TikTok ပေါ်မှာကြားခွင့်ရမှာမဟုတ်တော့တဲ့ကမ္ဘာကျော်တို့ရဲ့သီချင်းများ

TikTok အနေနဲ့ Universal Music Group – UMG နဲ့သဘောတူညီမှုတွေမလုပ်နိုင်ခဲ့ရင်နာမည်ကြီးအဆိုတော်တွေရဲ့သီချင်းတွေကို TikTok ပေါ်မှာကြားခွင့်ရတော့မှာမဟုတ်ပါဘူး။ UMG ဟာ သူတို့နဲ့စာချုပ်ချုပ်ဆိုထားတဲ့ အဆိုတော်တွေ၊ တေးရေးတွေကို TikTok
ကလျော်ကြေးမပေးဘူးဆိုရင် အဲဒီအဆိုတော်တွေရဲ့သီချင်းတွေအကုန်လုံး TikTok ပေါ်ကနေဖြုတ်ချမယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်။ “TikTok က အဆိုတော်တွေနဲ့တေးရေးတွေအတွက်သတ်မှတ်ထားတဲ့ပမာဏတစ်ခုကိုပေးပါမယ်လို့ ကတိပြုခဲ့တာပါ” ဆိုပြီး UMG ကပြောပါတယ်။

လက်ရှိမှာတော့ ဒီကတိကိုမတည်တဲ့အတွက် အခုလိုဖြစ်ပေါ်လာရတာပါ။ “TikTok ကသူတို့ရနေတဲ့ကြော်ငြာငွေရဲ့ 1% ကိုပဲ ပေးဆောင်ရတာပါ။ TikTok ကိုပိုင်ဆိုင်တဲ့ Bytedance ကအနုပညာရှင်တွေဘက်ကိုမကြည့်ဘဲလောဘကြီးလွန်းနေတယ်” လို့ UMG ကပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့တာဖြစ်ပါတယ်။ UMG ရဲ့လိုင်စင်ရအနုပညာရှင်တွေထဲမှာ Taylor Swift ၊ Drake ၊ Olivia Rodrigo ၊ Adele ၊ Coldplay ၊ Billie Eilish ၊ SZA ၊ Ariana Grande ၊ U2 ၊ Bob Dylan ၊ Elton John ၊ The Beatles တို့အပြင်တခြားသောအနုပညာရှင်တွေများစွာပါဝင်နေတာဖြစ်ပါတယ်။

Ju Ju

zawgyi

TikTok အေနနဲ႔ Universal Music Group – UMG နဲ႔သေဘာတူညီမႈေတြမလုပ္ႏိုင္ခဲ့ရင္နာမည္ႀကီးအဆိုေတာ္ေတြရဲ႕သီခ်င္းေတြကို TikTok ေပၚမွာၾကားခြင့္ရေတာ့မွာမဟုတ္ပါဘူး။ UMG ဟာ သူတို႔နဲ႔စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ အဆိုေတာ္ေတြ၊ ေတးေရးေတြကို TikTok
ကေလ်ာ္ေၾကးမေပးဘူးဆိုရင္ အဲဒီအဆိုေတာ္ေတြရဲ႕သီခ်င္းေတြအကုန္လုံး TikTok ေပၚကေနျဖဳတ္ခ်မယ္လို႔ေၾကညာခဲ့တာျဖစ္ပါတယ္။ “TikTok က အဆိုေတာ္ေတြနဲ႔ေတးေရးေတြအတြက္သတ္မွတ္ထားတဲ့ပမာဏတစ္ခုကိုေပးပါမယ္လို႔ ကတိျပဳခဲ့တာပါ” ဆိုၿပီး UMG ကေျပာပါတယ္။

လက္ရွိမွာေတာ့ ဒီကတိကိုမတည္တဲ့အတြက္ အခုလိုျဖစ္ေပၚလာရတာပါ။ “TikTok ကသူတို႔ရေနတဲ့ေၾကာ္ျငာေငြရဲ႕ 1% ကိုပဲ ေပးေဆာင္ရတာပါ။ TikTok ကိုပိုင္ဆိုင္တဲ့ Bytedance ကအႏုပညာရွင္ေတြဘက္ကိုမၾကည့္ဘဲေလာဘႀကီးလြန္းေနတယ္” လို႔ UMG ကျပင္းျပင္း ထန္ထန္ေဝဖန္ခဲ့တာျဖစ္ပါတယ္။ UMG ရဲ႕လိုင္စင္ရအႏုပညာရွင္ေတြထဲမွာ Taylor Swift ၊ Drake ၊ Olivia Rodrigo ၊ Adele ၊ Coldplay ၊ Billie Eilish ၊ SZA ၊ Ariana Grande ၊ U2 ၊ Bob Dylan ၊ Elton John ၊ The Beatles တို႔အျပင္တျခားေသာအႏုပညာရွင္ေတြမ်ားစြာပါဝင္ေနတာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*