သကြားလို ချိုမြတဲ့ ရာသီခွင် (၄)ခု
သကြားလို ချိူမြတဲ့ ရာသီခွင်တွေကို သိချင်ပါသလား။ သူတို့က သနားကြင်နာတတ်တယ်၊ချစ်ခင်ကြင်နာတတ်တဲ့သူတွေဖြစ်တာကြောင့် သကြားလေးလို ချိုမြတယ်လို့သုံးနှုန်းထားတာဖြစ်ပါတယ်။
Cancer : June 21 – July 22
ကရကဋ်ရာသီခွင်တွေက နူးညံ့ပြီး ဂရုစိုက်တတ်တဲ့ သဘာဝကြောင့် ကျော်ကြားပါတယ်။ဒီရာသီဖွားတွေက ကိုယ်ချင်းစာမှုနဲ့ ပြုစုစောင့် ရှောက်ပေးသူတွေဖြစ်ကြပါတယ်။သူချစ်တဲ့လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာကို ဦးစားပေးပြီးမင်းကိုချစ်ခင်ကြင်နာမယ့်သူကိုရှာနေတာဆိုရင်တော့ ကင်ဆာလေးတွေရှိပါတယ်နော်။
Libra: September 21-Octomber 22
ဗီးနပ်စ် အုပ်ချုပ်တဲ့ ဒီရာသီခွင်တွေကတော့ သူတို့ရဲ့ဘဝမှာအမြဲတမ်းချိုမြိန်မှုကိုပေးကမ်းကြပါတယ်။ သူတို့က သံခင်းတမန်ခင်းနဲ့ တရားမျှတမှုအတွက် လူသိများပြီးလူမှုဆက်ဆံရေးမှာလည်း ချိုသာတဲ့လူတွေအဖြစ် သိထားကြပါတယ်။ချစ်ခြင်းမေတ္တာရေးရာမှာ ရိုမန်တစ်ဆန်တတ်ပြီးချစ်တဲ့သူရဲ့ဘဝကိုဖြည့်ဆည်းပေးမယ့်သူတွေဖြစ်ကြပါတယ်။
Pisces: February 19 – March 20
Pisces လေးတွေကတော့ သနားကြင်နာတတ်ကြသူတွေဖြစ်ပါတယ်။ တခြားသူတွေရဲ့စိတ်ခံစားချက်များကို လေးလေးနက်နက်ရှိကြပြီး ချစ်တဲ့သူတွေအတွက်ဆိုရင်စွန့်စားလေ့ရှိကြပါတယ်။ ချစ်တဲ့သူတွေရဲ့ အိပ်မက်တွေကို ပံ့ပိုးပေးမယ့်သူတွေအဖြစ်ထင်ရှားပါတယ်။
Taurus: April 20 – May 20
ဗီးနပ်စ် အုပ်ချုပ်တဲ့ Taurus တွေက အပြင်ဘက်မှာ ကြမ်းတမ်းတဲ့ပုံပေါ်ပေမဲ့ စိတ်နှလုံးကတော့ပျော့ပျောင်းကြပါတယ်။ သူတို့က သစ္စာ စောင့်သိမှုကြောင့် လူသိများပါတယ်။ ချစ်တဲ့သူကိုပြင်းထန်စွာ အကာအကွယ်ပေးတတ်ပြီး ပျော်ရွှင်မှုနဲ့ လုံခြုံမှုကို ကြိုးစားပေးကြပါတယ်။အေးအတူ၊ ပူအမျှသင့်အနားမှာ ရှိပေးမယ့်သူတွေဖြစ်ကြပါတယ်။ ကာမဂုဏ်ကိုမွေ့လျော်တတ်တဲ့သူတွေဖြစ်ပြီး အဲဒီကနေ ပျော်ရွှင်မှုရှာဖွေတတ်ကြပါတယ်။မယိမ်းယိုင်တဲ့ချစ်ခြင်းမေတ္တာနဲ့ ချစ်ပေးမယ့်သူရှာနေရင်တော့ ဒီရာသီဖွားလေးတွေရှိပါတယ်။
MYit
zawgyi
Cancer : June 21 – July 22
Taurus: April 20 – May 20
MYit
Be the first to comment
Leave a Reply
Your email address will not be published.
*