ဖောက်ထွက်ခြင်းရဲ့ အကျိုးကျေးဇူး (၃)ခု

Brainstorming လို့ခေါ်ကြတဲ့ ဖောက်ထွက်ခြင်းအတွက် အကျိုးကျေးဇူးတွေကို မဖော်ပြခင်မှာဖောက်ထွက်ခြင်းဆိုတာဘာလဲဆိုတာကို အတိုချုပ်ပြောပြချင်ပါတယ်။ ဒီဖောက်ထွက်ခြင်းကိုကျောင်းနေကလေးကနေ အမှုဆောင်အထိ လူတိုင်းအသုံးပြုနေတဲ့ နည်းလမ်းတခုဖြစ်ပါတယ်။ဒီဖောက်ထွက်ခြင်းက ပြဿနာဖြေရှင်းတဲ့လုပ်ငန်းစဉ်ကနေ လှုံ့ဆော်မှုနဲ့စိတ်ကူးစိတ်သန်းများကိုထုတ်ပေးပါတယ်။
ဖောက်ထွက်ခြင်းက လုပ်ငန်းခွင်မှာ စည်းမျဉ်းစည်းကမ်းများကိုကျော်လွန်ပြီး တွေးခေါ်စေနိုင်ပြီးထူးခြားတဲ့ ဖန်တီးနိုင်စွမ်းကို ထိထိရောက်ရောက်အသုံးချနိုင်စေပါတယ်။ Brainstorming လုပ်တာက တစ်ဦးချင်းနဲ့ အဖွဲ့အတွက် အကျိုးကျေးဇူးများစွာရှိပါတယ်။ဒီအထဲက တချို့ကိုမျှဝေပေးသွားချင်ပါတယ်။

အဖွဲ့လိုက်လုပ်ဆောင်မှုကို မြှင့်တင်တာ

အဖွဲ့ဝင်များက တသီးပုဂ္ဂလဆန်စွာနဲ့ သူတို့နှစ်သက်ရာနည်းလမ်းများနဲ့အကြံဉာဏ်များကိုထုပ်ပိုးထားကြပါတယ်။ အတ္တကြောင့်လည်း နှစ်သက်တာတွေ၊အကြံဉာဏ်တွေဆီကို တွန်းပို့နိုင်ပါသေးတယ်။ ထိရောက်တဲ့ ခေါင်းဆောင်တိုင်းသိကြတဲ့အတိုင်းဒီချဉ်းကပ်မှုက ဆန်းသစ်တီထွင်မှုအတွက် အထောက်အကူအပြုပါဘူး။ပြဿနာများအတွက် အမှန်တကယ်ထူးခြားတဲ့ ဖြေရှင်နည်းများရရှိဖို့အတွက်ဆိုရင်တော့အခန်းအတွင်းက လူတိုင်းကို ဖောက်ထွက်တွေးတောခြင်းနည်းပညာများနဲ့သာ ရရှိနိုင်ပါတယ်။ဒါကြောင့် ဒီအချက်က အဖွဲ့လိုက်လုပ်ဆောင်မှုကိုမြှင့်တင်ပေးနိုင်ပါတယ်။တဦးချင်းတယောက်ချင်းထက် အဖွဲ့လိုက် တဦးတယောက်စီက ပေးတဲ့ဖောက်ထွက်တဲ့အကြံ ဉာဏ်တွေနဲ့ ဖြစ်နိုင်ချေရှိတဲ့ ရလဒ်တခုကိုဖြစ်ပေါ်လာစေပါတယ်။

တီထွင်ဖန်တီးမှု စိတ်ကူးစိတ်သန်းများကို အားပေးတာ

တိကျသောပြဿနာတစ်ခုအတွက် အဖြေများကို စိတ်ကူးပုံဖော်ကြည့်တဲ့အခါမှာတီထွင်ဖန်တီးမှုအသီးသီးအတွက် စိတ်ကူးစိတ်သန်းပါပဲ။ဖောက်ထွက်တွေးတောခြင်းလုပ်ငန်းစဉ်မှာ လူတိုင်းရဲ့စိတ်ထဲမှာချမှတ်ထားတဲ့ကန့်သတ်ချက်များနဲ့ နယ်နိမိတ်များကို တက်ကြွစွာနဲ့ ဖမ်းရှာဖို့ ကြိုးပမ်းနိုင်ပါတယ်။ဒီအချက်က အဖွဲ့သားများကို စည်းအပြင်ဘက်ကနေ တွေးတောရန်နဲ့ သူတို့ရဲ့ဖန်တီးမှုဆိုင်ရာတွေးခေါ်မှုများကို ထွက်ပေါ်လာဖို့ အားပေးရာရောက်ပါတယ်။

မတူညီသောအမြင်များကိုပေးတာ

နယ်ပယ်တခုမှာ ဘယ်လောက်ပဲ လုံ့လဝီရိယရှိပါစေ ဒါမှမဟုတ် ပြီးမြောက်အောင်မြင်ပါစေသင့်ပတ်ဝန်းကျင်ရှိသူများရဲ့ အတွေ့အကြုံများနဲ့ အမြင်များကို ဆွဲယူဖို့ လိုအပ်ပါတယ်။ ဒါမှသာဖြည့်ဆည်းဖို့ ကြိုးစားနေတဲ့ လိုအပ်ချက်များကို အလုံးစုံရရှိနိုင်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။ပြဿနာဖြေရှင်းတာက အသင်းအဖွဲ့အတါင်းက လူများကို အတူတကွပေါင်းစည်းပေးနိုင်ပြီူမတူညီတဲ့ ဘဝအလွှာပေါင်းစုံက ပေးအပ်တဲ့အကြံဉာဏ်တွေကိုလည်းထည့်သွင်းဖိတ်ခေါ်သင့်ပါတယ်။ ဒါမှသာ ထောင့်ပေါင်းစုံက ခိုင်းခံ့မြဲမြံစေမှာသေချာပါတယ်။

MYit

zawgyi








MYit

Be the first to comment

Leave a Reply

Your email address will not be published.


*