Aaron Taylor-Johnson ဂျိမ်းဘွန်းမင်းသားဖြစ်တော့မှာလား

နောက်ထပ် James Bond ဇာတ်ကောင်သစ်ကိုရွေးချယ်ဖို့အတွက် Aaron Taylor-Johnson ကိုကမ်းလှမ်းထားတယ်လို့သိရပါတယ်။ ထုတ်လုပ်ရေးဘက်မှ တာဝန်ရှိသူတွေက James Bond မင်းသားဟောင်း Daniel Craig နေရာမှာအစားထိုးဖို့အတွက် Aaron Taylor-Johnson ကိုတရားဝင်ကမ်းလှမ်းလိုက်တာဖြစ်ပါတယ်။လက်ရှိမှာတော့ Aaron Taylor-Johnson ဘက်က ဘာမှတုံ့ပြန်လာခြင်းမရှိသေးပါဘူး။အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ Aaron Taylor-Johnson ဟာ ပရိုဂျူဆာ ဘာဘရာဘရိုကိုလီနဲ့လူတွေ့စစ်ဆေးပြီးကတည်းက James Bond နေရာအတွက်သတင်းထွက်နေခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်တွေကသူ့ကို James Bond ဇာတ်ကောင်နဲ့ပတ်သက်ပြီးစိတ်ဝင်စားမှုရှိ၊မရှိမေးမြန်းခဲ့တဲ့အပေါ်သူက"ကျွန်တော်ကတော့ကျွန်တော့်လက်ထဲရောက်နေတဲ့အလုပ်တွေကိုပဲ ပိုပြီးအာရုံစိုက်ပါတယ်။

ကျွန်တော့်ရှေ့ရောက်နေတဲ့အလုပ်တွေကိုပဲစိတ်ဝင်စားတယ်"လို့ဖြေခဲ့ဖူးပါတယ်။ The Sun ရဲ့အဆိုအရ Eon Production ဟာ ဒီနှစ် နှစ်ကုန်ပိုင်းမှာ ၂၆ ကားမြောက် James Bond ဇာတ်ကားကိုရိုက်ကူးဖို့ပြင်ဆင်နေပြီး Aaron Taylor-Johnson ကို Producer စိတ် ကြိုက်ရွေးချယ်ထားတာဖြစ်ပါတယ်။“Aaron Taylor-Johnson ကိုတရားဝင်ကမ်းလှမ်းပြီးပါပြီ။ ကံတရားကသူ့ရှေ့ကိုရောက်နေပါပြီ။
ဒါကိုသူလက်ခံဖို့ မျှော်လင့်တယ်” လို့ သတင်းရင်းမြစ်တစ်ခုကဆိုပါတယ်။Aaron Taylor-Johnson ဟာ Savages ၊ Anna Karenina ၊ Godzilla ၊ Nocturnal Animals ၊ Tenet ၊ Bullet Train စတဲ့ဇာတ်ကားတွေကိုရိုက်ကူးခဲ့ပြီး ဇနီးနဲ့‌ကလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားပါတယ်။

Ju Ju

zawgyi

ေနာက္ထပ္ James Bond ဇာတ္ေကာင္သစ္ကိုေ႐ြးခ်ယ္ဖို႔အတြက္ Aaron Taylor-Johnson ကိုကမ္းလွမ္းထားတယ္လို႔သိရပါတယ္။ ထုတ္လုပ္ေရးဘက္မွ တာဝန္ရွိသူေတြက James Bond မင္းသားေဟာင္း Daniel Craig ေနရာမွာအစားထိုးဖို႔အတြက္ Aaron Taylor-Johnson ကိုတရားဝင္ကမ္းလွမ္းလိုက္တာျဖစ္ပါတယ္။လက္ရွိမွာေတာ့ Aaron Taylor-Johnson ဘက္က ဘာမွတုံ႔ျပန္လာျခင္းမရွိေသးပါဘူး။အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ Aaron Taylor-Johnson ဟာ ပ႐ိုဂ်ဴဆာ ဘာဘရာဘ႐ိုကိုလီနဲ႔လူေတြ႕စစ္ေဆးၿပီးကတည္းက James Bond ေနရာအတြက္သတင္းထြက္ေနခဲ့တာပါ။ ၿပီးခဲ့တဲ့ႏွစ္ေတြကသူ႔ကို James Bond ဇာတ္ေကာင္နဲ႔ပတ္သက္ၿပီးစိတ္ဝင္စားမႈရွိ၊မရွိေမးျမန္းခဲ့တဲ့အေပၚသူက"ကြၽန္ေတာ္ကေတာ့ကြၽန္ေတာ့္လက္ထဲေရာက္ေနတဲ့အလုပ္ေတြကိုပဲ ပိုၿပီးအာ႐ုံစိုက္ပါတယ္။

ကြၽန္ေတာ့္ေရွ႕ေရာက္ေနတဲ့အလုပ္ေတြကိုပဲစိတ္ဝင္စားတယ္"လို႔ေျဖခဲ့ဖူးပါတယ္။ The Sun ရဲ႕အဆိုအရ Eon Production ဟာ ဒီႏွစ္ ႏွစ္ကုန္ပိုင္းမွာ ၂၆ ကားေျမာက္ James Bond ဇာတ္ကားကို႐ိုက္ကူးဖို႔ျပင္ဆင္ေနၿပီး Aaron Taylor-Johnson ကို Producer စိတ္ ႀကိဳက္ေ႐ြးခ်ယ္ထားတာျဖစ္ပါတယ္။“Aaron Taylor-Johnson ကိုတရားဝင္ကမ္းလွမ္းၿပီးပါၿပီ။ ကံတရားကသူ႔ေရွ႕ကိုေရာက္ေနပါၿပီ။
ဒါကိုသူလက္ခံဖို႔ ေမွ်ာ္လင့္တယ္” လို႔ သတင္းရင္းျမစ္တစ္ခုကဆိုပါတယ္။Aaron Taylor-Johnson ဟာ Savages ၊ Anna Karenina ၊ Godzilla ၊ Nocturnal Animals ၊ Tenet ၊ Bullet Train စတဲ့ဇာတ္ကားေတြကို႐ိုက္ကူးခဲ့ၿပီး ဇနီးနဲ႔‌ကေလးႏွစ္ေယာက္ကိုပိုင္ဆိုင္ထားပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*