တစ်ရက်အတွင်းကြည့်ရှုသူ ၂၂ သန်းကျော်ခဲ့တဲ့ Baby Monster ရဲ့ Batter Up MV

YG ကနိုဝင်ဘာလအတွင်းတရားဝင်မိတ်ဆက်လာတဲ့ Baby Monster အဖွဲ့ရဲ့ပွဲဦးထွက်သီချင်း Music Video ထွက်ရှိလာပြီဖြစ်ပါတယ်။ သူတို့ရဲ့ပွဲဦးထွက်သီချင်း Batter Up အတွက် MV ကို နိုဝင်ဘာလ ၂၆ ရက်နေ့က You Tube ပေါ်တင်ခဲ့တာဖြစ်ပါတယ်။ဒီ MV ဟာ ၂၇ ရက်ညအထိ ကြည့်ရှုသူ ၂၂ သန်းကျော်နေပြီဖြစ်ပြီး Trending For Music မှာ နံပါတ် ၂ နေရာကိုရောက်ရှိနေတာတွေ့ရပါတယ်။ Baby Monster ရဲ့ Official You Tube Channel မှာတော့ Subscribers ၃.၅၂ သန်းရရှိနေပြီဖြစ်ပါတယ်။

လက်ရှိထွက်ထားတဲ့ MV ထဲမှာ အဖွဲ့ဝင် ၆ ယောက်လုံးရဲ့ အဆို၊ အက၊ Rap နဲ့ Performance ပိုင်းတွေကိုသိသာထင်ရှားအောင် ရိုက်ကူးပြသခဲ့တာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ သီချင်းရဲ့ YouTube Video အောက်မှာလည်း နိုင်ငံတကာကပရိသတ်တွေရဲ့ ကောင်းတဲ့ Comment အများအပြား ရရှိထားနိုင်တာကိုတွေ့မြင်ရပါတယ်။ တချို့ပရိသတ်တွေကတော့ လက်ရှိတင်ဆက်မှုဟာ YG ရဲ့ ရိုးအီနေတဲ့ပုံစံဖြစ်ပြီးထူးခြားဆန်းသစ်မှုမရှိဘူးလို့ ဝေဖန်ထားကြတာကိုလည်းတွေ့ရပါတယ်။ Baby Monster အဖွဲ့မှာ Ruka ၊ Pharita ၊ Asa ၊ Ahyeon ၊ Rami ၊ Rora နဲ့ Chiquita စတဲ့အဖွဲ့ဝင် ၇ ယောက်ပါရှိပြီး Ahyeon ကတော့ကျန်းမာရေးအခြေအနေကြောင့်လှုပ်ရှားမှုတွေခဏရပ်နားထားရတယ်လို့ သိရပါတယ်။

Ju Ju

zawgyi

YG ကႏိုဝင္ဘာလအတြင္းတရားဝင္မိတ္ဆက္လာတဲ့ Baby Monster အဖြဲ႕ရဲ႕ပြဲဦးထြက္သီခ်င္း Music Video ထြက္ရွိလာၿပီျဖစ္ပါတယ္။ သူတို႔ရဲ႕ပြဲဦးထြက္သီခ်င္း Batter Up အတြက္ MV ကို ႏိုဝင္ဘာလ ၂၆ ရက္ေန႔က You Tube ေပၚတင္ခဲ့တာျဖစ္ပါတယ္။ဒီ MV ဟာ ၂၇ ရက္ညအထိ ၾကည့္ရႈသူ ၂၂ သန္းေက်ာ္ေနၿပီျဖစ္ၿပီး Trending For Music မွာ နံပါတ္ ၂ ေနရာကိုေရာက္ရွိေနတာေတြ႕ရပါတယ္။ Baby Monster ရဲ႕ Official You Tube Channel မွာေတာ့ Subscribers ၃.၅၂ သန္းရရွိေနၿပီျဖစ္ပါတယ္။

လက္ရွိထြက္ထားတဲ့ MV ထဲမွာ အဖြဲ႕ဝင္ ၆ ေယာက္လုံးရဲ႕ အဆို၊ အက၊ Rap နဲ႔ Performance ပိုင္းေတြကိုသိသာထင္ရွားေအာင္ ႐ိုက္ကူးျပသခဲ့တာကိုေတြ႕ျမင္ရမွာျဖစ္ပါတယ္။ သီခ်င္းရဲ႕ YouTube Video ေအာက္မွာလည္း ႏိုင္ငံတကာကပရိသတ္ေတြရဲ႕ ေကာင္းတဲ့ Comment အမ်ားအျပား ရရွိထားႏိုင္တာကိုေတြ႕ျမင္ရပါတယ္။ တခ်ိဳ႕ပရိသတ္ေတြကေတာ့ လက္ရွိတင္ဆက္မႈဟာ YG ရဲ႕ ႐ိုးအီေနတဲ့ပုံစံျဖစ္ၿပီးထူးျခားဆန္းသစ္မႈမရွိဘူးလို႔ ေဝဖန္ထားၾကတာကိုလည္းေတြ႕ရပါတယ္။ Baby Monster အဖြဲ႕မွာ Ruka ၊ Pharita ၊ Asa ၊ Ahyeon ၊ Rami ၊ Rora နဲ႔ Chiquita စတဲ့အဖြဲ႕ဝင္ ၇ ေယာက္ပါရွိၿပီး Ahyeon ကေတာ့က်န္းမာေရးအေျခအေနေၾကာင့္လႈပ္ရွားမႈေတြခဏရပ္နားထားရတယ္လို႔ သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*