Jessi က မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်အတွက် တောင်းပန်စကားပြောကြားခဲ့ပါတယ်။စက်တင်ဘာ ၂၉ ရက် အစောပိုင်းက Jessi နဲ့အတူ ဓာတ်ပုံရိုက်ဖို့အတွက် အသက်မပြည့်သေးတဲ့သူမရဲ့ အမာခံပရိသတ်တဦးက တောင်းဆိုခဲ့ပေမဲ့ သူမဘေးမှာရှိတဲ့ လူတဦးကနှုတ်နဲ့စော်ကားမှုအပြင် ကိုယ်ထိလက်ရောက်စော်ကားမှုတို့ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အစောပိုင်းမှာ Jessi က ဒီတိုက်ခိုက်မှုကို ရပ် တန့်ဖို့ ကြိုးစားခဲ့ပေမဲ့ မကြာမီမှာ အခင်းဖြစ်ပွားရာနေရာကနေ ထွက်သွားခဲ့ပါတယ်။ အခင်းဖြစ်ပွားပြီးနောက် သူမက ကျူးလွန်ခဲ့သူမကို
သူမမသိကြောင်း ပြောကြားခဲ့ပါတယ်။အောက်တိုဘာလ ၂၃ ရက်နေ့မှာ Jessi ကသူမရဲ့ကိုယ်ပိုင် Instagram အကောင့်ကနေ သူမရဲ့အ တွေးများကို မျှဝေခဲ့ပါတယ်။
ဒါက Jessi ပါ။ပထမဆုံးအနေနဲ့ ဒီဖြစ်ရပ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူနဲ့ သူတို့ရဲ့ မိသားစုကို အလေးအနက်တောင်းပန်ချင်ပါတယ်။ဒီလို အခြေအနေဖြစ်လာတာတောင်မှ ငါ့ရဲ့မသင့်လျော်တဲ့အပြုအမူ၊ သဘောထားနဲ့တုံ့ပြန်ဖို့ပျက်ကွက်မှုတွေက ထိခိုက်နစ်နာသူအပါအဝင် လူများစွာကို ထိခိုက်စေပါတယ်။ ငါကသူတို့ကို သစ္စာဖောက်ပြီး ဒေါသထွက်အောင် လုပ်ခဲ့တယ်။ဒါကို အကြိမ်ပေါင်း သောင်းချီပြီးနောင်တ ရခဲ့တယ်။ အချိန်တွေကိုနောက်ကြောင်းပြန်လှည့်စေချင်ပါတယ်။ တကယ်လို့ ငါက နစ်နာသူနဲ့ ဓာတ်ပုံရိုက်ခဲ့ပြီး သူ့ကိုကာကွယ်ဖို့ ရဲဆီကို သေသေချာချာသွားသင့်ပါတယ်။
ဒါမှမဟုတ်မှန်မှန်ကန်ကန်တောင်းပန်မယ်ဆိုရင် ထိခိုက်နစ်နာသူက ဒီလောက်အထိ ခံစားရမှာမဟုတ်ပါဘူး။ဒါကို ကျမအပြည့်အဝတာ ဝန်ယူပါတယ်။ဒီစကားတွေနဲ့ ခွင့်လွှတ်လို့ မရဘူးဆိုတာ ကျမ သိပါတယ်။ သို့ပေမဲ့လည်း ကျမအမှားများကိုပြင်ပြီး နောက်ကျနေပေမဲ့ထိခိုက်နစ်နာသူကို ပြန်လည်ကောင်းမွန်လာစေဖို့ ကူညီပေးဖို့ကတိပြုပါတယ်။အရမ်းနောက်ကျသွားပေမဲ့ နောက်တခေါက် ထပ်ပြီးတောင်းပန်ပါတယ်။ ကျမမှားပါတယ်။
MYit
zawgyi
Jessi က မၾကာေသးခင္က ျဖစ္ပြားခဲ့တဲ့ အျဖစ္အပ်က္အတြက္ ေတာင္းပန္စကားေျပာၾကားခဲ့ပါတယ္။စက္တင္ဘာ ၂၉ ရက္ အေစာပိုင္းက Jessi နဲ႔အတူ ဓာတ္ပုံ႐ိုက္ဖို႔အတြက္ အသက္မျပည့္ေသးတဲ့သူမရဲ႕ အမာခံပရိသတ္တဦးက ေတာင္းဆိုခဲ့ေပမဲ့ သူမေဘးမွာရွိတဲ့ လူတဦးကႏႈတ္နဲ႔ေစာ္ကားမႈအျပင္ ကိုယ္ထိလက္ေရာက္ေစာ္ကားမႈတို႔ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။အေစာပိုင္းမွာ Jessi က ဒီတိုက္ခိုက္မႈကို ရပ္ တန႔္ဖို႔ ႀကိဳးစားခဲ့ေပမဲ့ မၾကာမီမွာ အခင္းျဖစ္ပြားရာေနရာကေန ထြက္သြားခဲ့ပါတယ္။ အခင္းျဖစ္ပြားၿပီးေနာက္ သူမက က်ဴးလြန္ခဲ့သူမကို
သူမမသိေၾကာင္း ေျပာၾကားခဲ့ပါတယ္။ေအာက္တိုဘာလ ၂၃ ရက္ေန႔မွာ Jessi ကသူမရဲ႕ကိုယ္ပိုင္ Instagram အေကာင့္ကေန သူမရဲ႕အ ေတြးမ်ားကို မွ်ေဝခဲ့ပါတယ္။
ဒါက Jessi ပါ။ပထမဆုံးအေနနဲ႔ ဒီျဖစ္ရပ္ေၾကာင့္ ထိခိုက္နစ္နာခဲ့ရသူနဲ႔ သူတို႔ရဲ႕ မိသားစုကို အေလးအနက္ေတာင္းပန္ခ်င္ပါတယ္။ဒီလို အေျခအေနျဖစ္လာတာေတာင္မွ ငါ့ရဲ႕မသင့္ေလ်ာ္တဲ့အျပဳအမူ၊ သေဘာထားနဲ႔တုံ႔ျပန္ဖို႔ပ်က္ကြက္မႈေတြက ထိခိုက္နစ္နာသူအပါအဝင္ လူမ်ားစြာကို ထိခိုက္ေစပါတယ္။ ငါကသူတို႔ကို သစၥာေဖာက္ၿပီး ေဒါသထြက္ေအာင္ လုပ္ခဲ့တယ္။ဒါကို အႀကိမ္ေပါင္း ေသာင္းခ်ီၿပီးေနာင္တ ရခဲ့တယ္။ အခ်ိန္ေတြကိုေနာက္ေၾကာင္းျပန္လွည့္ေစခ်င္ပါတယ္။ တကယ္လို႔ ငါက နစ္နာသူနဲ႔ ဓာတ္ပုံ႐ိုက္ခဲ့ၿပီး သူ႔ကိုကာကြယ္ဖို႔ ရဲဆီကို ေသေသခ်ာခ်ာသြားသင့္ပါတယ္။
ဒါမွမဟုတ္မွန္မွန္ကန္ကန္ေတာင္းပန္မယ္ဆိုရင္ ထိခိုက္နစ္နာသူက ဒီေလာက္အထိ ခံစားရမွာမဟုတ္ပါဘူး။ဒါကို က်မအျပည့္အဝတာ ဝန္ယူပါတယ္။ဒီစကားေတြနဲ႔ ခြင့္လႊတ္လို႔ မရဘူးဆိုတာ က်မ သိပါတယ္။ သို႔ေပမဲ့လည္း က်မအမွားမ်ားကိုျပင္ၿပီး ေနာက္က်ေနေပမဲ့ထိခိုက္နစ္နာသူကို ျပန္လည္ေကာင္းမြန္လာေစဖို႔ ကူညီေပးဖို႔ကတိျပဳပါတယ္။အရမ္းေနာက္က်သြားေပမဲ့ ေနာက္တေခါက္ ထပ္ၿပီးေတာင္းပန္ပါတယ္။ က်မမွားပါတယ္။
MYit
Leave a Reply