အသည်းခွဲတာနာမည်ကြီးတဲ့ ရာသီခွင် (၄)ခု

ချစ်မေတ္တာရေးမှာ လှိုင်းထနေတဲ့ ရေပြင်ကို သင်လျှောက်လှမ်းနေရပါသလား။စကြဝဠာကြီးက သင့်အတွက် သဲလွန်စအချို့တော့ရှိနေနိုင်ပါတယ်။ နက္ခတ်ဗေဒင်အရအသည်းခွဲတာ ကျွမ်းကျင်တဲ့ ရာသီခွင်လေးခုကို ဖော်ထုတ်ထားပါတယ်။ ဒါကို Entertainmentအနေနဲ့ပဲဖတ်ရှုကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

Scorpio: October 23-November 21
Scorpios များက ပြင်းထန်တဲ့စိတ်အားထက်သန်မှုနဲ့ သံလိုက်လိုဆွဲဆောင်မှုကြောင့်လူသိများပါတယ်။ သူတို့ရဲ့ လေးနက်တဲ့စိတ်ခံစားမှုများမှာ တခါတလေမှာ မနာလိုမှု၊ပိုင်ဆိုင်လိုမှုနဲ့ ဆက်ဆံရေးမှာ ခြယ်လှယ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ သူတို့ကသစ္စာစောင့်သိမှုကိုတောင့်တကြပြီး သူတို့ကိုယ်တိုင်လည်းပြင်းထန်စွာသစ္စာရှိမှုကိုလက်ကိုင်ထားကြပါတယ်။ ဒါပေမဲ့ သူတို့ကနာကျင်ရပါများလာရင်တော့ နောက်မလှည့်တမ်း ထွက်သွားနိုင်ပါတယ်။ ဒါကြောင့်ပဲအသည်းခွဲတယ်လို့ နာမည်ကြီးတာဖြစ်ပါတယ်။

Gemini : May 21-June 20
Geminis များကလည်း ဆွဲဆောင်မှုရှိပြီး လိုက်လျောညီထွေရှိကြပေမဲ့ သူတို့ရဲ့သဘာဝနှစ်ခုကသူတို့ကိုတွယ်ကပ်နေစေဖို့ ခက်ခဲပါတယ်။ လွတ်လပ်မှုနဲ့ ကွဲပြားမှုကိုတန်ဖိုးထားကြပြီး တခါတရံကတိကဝတ်ပြုခြင်းကို ကြောက်ရွံ့တတ်ကြပြီးဆက်ဆံရေးရေးကိုအလွယ်တကူငြီးငွေ့လာနိုင်ပါတယ်။ သူတို့က သူတို့ချစ်သူအပေါ်မှာစိတ်ပိုင်းဆိုင်ရာအရ လျစ်လျူရှုတာ ဒါမှမဟုတ် မဖြည့်ဆည်းပေးနိုင်တာတွေဖြစ် လာနိုင်ပြီးတဖက်လူက အသည်းကွဲရတတ်ပါတယ်။

Aries: March 21-April 19
Aries တွေက တဦးချင်းစီရဲ့ စိတ်အားထက်သန်မှု၊ တက်ကြွမှုကို တွန်းအားပေးတတ်ကြပါတယ်။စိတ်လှုပ်ရှားမှုနဲ့ စွန့်စားမှုများကို သူတို့ရဲ့လိုအပ်ချက်များအတွက်ဦးစားပေးလုပ်ဆောင်တတ်တာကြောင့် ချစ်တဲ့သူတွေနဲ့ ပဋိပက္ခဖြစ်ကြရပြီးနားလည်မှုလွဲကြရပါတယ်။ ဒီရာသီ ခွင်တွေက တောက်လောင်တဲ့အချစ်ကို မွေးဖွားနိုင်ပေမဲ့ပြင်းထန်တဲ့ လမ်းခွဲမှုများကိုလည်း ဖြစ်စေနိုင်ပါတယ်။

Pisces: February 19-March 20
Pisceans များက သနားကြင်နာတတ်ပြီး စာနာတတ်သော စိတ်ဝိညာဉ်များရှိကြပါတယ်။သူတို့ရဲ့ ဆက်ဆံရေးမှာ နက်နဲတဲ့ စိတ်ခံစားချက်များကို ချိတ်ဆက်ထားကြပြီးသူတို့ရဲ့သိမ်မွေ့တဲ့ သဘောသဘာဝနဲ့ ခြယ်လှယ်တာ၊ လှည့်စားတာတို့ကို ခံနိုင်ရည်ရှိကြပါတယ်။သူတို့ရဲ့ချစ်သူတွေကို စံနမူနာပြုလိုတဲ့ သဘောထားပြီး ချစ်တဲ့သူတွေရဲ့ အနီရောင်အလံများကိုမေ့ထားနိုင်ကြပါတယ်။ သူတို့က မကျန်းမာတဲ့ ဆက်ဆံရေးမှာအကြာကြီးနေနိုင်ပြီးနောက်ဆုံးမှာ အသည်းကွဲမယ့်လမ်းကိုရွေးချယ်သွားကြပါတယ်။

MYit

zawgyi

ခ်စ္ေမတၱာေရးမွာ လႈိင္းထေနတဲ့ ေရျပင္ကို သင္ေလွ်ာက္လွမ္းေနရပါသလား။စၾကဝဠာႀကီးက သင့္အတြက္ သဲလြန္စအခ်ိဳ႕ေတာ့ရွိေနႏိုင္ပါတယ္။ နကၡတ္ေဗဒင္အရအသည္းခြဲတာ ကြၽမ္းက်င္တဲ့ ရာသီခြင္ေလးခုကို ေဖာ္ထုတ္ထားပါတယ္။ ဒါကို Entertainmentအေနနဲ႔ပဲဖတ္ရႈၾကဖို႔ ေမတၱာရပ္ခံလိုပါတယ္။

Scorpio: October 23-November 21
Scorpios မ်ားက ျပင္းထန္တဲ့စိတ္အားထက္သန္မႈနဲ႔ သံလိုက္လိုဆြဲေဆာင္မႈေၾကာင့္လူသိမ်ားပါတယ္။ သူတို႔ရဲ႕ ေလးနက္တဲ့စိတ္ခံစားမႈမ်ားမွာ တခါတေလမွာ မနာလိုမႈ၊ပိုင္ဆိုင္လိုမႈနဲ႔ ဆက္ဆံေရးမွာ ျခယ္လွယ္ျခင္းတို႔ကို ျဖစ္ေစႏိုင္ပါတယ္။ သူတို႔ကသစၥာေစာင့္သိမႈကိုေတာင့္တၾကၿပီး သူတို႔ကိုယ္တိုင္လည္းျပင္းထန္စြာသစၥာရွိမႈကိုလက္ကိုင္ထားၾကပါတယ္။ ဒါေပမဲ့ သူတို႔ကနာက်င္ရပါမ်ားလာရင္ေတာ့ ေနာက္မလွည့္တမ္း ထြက္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ပဲအသည္းခြဲတယ္လို႔ နာမည္ႀကီးတာျဖစ္ပါတယ္။

Gemini : May 21-June 20
Geminis မ်ားကလည္း ဆြဲေဆာင္မႈရွိၿပီး လိုက္ေလ်ာညီေထြရွိၾကေပမဲ့ သူတို႔ရဲ႕သဘာဝႏွစ္ခုကသူတို႔ကိုတြယ္ကပ္ေနေစဖို႔ ခက္ခဲပါတယ္။ လြတ္လပ္မႈနဲ႔ ကြဲျပားမႈကိုတန္ဖိုးထားၾကၿပီး တခါတရံကတိကဝတ္ျပဳျခင္းကို ေၾကာက္႐ြံ႕တတ္ၾကၿပီးဆက္ဆံေရးေရးကိုအလြယ္တကူၿငီးေငြ႕လာႏိုင္ပါတယ္။ သူတို႔က သူတို႔ခ်စ္သူအေပၚမွာစိတ္ပိုင္းဆိုင္ရာအရ လ်စ္လ်ဴရႈတာ ဒါမွမဟုတ္ မျဖည့္ဆည္းေပးႏိုင္တာေတြျဖစ္ လာႏိုင္ၿပီးတဖက္လူက အသည္းကြဲရတတ္ပါတယ္။

Aries: March 21-April 19
Aries ေတြက တဦးခ်င္းစီရဲ႕ စိတ္အားထက္သန္မႈ၊ တက္ႂကြမႈကို တြန္းအားေပးတတ္ၾကပါတယ္။စိတ္လႈပ္ရွားမႈနဲ႔ စြန႔္စားမႈမ်ားကို သူတို႔ရဲ႕လိုအပ္ခ်က္မ်ားအတြက္ဦးစားေပးလုပ္ေဆာင္တတ္တာေၾကာင့္ ခ်စ္တဲ့သူေတြနဲ႔ ပဋိပကၡျဖစ္ၾကရၿပီးနားလည္မႈလြဲၾကရပါတယ္။ ဒီရာသီ ခြင္ေတြက ေတာက္ေလာင္တဲ့အခ်စ္ကို ေမြးဖြားႏိုင္ေပမဲ့ျပင္းထန္တဲ့ လမ္းခြဲမႈမ်ားကိုလည္း ျဖစ္ေစႏိုင္ပါတယ္။

Pisces: February 19-March 20
Pisceans မ်ားက သနားၾကင္နာတတ္ၿပီး စာနာတတ္ေသာ စိတ္ဝိညာဥ္မ်ားရွိၾကပါတယ္။သူတို႔ရဲ႕ ဆက္ဆံေရးမွာ နက္နဲတဲ့ စိတ္ခံစားခ်က္မ်ားကို ခ်ိတ္ဆက္ထားၾကၿပီးသူတို႔ရဲ႕သိမ္ေမြ႕တဲ့ သေဘာသဘာဝနဲ႔ ျခယ္လွယ္တာ၊ လွည့္စားတာတို႔ကို ခံႏိုင္ရည္ရွိၾကပါတယ္။သူတို႔ရဲ႕ခ်စ္သူေတြကို စံနမူနာျပဳလိုတဲ့ သေဘာထားၿပီး ခ်စ္တဲ့သူေတြရဲ႕ အနီေရာင္အလံမ်ားကိုေမ့ထားႏိုင္ၾကပါတယ္။ သူတို႔က မက်န္းမာတဲ့ ဆက္ဆံေရးမွာအၾကာႀကီးေနႏိုင္ၿပီးေနာက္ဆုံးမွာ အသည္းကြဲမယ့္လမ္းကိုေ႐ြးခ်ယ္သြားၾကပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*