လူတိုင်းမှာ မတူညီတဲ့ အသက်မွေးဝမ်းကြောင်း ရွေးချယ်မှုတွေ ရှိကြပါတယ်။ တကယ်လို့သင်က တက္ကသိုလ်၊ ကောလိပ်တွေကနေ ဘွဲ့ရမဟုတ်ခဲ့ဖူးဆိုရင် အကန့်အသတ်ရှိတဲ့အခွင့်အလမ်းတွေနဲ့ ရင်ဆိုင်နိုင်ရပါတယ်။ ဒါမှမဟုတ်ရင်အသက်မွေးဝမ်းကျောင်းအတတ်ပညာတခုခုကိုရွေးချယ်ပြီး Entry-Level ကတည်းကလစာကောင်းတဲ့အလုပ်တခုခုကိုရွေးချယ်နိုင်ပါတယ်။ အခုတော့ ဘယ်အလုပ်တွေက Entry-level မှာကတည်းက လစာများနေတဲ့အလုပ်တွေများဖြစ်မလဲ။ ဒါကတော့နိုင်ငံတကာအလုပ်အကိုင်ဈေးကွက်တွေကနေ ကောက်ထားတဲ့ စစ်တမ်းတွေ၊လုပ်ခလစာတွေပဲဖြစ်ပါတယ်။
အိမ်ခြံမြေကိုယ်စားလှယ်
ဒီအလုပ်က ကော်မရှင်ကိုအခြေပြုတဲ့ လစာပေးချေမှုပုံစံကြောင့် တခြားအလုပ်တွေထက်လစာပိုများပါတယ်။ ဈေးကြီးတဲ့အိမ်ခြံမြေတခုခုကို ရောင်းချလိုက်နိုင်မယ်ဆိုရင် နှစ်စဉ်ပျမ်းမျှဒေါ်လာ တသိန်းကျော်လစာရနိုင်ပါတယ်။ ဒီအလုပ်က လူတွေနဲ့ဆက်ဆံပြောဆိုရတာကို
နှစ်သက်သူတိုင်းအတွက် လိုက်ဖက်တဲ့အလုပ်၊ ကောင်းမွန်တဲ့အလုပ်ဖြစ်ပြီး ကိုယ့်ရဲ့စကားပြောဆိုမှုစွမ်းရည်၊ စေ့စပ်ညှိနိုင်းမှုစွမ်းရည်တွေက အထောက်အကူဖြစ်နိုင်ပါတယ်။ဒီအလုပ်မှာ ဘွဲ့လက်မှတ်တွေ၊ အတွေ့အကြုံတွေမလိုအပ်ပါဘူး။ဒီလိုအိမ်ခြံမြေအေဂျင့်တဦးဖြစ်လာဖို့အတွက်တော့ အတွေ့အကြုံမလိုအပ်ပေမဲ့အကြမ်းဖျင်းအနေနဲ့ကတော့ ၄လကနေ ၆လအထိကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။လိုင် စင်အတွက် စားမေးပွဲဖြေဆိုအောင်မြင်ဖို့လိုပါတယ်။
Software Developer
အချို့ဆော့ဖ်ဝဲလ်ကုမ္ပဏီများက ကွန်ပြူတာသိပ္ပံဘွဲ့တစ်ခုလိုအပ်ပေမဲ့ တခြားအဖွဲ့တွေကတော့ပရော်ဖက်ရှင်နယ်အတွေ့အကြုံကို ကျောင်းပညာရေးနဲ့အဆင့်မခွဲခြားပဲအကောင်းဆုံးနဲ့အရည်အချင်းရှိသူများကို ရှာဖွေကြပါတယ်။အလုပ်အကိုင်ဈေးကွက်အတွင်းမှာ လို အပ်ချက်အများဆုံးနဲ့ လစာအများဆုံးရတဲ့အလုပ်များထဲက တခုလည်းဖြစ်ပါတယ်။ ဒီအတွက်လေ့လာဖို့ ၃လကနေ၆လအထိကြာမြင့်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံတကာမှာတော့ ဒီအလုပ်အတွက်တနှစ်ပျမ်းမျှလစာက ဒေါ်လာ ၁သိန်း ၃သောင်းကျော်ဖြစ်ပါတယ်။
ဂရပ်ဖစ်ဒီဇိုင်နာ
သင့်မှာ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ အနုပညာစွမ်းရည်များရှိပါကဂရပ်ဖစ်ဒီဇိုင်နာတစ်ဦးဖြစ်လာတာက လစာမြင့်မားပြီး Entry-level တွေအတွက်ခိုင်မာတဲ့အလုပ်အကိုင်တခုလည်းဖြစ်ပါတယ်။ ကုမ္ပဏီများနဲ့ လူတစ်ဦးချင်းစီက သူတို့ရဲ့အရောင်းမြှင့်တင်ရေးအချက်အလက်များကို မျှဝေရာမှာ ကူညီရန်ဒီဇိုင်းရေးဆွဲရမယ့်အလုပ်ဖြစ်ပါတယ်။ ဥပမာအဝတ်အစားကုမ္ပဏီအတွက်ဆိုရှယ်မီဒီယာပို့စ်များကို ဖန်းတီးတာဖြစ်စေ၊ ကော်ဖီဆိုင်တခုအတွက် စွဲမက်ဖွယ်မီနူးတခုကိုဖန်တီးတာမျိုးဖြစ်စေလုပ်ကိုင်ရမှာြဖစ်ပါတယ်။ ဒီအလုပ်ကအတွေ့အကြုံမလိုပါဘူး။ကိုယ့်ရဲ့ဖန်တီးခြင်းအတတ်ပညာတခုသာ လိုအပ်ပါတယ်။ နိုင်ငံတကာမှာတော့ဂရပ်ဖစ်ဒီဇိုင်နာတဦးက နှစ်စဉ်ဝင်ငွေက ၆ သောင်းကျော်ဖြစ်ပါတယ်။
ကိုယ့်ရဲ့အတွေ့အကြုံနဲ့ကျွမ်းကျင်မှုပေါ်မူတည်ပြီး တိုးတက်လာနိုင်ပါသေးတယ်။ငွေကြေးချမ်းသာခြင်းက စိတ်ရဲ့ချမ်းသာမှုကို ဖြစ်စေပါတယ်။ သင့်မှာအရေးပေါ်အခြေအနေအတွက် စုဆောင်းငွေရှိတာက ပိုပြီးစိတ်လုံခြုံမှုဖြစ်စေပါတယ်။ပြီးတော့အလုပ်ဘဝဟန်ချက်ညီမှုကို ထူထောင်နိုင်ပါတယ်။ အလုပ်မှာလစာကောင်းတာကတည်ငြိမ်တဲ့ဘဝကို ဖန်တီးတည်ဆောက်ဖို့ သေချာစေပါတယ်။အသက် မွေးဝမ်းကျောင်းအလုပ်တွေကတော့ တဦးနဲ့တဦး မတူညီနိုင်ပါဘူး။ကိုယ့်ရဲ့စိတ်ဆန္ဒနဲ့အိပ်မက်နောက်ကို လိုက်ပြီး ဖြစ်နိုင်ချေရှိတဲ့ ဆုံးဖြတ် ချက်ကိုချဖို့လိုပါတယ်။
MYit
zawgyi
လူတိုင္းမွာ မတူညီတဲ့ အသက္ေမြးဝမ္းေၾကာင္း ေ႐ြးခ်ယ္မႈေတြ ရွိၾကပါတယ္။ တကယ္လို႔သင္က တကၠသိုလ္၊ ေကာလိပ္ေတြကေန ဘြဲ႕ရမဟုတ္ခဲ့ဖူးဆိုရင္ အကန႔္အသတ္ရွိတဲ့အခြင့္အလမ္းေတြနဲ႔ ရင္ဆိုင္ႏိုင္ရပါတယ္။ ဒါမွမဟုတ္ရင္အသက္ေမြးဝမ္းေက်ာင္းအတတ္ပညာတခုခုကိုေ႐ြးခ်ယ္ၿပီး Entry-Level ကတည္းကလစာေကာင္းတဲ့အလုပ္တခုခုကိုေ႐ြးခ်ယ္ႏိုင္ပါတယ္။ အခုေတာ့ ဘယ္အလုပ္ေတြက Entry-level မွာကတည္းက လစာမ်ားေနတဲ့အလုပ္ေတြမ်ားျဖစ္မလဲ။ ဒါကေတာ့ႏိုင္ငံတကာအလုပ္အကိုင္ေဈးကြက္ေတြကေန ေကာက္ထားတဲ့ စစ္တမ္းေတြ၊လုပ္ခလစာေတြပဲျဖစ္ပါတယ္။
အိမ္ၿခံေျမကိုယ္စားလွယ္
ဒီအလုပ္က ေကာ္မရွင္ကိုအေျချပဳတဲ့ လစာေပးေခ်မႈပုံစံေၾကာင့္ တျခားအလုပ္ေတြထက္လစာပိုမ်ားပါတယ္။ ေဈးႀကီးတဲ့အိမ္ၿခံေျမတခုခုကို ေရာင္းခ်လိုက္ႏိုင္မယ္ဆိုရင္ ႏွစ္စဥ္ပ်မ္းမွ်ေဒၚလာ တသိန္းေက်ာ္လစာရႏိုင္ပါတယ္။ ဒီအလုပ္က လူေတြနဲ႔ဆက္ဆံေျပာဆိုရတာကို
ႏွစ္သက္သူတိုင္းအတြက္ လိုက္ဖက္တဲ့အလုပ္၊ ေကာင္းမြန္တဲ့အလုပ္ျဖစ္ၿပီး ကိုယ့္ရဲ႕စကားေျပာဆိုမႈစြမ္းရည္၊ ေစ့စပ္ညႇိႏိုင္းမႈစြမ္းရည္ေတြက အေထာက္အကူျဖစ္ႏိုင္ပါတယ္။ဒီအလုပ္မွာ ဘြဲ႕လက္မွတ္ေတြ၊ အေတြ႕အႀကဳံေတြမလိုအပ္ပါဘူး။ဒီလိုအိမ္ၿခံေျမေအဂ်င့္တဦးျဖစ္လာဖို႔အတြက္ေတာ့ အေတြ႕အႀကဳံမလိုအပ္ေပမဲ့အၾကမ္းဖ်င္းအေနနဲ႔ကေတာ့ ၄လကေန ၆လအထိႀကိဳတင္ျပင္ဆင္ထားသင့္ပါတယ္။လိုင္ စင္အတြက္ စားေမးပြဲေျဖဆိုေအာင္ျမင္ဖို႔လိုပါတယ္။
Software Developer
အခ်ိဳ႕ေဆာ့ဖ္ဝဲလ္ကုမၸဏီမ်ားက ကြန္ျပဴတာသိပၸံဘြဲ႕တစ္ခုလိုအပ္ေပမဲ့ တျခားအဖြဲ႕ေတြကေတာ့ပေရာ္ဖက္ရွင္နယ္အေတြ႕အႀကဳံကို ေက်ာင္းပညာေရးနဲ႔အဆင့္မခြဲျခားပဲအေကာင္းဆုံးနဲ႔အရည္အခ်င္းရွိသူမ်ားကို ရွာေဖြၾကပါတယ္။အလုပ္အကိုင္ေဈးကြက္အတြင္းမွာ လို အပ္ခ်က္အမ်ားဆုံးနဲ႔ လစာအမ်ားဆုံးရတဲ့အလုပ္မ်ားထဲက တခုလည္းျဖစ္ပါတယ္။ ဒီအတြက္ေလ့လာဖို႔ ၃လကေန၆လအထိၾကာျမင့္ႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။ ႏိုင္ငံတကာမွာေတာ့ ဒီအလုပ္အတြက္တႏွစ္ပ်မ္းမွ်လစာက ေဒၚလာ ၁သိန္း ၃ေသာင္းေက်ာ္ျဖစ္ပါတယ္။
ဂရပ္ဖစ္ဒီဇိုင္နာ
သင့္မွာ တီထြင္ဖန္တီးႏိုင္စြမ္းနဲ႔ အႏုပညာစြမ္းရည္မ်ားရွိပါကဂရပ္ဖစ္ဒီဇိုင္နာတစ္ဦးျဖစ္လာတာက လစာျမင့္မားၿပီး Entry-level ေတြအတြက္ခိုင္မာတဲ့အလုပ္အကိုင္တခုလည္းျဖစ္ပါတယ္။ ကုမၸဏီမ်ားနဲ႔ လူတစ္ဦးခ်င္းစီက သူတို႔ရဲ႕အေရာင္းျမႇင့္တင္ေရးအခ်က္အလက္မ်ားကို မွ်ေဝရာမွာ ကူညီရန္ဒီဇိုင္းေရးဆြဲရမယ့္အလုပ္ျဖစ္ပါတယ္။ ဥပမာအဝတ္အစားကုမၸဏီအတြက္ဆိုရွယ္မီဒီယာပို႔စ္မ်ားကို ဖန္းတီးတာျဖစ္ေစ၊ ေကာ္ဖီဆိုင္တခုအတြက္ စြဲမက္ဖြယ္မီႏူးတခုကိုဖန္တီးတာမ်ိဳးျဖစ္ေစလုပ္ကိုင္ရမွာျဖစ္ပါတယ္။ ဒီအလုပ္ကအေတြ႕အႀကဳံမလိုပါဘူး။ကိုယ့္ရဲ႕ဖန္တီးျခင္းအတတ္ပညာတခုသာ လိုအပ္ပါတယ္။ ႏိုင္ငံတကာမွာေတာ့ဂရပ္ဖစ္ဒီဇိုင္နာတဦးက ႏွစ္စဥ္ဝင္ေငြက ၆ ေသာင္းေက်ာ္ျဖစ္ပါတယ္။
ကိုယ့္ရဲ႕အေတြ႕အႀကဳံနဲ႔ကြၽမ္းက်င္မႈေပၚမူတည္ၿပီး တိုးတက္လာႏိုင္ပါေသးတယ္။ေငြေၾကးခ်မ္းသာျခင္းက စိတ္ရဲ႕ခ်မ္းသာမႈကို ျဖစ္ေစပါတယ္။ သင့္မွာအေရးေပၚအေျခအေနအတြက္ စုေဆာင္းေငြရွိတာက ပိုၿပီးစိတ္လုံၿခဳံမႈျဖစ္ေစပါတယ္။ၿပီးေတာ့အလုပ္ဘဝဟန္ခ်က္ညီမႈကို ထူေထာင္ႏိုင္ပါတယ္။ အလုပ္မွာလစာေကာင္းတာကတည္ၿငိမ္တဲ့ဘဝကို ဖန္တီးတည္ေဆာက္ဖို႔ ေသခ်ာေစပါတယ္။အသက္ ေမြးဝမ္းေက်ာင္းအလုပ္ေတြကေတာ့ တဦးနဲ႔တဦး မတူညီႏိုင္ပါဘူး။ကိုယ့္ရဲ႕စိတ္ဆႏၵနဲ႔အိပ္မက္ေနာက္ကို လိုက္ၿပီး ျဖစ္ႏိုင္ေခ်ရွိတဲ့ ဆုံးျဖတ္ ခ်က္ကိုခ်ဖို႔လိုပါတယ္။
MYit
Leave a Reply