ရှစ်နှစ်မြောက် ပွဲဦးထွက်နှစ်ပတ်လည်နေ့အတွက် Fan Sign Event စီစဉ်ထားတဲ့ BLACKPINK

BLACKPINK အဖွဲ့က သူတို့ရဲ့ ရှစ်နှစ်မြောက် ပွဲဦးထွက်နှစ်ပတ်လည်နေ့အတွက် အထူး Fan Sign Event စီစဉ်ထားတယ်လို့ ဇူလိုင်လ ၁၉ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ BLACKPINK အဖွဲ့က ဩဂုတ်လ ၈ရက်နေ့မှာ Fan Sign Eventကိုကျင်းပပြုလုပ်မှာဖြစ်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ Fan Letter များ၊ ပုံများ၊ဓာတ်ပုံများ၊ သူတို့ရဲ့အဖိုးတန်အမှတ်တရများအကြောင်း၊ BLACKPINK နဲ့ပတ် သက်တဲ့ဇာတ်လမ်းများကတဆင့် အကောင်းဆုံးဖော်ပြထားတဲ့ ပါဝင်ပြသသူ ၈၈ဦးကို ဖိတ်ခေါ်သွားမယ်လို့ သိရပါတယ်။ပရိသတ်များကို BLACKPINK ကိုချစ်ကြောင်းဖော်ပြတဲ့ ပို့စ်ကို Weverse မှာ #OUR_AREA_WITH_BLINK ဆိုတဲ့ hashtag ကို အသုံးပြုပြီး မျှဝေဖို့လိုအပ်ပါတယ်။

ဒီ hashtag ပါတဲ့ ပို့စ်များမှာ ထောက်ခံတဲ့ မှတ်ချက်များ များများရရှိသူက ရွေးချယ်ခံရရန်အခွင့်အလမ်းတိုးစေပါတယ်။ လူတစ်ဦးစီက ပို့စ်တစ်ခုသာ တင်သွင်းနိုင်ပြီးမသင့်လျော်တဲ့အကြောင်းအရာများကို ထည့်သွင်းရွေးချယ်သွားမှာမဟုတ်ပါဘူး။ Fan Sign Event အတွက် သတ်မှတ်ထားတဲ့ အချိန်နဲ့ တည်နေရာအသေးစိတ်ကိုကံထူးရှင်များကို တစ်ဦးချင်း အကြောင်းကြားပေးမှာဖြစ်ပါတယ်။ဒါ့အပြင် BLACKPINK က သူတို့ရဲ့ရှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဩဂုတ်လ ၃၁ရက်နေ့မှာ BLACKPINK WORLD TOUR [BORN PINK] IN CINEMAS” ဖျော်ဖြေပွဲကိုရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို “BORN PINK” ကမ္ဘာလှည့်ဖျော်ဖြေပွဲကနေတိုက် ရိုက်ဖျော်ဖြေမှုများကို ရိုက်ကူးထားတဲ့ အဆိုပါရုပ်ရှင်ကို နိုင်ငံပေါင်း ၁၁၀မှာပြသသွားမှာဖြစ်ပါတယ်။ ဒါက မိန်းကလေးအဖွဲ့ရဲ့ အကျယ်ပြန့်ဆုံးပြသနိုင်တဲ့ဖျော်ဖြေပွဲဇာတ်ကားဖြစ်လာတော့မှာဖြစ်ပါတယ်။

MYit

zawgyi

BLACKPINK အဖြဲ႕က သူတို႔ရဲ႕ ရွစ္ႏွစ္ေျမာက္ ပြဲဦးထြက္ႏွစ္ပတ္လည္ေန႔အတြက္ အထူး Fan Sign Event စီစဥ္ထားတယ္လို႔ ဇူလိုင္လ ၁၉ရက္ေန႔မွာ ေၾကညာခဲ့ပါတယ္။ BLACKPINK အဖြဲ႕က ဩဂုတ္လ ၈ရက္ေန႔မွာ Fan Sign Eventကိုက်င္းပျပဳလုပ္မွာျဖစ္ေၾကာင္း ေၾကညာခဲ့တာျဖစ္ပါတယ္။ Fan Letter မ်ား၊ ပုံမ်ား၊ဓာတ္ပုံမ်ား၊ သူတို႔ရဲ႕အဖိုးတန္အမွတ္တရမ်ားအေၾကာင္း၊ BLACKPINK နဲ႔ပတ္ သက္တဲ့ဇာတ္လမ္းမ်ားကတဆင့္ အေကာင္းဆုံးေဖာ္ျပထားတဲ့ ပါဝင္ျပသသူ ၈၈ဦးကို ဖိတ္ေခၚသြားမယ္လို႔ သိရပါတယ္။ပရိသတ္မ်ားကို BLACKPINK ကိုခ်စ္ေၾကာင္းေဖာ္ျပတဲ့ ပို႔စ္ကို Weverse မွာ #OUR_AREA_WITH_BLINK ဆိုတဲ့ hashtag ကို အသုံးျပဳၿပီး မွ်ေဝဖို႔လိုအပ္ပါတယ္။

ဒီ hashtag ပါတဲ့ ပို႔စ္မ်ားမွာ ေထာက္ခံတဲ့ မွတ္ခ်က္မ်ား မ်ားမ်ားရရွိသူက ေ႐ြးခ်ယ္ခံရရန္အခြင့္အလမ္းတိုးေစပါတယ္။ လူတစ္ဦးစီက ပို႔စ္တစ္ခုသာ တင္သြင္းႏိုင္ၿပီးမသင့္ေလ်ာ္တဲ့အေၾကာင္းအရာမ်ားကို ထည့္သြင္းေ႐ြးခ်ယ္သြားမွာမဟုတ္ပါဘူး။ Fan Sign Event အတြက္ သတ္မွတ္ထားတဲ့ အခ်ိန္နဲ႔ တည္ေနရာအေသးစိတ္ကိုကံထူးရွင္မ်ားကို တစ္ဦးခ်င္း အေၾကာင္းၾကားေပးမွာျဖစ္ပါတယ္။ဒါ့အျပင္ BLACKPINK က သူတို႔ရဲ႕ရွစ္ႏွစ္ျပည့္အထိမ္းအမွတ္အျဖစ္ ဩဂုတ္လ ၃၁ရက္ေန႔မွာ BLACKPINK WORLD TOUR [BORN PINK] IN CINEMAS” ေဖ်ာ္ေျဖပြဲကို႐ုံတင္ျပသေတာ့မွာျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကို “BORN PINK” ကမာၻလွည့္ေဖ်ာ္ေျဖပြဲကေနတိုက္ ႐ိုက္ေဖ်ာ္ေျဖမႈမ်ားကို ႐ိုက္ကူးထားတဲ့ အဆိုပါ႐ုပ္ရွင္ကို ႏိုင္ငံေပါင္း ၁၁၀မွာျပသသြားမွာျဖစ္ပါတယ္။ ဒါက မိန္းကေလးအဖြဲ႕ရဲ႕ အက်ယ္ျပန႔္ဆုံးျပသႏိုင္တဲ့ေဖ်ာ္ေျဖပြဲဇာတ္ကားျဖစ္လာေတာ့မွာျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*