အလုပ်သစ်ရှာတဲ့အချိန်ပဲဖြစ်ဖြစ်၊ အလုပ်စလုပ်ဖို့အလုပ်လျှောက်တဲ့အချိန်မှာပဲဖြစ်ဖြစ်အလုပ်ရှာဖွေခြင်းနဲ့ပတ်သက်ပြီး သင်ကြားဖူးနေကျအကြံပေးချက်တွေ၊အကြံပြုစကားတွေရှိပါလိမ့်မယ်။ အလုပ်တစ်ခုခုရှာဖွေနေချိန်မှာတော်တော်များများကဒီလိုယေဘုယျအကြံ ပေးစကားတွေကို ပြောလေ့ရှိကြပါတယ်။တချို့သောအကြံပြုချက်တွေကို သင့်အနေနဲ့ခေါင်းထဲမထည့်ဘဲလျစ်လျူရှုလို့ရပါတယ်။အဲဒီအထဲမှာဘယ်လိုအကြံပြုချက်တွေပါဝင်လဲဆိုရင် …
-အလုပ်ကိုလျှောက်နိုင်သမျှ များများလျှောက်ပါ။
(ဒီအကြံပြုချက်အစား ကိုယ်လည်းဝါသနာပါ၊ ကိုယ်နဲ့လည်းတကယ်သင့်တော်ပြီးရနိုင်ချေရှိတဲ့အလုပ်တွေကိုသာ လျှောက်ကြည့်သင့်ပါတယ်။)
-CV နဲ့ Resume ပေါ်မှာ အထင်ကြီးစရာဖြစ်အောင်အကုန်ထည့်သင့်တယ်။
(တကယ်တော့ ကိုယ်မတတ်ကျွမ်းတာတွေကို CV ပေါ်မှာရော အင်တာဗျူးမှာပါလိမ်မပြောသင့်ပါဘူး။ဒီလိုလိမ်တဲ့အခါ အင်တာဗျူးသူတွေကသတိထားမိကြပါတယ်။ဒါ့ကြောင့်အလုပ်ရဖို့ခက်ခဲတတ်ပါတယ်။)
-Resume ကိုရှည်နိုင်သမျှရှည်အောင်၊ အသေးစိတ်ပါအောင်ပြင်ဆင်သင့်တယ်။
(ဒါဟာလည်း မှားယွင်းတဲ့အကြံပြုချက်ဖြစ်ပါတယ်။ Resume ပေါ်မှာကိုယ်လျှောက်တဲ့အလုပ်နဲ့သင့်တော်ကိုက်ညီတဲ့ Skills နဲ့ Information တွေကိုပဲဖော်ပြဖို့လိုပါတယ်။)
-အလုပ်မရှိဘဲနေခဲ့တယ်ဆိုတာကို မသိစေနဲ့။
(အလုပ်လုပ်ခဲ့တဲ့သမိုင်းကြောင်းမှာ Gap ဖြစ်သွားတာမျိုး၊နှစ်အတော်ကြာအလုပ်မလုပ်ဘဲနေခဲ့တာမျိုးတွေကို ဖုံးကွယ်ထားဖို့မလိုပါဘူး။
ဘာ့ကြောင့်အလုပ်နားလိုက်ရပါတယ်ဆိုတာကို အပြုသဘောဖြစ်အောင် ပြောပြလို့ရပါတယ်။)
-အင်တာဗျူးဖြေတာက လေ့ကျင့်နေစရာမလိုပါဘူး။
(အင်တာဗျူးခန်းထဲဝင်ရင် စိတ်လှုပ်ရှားတာ၊ ကြောက်ရွံ့တာ၊ Confidence ရှိတာတွေဟာတစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး။ အင် တာဗျူးဖြေဖို့အတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်တာကအကောင်းဆုံးပါပဲ)
-ဘာပဲဖြစ်ဖြစ်ရတဲ့အလုပ်ကို လုပ်လိုက်။
(အလုပ်တစ်ခုကိုစတင်ပြီးရင် ပြောင်းလဲဖို့ခက်၊ ရုန်းထွက်ဖို့ခက်ပါတယ်။ ကိုယ်တကယ်လုပ်ချင်တဲ့Career နဲ့လည်းဝေးသွားတတ်ပါတယ်။ ဒါ့ကြောင့်ကိုယ်တကယ်ပျော်မယ့်အလုပ်မျိုးကိုသာလုပ်ဖို့အရေးကြီးပါတယ်)
-ပိုက်ဆံအများဆုံးရတဲ့အလုပ်ကို ရွေးလိုက်ပါ။
(ဒါဟာလည်းမှားယွင်းတဲ့အကြံပြုချက်ပါ။ ပိုက်ဆံနောက်လိုက်ပြီးအလုပ်ကိုရွေးချယ်ခဲ့ရင် နောက်ဆုံးမှာ Stress နဲ့ စိတ်မပျော်ရွှင်မှုရဲ့ဒဏ်ကိုမခံနိုင်ဘဲ အားလုံးကိုပစ်ချမိသွားပါလိမ့်မယ်။အရာအားလုံးကိုငွေကြေးနဲ့တိုင်းတာပြီး ဆုံးဖြတ်လို့မရနိုင်ပါဘူး)ဒါတွေကတော့ လူတွေပြောလေ့ရှိကြတဲ့ Job Search နဲ့ပတ်သက်တဲ့အကြံပြုချက်တွေပါ။ဒီအချက်တွေကိုတော့ လုံးဝလစ်လျူရှုပြီးမှန်ကန်တဲ့တွေးခေါ်မှုနဲ့သာအလုပ်အကိုင်ရှာဖွေနိုင်ကြပါစေနော်။
Ju Ju
zawgyi
အလုပ္သစ္ရွာတဲ့အခ်ိန္ပဲျဖစ္ျဖစ္၊ အလုပ္စလုပ္ဖို႔အလုပ္ေလွ်ာက္တဲ့အခ်ိန္မွာပဲျဖစ္ျဖစ္အလုပ္ရွာေဖြျခင္းနဲ႔ပတ္သက္ၿပီး သင္ၾကားဖူးေနက်အႀကံေပးခ်က္ေတြ၊အႀကံျပဳစကားေတြရွိပါလိမ့္မယ္။ အလုပ္တစ္ခုခုရွာေဖြေနခ်ိန္မွာေတာ္ေတာ္မ်ားမ်ားကဒီလိုေယဘုယ်အႀကံ ေပးစကားေတြကို ေျပာေလ့ရွိၾကပါတယ္။တခ်ိဳ႕ေသာအႀကံျပဳခ်က္ေတြကို သင့္အေနနဲ႔ေခါင္းထဲမထည့္ဘဲလ်စ္လ်ဴရႈလို႔ရပါတယ္။အဲဒီအထဲမွာဘယ္လိုအႀကံျပဳခ်က္ေတြပါဝင္လဲဆိုရင္ …
-အလုပ္ကိုေလွ်ာက္ႏိုင္သမွ် မ်ားမ်ားေလွ်ာက္ပါ။
(ဒီအႀကံျပဳခ်က္အစား ကိုယ္လည္းဝါသနာပါ၊ ကိုယ္နဲ႔လည္းတကယ္သင့္ေတာ္ၿပီးရႏိုင္ေခ်ရွိတဲ့အလုပ္ေတြကိုသာ ေလွ်ာက္ၾကည့္သင့္ပါတယ္။)
-CV နဲ႔ Resume ေပၚမွာ အထင္ႀကီးစရာျဖစ္ေအာင္အကုန္ထည့္သင့္တယ္။
(တကယ္ေတာ့ ကိုယ္မတတ္ကြၽမ္းတာေတြကို CV ေပၚမွာေရာ အင္တာဗ်ဴးမွာပါလိမ္မေျပာသင့္ပါဘူး။ဒီလိုလိမ္တဲ့အခါ အင္တာဗ်ဴးသူေတြကသတိထားမိၾကပါတယ္။ဒါ့ေၾကာင့္အလုပ္ရဖို႔ခက္ခဲတတ္ပါတယ္။)
-Resume ကိုရွည္ႏိုင္သမွ်ရွည္ေအာင္၊ အေသးစိတ္ပါေအာင္ျပင္ဆင္သင့္တယ္။
(ဒါဟာလည္း မွားယြင္းတဲ့အႀကံျပဳခ်က္ျဖစ္ပါတယ္။ Resume ေပၚမွာကိုယ္ေလွ်ာက္တဲ့အလုပ္နဲ႔သင့္ေတာ္ကိုက္ညီတဲ့ Skills နဲ႔ Information ေတြကိုပဲေဖာ္ျပဖို႔လိုပါတယ္။)
-အလုပ္မရွိဘဲေနခဲ့တယ္ဆိုတာကို မသိေစနဲ႔။
(အလုပ္လုပ္ခဲ့တဲ့သမိုင္းေၾကာင္းမွာ Gap ျဖစ္သြားတာမ်ိဳး၊ႏွစ္အေတာ္ၾကာအလုပ္မလုပ္ဘဲေနခဲ့တာမ်ိဳးေတြကို ဖုံးကြယ္ထားဖို႔မလိုပါဘူး။
ဘာ့ေၾကာင့္အလုပ္နားလိုက္ရပါတယ္ဆိုတာကို အျပဳသေဘာျဖစ္ေအာင္ ေျပာျပလို႔ရပါတယ္။)
-အင္တာဗ်ဴးေျဖတာက ေလ့က်င့္ေနစရာမလိုပါဘူး။
(အင္တာဗ်ဴးခန္းထဲဝင္ရင္ စိတ္လႈပ္ရွားတာ၊ ေၾကာက္႐ြံ႕တာ၊ Confidence ရွိတာေတြဟာတစ္ေယာက္နဲ႔တစ္ေယာက္မတူႏိုင္ပါဘူး။ အင္ တာဗ်ဴးေျဖဖို႔အတြက္ ႀကိဳတင္ျပင္ဆင္ေလ့က်င့္တာကအေကာင္းဆုံးပါပဲ)
-ဘာပဲျဖစ္ျဖစ္ရတဲ့အလုပ္ကို လုပ္လိုက္။
(အလုပ္တစ္ခုကိုစတင္ၿပီးရင္ ေျပာင္းလဲဖို႔ခက္၊ ႐ုန္းထြက္ဖို႔ခက္ပါတယ္။ ကိုယ္တကယ္လုပ္ခ်င္တဲ့Career နဲ႔လည္းေဝးသြားတတ္ပါတယ္။ ဒါ့ေၾကာင့္ကိုယ္တကယ္ေပ်ာ္မယ့္အလုပ္မ်ိဳးကိုသာလုပ္ဖို႔အေရးႀကီးပါတယ္)
-ပိုက္ဆံအမ်ားဆုံးရတဲ့အလုပ္ကို ေ႐ြးလိုက္ပါ။
(ဒါဟာလည္းမွားယြင္းတဲ့အႀကံျပဳခ်က္ပါ။ ပိုက္ဆံေနာက္လိုက္ၿပီးအလုပ္ကိုေ႐ြးခ်ယ္ခဲ့ရင္ ေနာက္ဆုံးမွာ Stress နဲ႔ စိတ္မေပ်ာ္႐ႊင္မႈရဲ႕ဒဏ္ကိုမခံႏိုင္ဘဲ အားလုံးကိုပစ္ခ်မိသြားပါလိမ့္မယ္။အရာအားလုံးကိုေငြေၾကးနဲ႔တိုင္းတာၿပီး ဆုံးျဖတ္လို႔မရႏိုင္ပါဘူး)ဒါေတြကေတာ့ လူေတြေျပာေလ့ရွိၾကတဲ့ Job Search နဲ႔ပတ္သက္တဲ့အႀကံျပဳခ်က္ေတြပါ။ဒီအခ်က္ေတြကိုေတာ့ လုံးဝလစ္လ်ဴရႈၿပီးမွန္ကန္တဲ့ေတြးေခၚမႈနဲ႔သာအလုပ္အကိုင္ရွာေဖြႏိုင္ၾကပါေစေနာ္။
Ju Ju
Leave a Reply