿပီး ၾကည့္ရႈသူေတြကိုေကာင္းမြန္တဲ့ ပေရာဂ်က္တစ္ခုနဲ႔ ထပ္မံႏႈတ္ဆက္ခြင့္ရတဲ့အတြက္ ပိုစိတ္လႈပ္ရွားမိပါတယ္။ၾကည့္ရႈသူမ်ား အားေပးေနသမွ် ပိုၿပီးႀကိဳစားသြားပါမယ္။ ဒါေၾကာင့္ ဒီဇာတ္ကားကိုစိတ္ဝင္တစားနဲ႔ ေစာင့္ေမွ်ာ္ၾကည့္ရႈေပးၾကပါဦးေနာ္” လို႔ Kang Tae Oh ကေျပာဆိုထားပါတယ္။ Potato Research Institue" ကို ၂၀၂၅ ခုႏွစ္ ပထမႏွစ္ဝက္တြင္ ျပသရန္စီစဥ္ထားတယ္လို႔သိရပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*