အဖွဲ့အစည်းတခုက လုပ်သားအင်အားထိန်းသိမ်းနိုင်တာက အဲဒီအဖွဲ့အောင်မြင်မှုနဲ့ဆက်စပ်နေပါတယ်။ ဝန်ထမ်းမမြဲတဲ့ အဖွဲ့အစည်းတခုကအောင်မြင်မှုကိုထင်သလောက်မရနိုင်ပါဘူး။ ဒါကြောင့် သင်အဖွဲ့သားများကို ထိန်းသိမ်းဖို့နည်းလမ်းရှာဖွေနေတယ်ဆိုရင် ဒီအချက်တွေကိုတော့ သတိပြုသင့်ပါတယ်။
လစာနဲ့ အကျိုးခံစားခွင့်များပေးတာ
ဝန်ထမ်းတွေအလုပ်ကထွက်တဲ့ ထိပ်တန်းအကြောင်းအရင်းထဲမှာ လစာကိစ္စကထိပ်ဆုံးကပါဝင်ပါတယ်။ တကယ်တော့ သင်က ဝန်ထမ်းကောင်းတွေကိုထိန်းသိမ်းဖို့ဆန္ဒရှိတယ်ဆိုရင် လစာနဲ့အကျိုးခံစားခွင့်ကို ကောင်းမွန်စွာပေးသင့်ပါတယ်။ဝန်ထမ်းက သူ့အရည်အချင်းနဲ့ကိုက်ညီတဲ့ တန်ဖိုးတခုကို ရနေသရွေ့တော့ဒီအလုပ်ကိုစွန့်ခွာသွားမှာမဟုတ်ပါဘူး။ နောက်ပြီး ဒီအချက်က ဝန်ထမ်းတယောက်ရဲ့တန်ဖိုးကိုသက်ရောက်စေနိုင်တဲ့အချက်လည်းဖြစ်ပါတယ်။
အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်ရေးနဲ့ သင်ယူမှုအခွင့်အလမ်းများကို ပံ့ပိုးကူညီတာ
ဝန်ထမ်းကောင်းများက သင်ယူဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပိုမိုထူးချွန်ဖို့ အခွင့်အလမ်းကိုလိုချင်ကြပါတယ်။ ဝန်ထမ်းတယောက်ရဲ့ အသက်မွေး ဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်ရေးကိုသင်ဘယ်လိုပံ့ပိုးကူညီပါသလဲ။ သင်တို့အဖွဲ့အစည်းအနေနဲ့ပရော်ဖက်ရှင်နယ်သင်ယူမှုအခွင့်အလမ်းများကို ပေးဆောင်နေပါသလား။ ကိုယ့်အဖွဲ့အစည်းမှာပါဝင်နိုင်မယ့် ခေါင်းဆောင်များဖြစ်ဖို့အတွက် ခေါင်းဆောင်မှုဖွံ့ဖြိုးတိုးတက်ရေးမှာ
ရင်းနှီးမြှုပ်နှံပါ။
အလုပ်-ဘဝ ဟန်ချက်ညီမှုနဲ့ လိုက်လျောညီထွေရှိမှုကို မြှင့်တင်တာ
သင့်ဝန်ထမ်းတွေရဲ့ အလုပ်ဘဝဟန်ချက်ညီမှုကလည်း လုပ်ငန်းခွင်အတွင်းကကုန်ထုတ်စွမ်းအားနဲ့ တိုက်ရိုက်အချိုးကျနေတယ်ဆိုတာကိုသိပါသလား။ ကိုယ့်ရဲ့ဝန်ထမ်းတွေကလုပ်ငန်းခွင်မှာတင်မဟုတ်ဘဲ သူတို့ရဲ့တဦးချင်းပုဂ္ဂလိက ဘဝမှာပါ အောင်မြင်ဖို့လိုပါတယ်။ပျော်ရွှင်ဖို့လိုပါတယ်။ ခေါင်းဆောင်တွေက ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။
သင့်ဝန်ထမ်းများရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုနဲ့ ကျန်းမာရေးကို ပံ့ပိုးပေးတာ
ဝန်ထမ်းများရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်မှုကလည်း အလုပ်အတွက်အရေးကြီးပါတယ်။အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကိုဖန် တီးဖို့၊ ကုန်ထုတ်စွမ်းအားကိုတိုးတက်စေဖို့နဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းရည်တွေတိုးတက်စေဖို့အတွက် စိတ်ပိုင်းဆိုင်ရာကျန်းမာကြံ့ခိုင်မှုက
အရေးကြီးပါတယ်။
လေ့ကျင့်သင်ကြားမှုကို မြှင့်တင်တာ
လေ့ကျင့်ပေးမှုက သင့်ရဲ့လုပ်သားအာင်အားရဲ့ အလားအလာကိုအပြည့်အဝကူညီပေးနိုင်ပါတယ်။ လေ့ကျင့်မှုက အကျိုးကျေးဇူးအများကြီးရှိပါတယ်။ တချို့ကစိတ်ပိုင်းဆိုင်ရာထိန်းညှိမှု၊ စိတ်ဖိစီးမှုကို စီမံခန့်ခွဲမှုနဲ့ ခံနိုင်ရည်အားကိုတိုးမြှင့်စေတာတွေပါဝင်ပါတယ်။ လေ့ကျင့်သင့်ကြားမှုက ပင်ပန်းနွမ်းနယ်မှုကို လျော့ကျစေပြီး အလုပ်နဲ့ဘဝကြားဟန်ချက်ညီမှုကိုရှာဖွေဖို့ ကူညီပေးပါတယ်။ဒီအချက်တွေကတော့ ကိုယ့်ရဲ့လုပ်သားအင်အားကို ထိန်းသိမ်းဖို့အတွက်အဓိကအချက်တွေပဲဖြစ်ပါတယ်။
MYit
zawgyi
အဖြဲ႕အစည္းတခုက လုပ္သားအင္အားထိန္းသိမ္းႏိုင္တာက အဲဒီအဖြဲ႕ေအာင္ျမင္မႈနဲ႔ဆက္စပ္ေနပါတယ္။ ဝန္ထမ္းမၿမဲတဲ့ အဖြဲ႕အစည္းတခုကေအာင္ျမင္မႈကိုထင္သေလာက္မရႏိုင္ပါဘူး။ ဒါေၾကာင့္ သင္အဖြဲ႕သားမ်ားကို ထိန္းသိမ္းဖို႔နည္းလမ္းရွာေဖြေနတယ္ဆိုရင္ ဒီအခ်က္ေတြကိုေတာ့ သတိျပဳသင့္ပါတယ္။
လစာနဲ႔ အက်ိဳးခံစားခြင့္မ်ားေပးတာ
ဝန္ထမ္းေတြအလုပ္ကထြက္တဲ့ ထိပ္တန္းအေၾကာင္းအရင္းထဲမွာ လစာကိစၥကထိပ္ဆုံးကပါဝင္ပါတယ္။ တကယ္ေတာ့ သင္က ဝန္ထမ္းေကာင္းေတြကိုထိန္းသိမ္းဖို႔ဆႏၵရွိတယ္ဆိုရင္ လစာနဲ႔အက်ိဳးခံစားခြင့္ကို ေကာင္းမြန္စြာေပးသင့္ပါတယ္။ဝန္ထမ္းက သူ႔အရည္အခ်င္းနဲ႔ကိုက္ညီတဲ့ တန္ဖိုးတခုကို ရေနသေ႐ြ႕ေတာ့ဒီအလုပ္ကိုစြန႔္ခြာသြားမွာမဟုတ္ပါဘူး။ ေနာက္ၿပီး ဒီအခ်က္က ဝန္ထမ္းတေယာက္ရဲ႕တန္ဖိုးကိုသက္ေရာက္ေစႏိုင္တဲ့အခ်က္လည္းျဖစ္ပါတယ္။
အသက္ေမြးဝမ္းေက်ာင္းဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ သင္ယူမႈအခြင့္အလမ္းမ်ားကို ပံ့ပိုးကူညီတာ
ဝန္ထမ္းေကာင္းမ်ားက သင္ယူဖို႔၊ ဖြံ႕ၿဖိဳးတိုးတက္ဖို႔နဲ႔ ပိုမိုထူးခြၽန္ဖို႔ အခြင့္အလမ္းကိုလိုခ်င္ၾကပါတယ္။ ဝန္ထမ္းတေယာက္ရဲ႕ အသက္ေမြး ဝမ္းေက်ာင္းဖြံ႕ၿဖိဳးတိုးတက္ေရးကိုသင္ဘယ္လိုပံ့ပိုးကူညီပါသလဲ။ သင္တို႔အဖြဲ႕အစည္းအေနနဲ႔ပေရာ္ဖက္ရွင္နယ္သင္ယူမႈအခြင့္အလမ္းမ်ားကို ေပးေဆာင္ေနပါသလား။ ကိုယ့္အဖြဲ႕အစည္းမွာပါဝင္ႏိုင္မယ့္ ေခါင္းေဆာင္မ်ားျဖစ္ဖို႔အတြက္ ေခါင္းေဆာင္မႈဖြံ႕ၿဖိဳးတိုးတက္ေရးမွာ
ရင္းႏွီးျမႇဳပ္ႏွံပါ။
အလုပ္-ဘဝ ဟန္ခ်က္ညီမႈနဲ႔ လိုက္ေလ်ာညီေထြရွိမႈကို ျမႇင့္တင္တာ
သင့္ဝန္ထမ္းေတြရဲ႕ အလုပ္ဘဝဟန္ခ်က္ညီမႈကလည္း လုပ္ငန္းခြင္အတြင္းကကုန္ထုတ္စြမ္းအားနဲ႔ တိုက္႐ိုက္အခ်ိဳးက်ေနတယ္ဆိုတာကိုသိပါသလား။ ကိုယ့္ရဲ႕ဝန္ထမ္းေတြကလုပ္ငန္းခြင္မွာတင္မဟုတ္ဘဲ သူတို႔ရဲ႕တဦးခ်င္းပုဂၢလိက ဘဝမွာပါ ေအာင္ျမင္ဖို႔လိုပါတယ္။ေပ်ာ္႐ႊင္ဖို႔လိုပါတယ္။ ေခါင္းေဆာင္ေတြက ဒီအခ်က္ကိုလည္း ထည့္သြင္းစဥ္းစားသင့္ပါတယ္။
သင့္ဝန္ထမ္းမ်ားရဲ႕ စိတ္ပိုင္းဆိုင္ရာ က်န္းမာႀကံ့ခိုင္မႈနဲ႔ က်န္းမာေရးကို ပံ့ပိုးေပးတာ
ဝန္ထမ္းမ်ားရဲ႕ စိတ္ပိုင္းဆိုင္ရာက်န္းမာႀကံ့ခိုင္မႈကလည္း အလုပ္အတြက္အေရးႀကီးပါတယ္။အျပဳသေဘာေဆာင္တဲ့ ဆက္ဆံေရးကိုဖန္ တီးဖို႔၊ ကုန္ထုတ္စြမ္းအားကိုတိုးတက္ေစဖို႔နဲ႔ဆုံးျဖတ္ခ်က္ခ်ႏိုင္စြမ္းရည္ေတြတိုးတက္ေစဖို႔အတြက္ စိတ္ပိုင္းဆိုင္ရာက်န္းမာႀကံ့ခိုင္မႈက
အေရးႀကီးပါတယ္။
ေလ့က်င့္သင္ၾကားမႈကို ျမႇင့္တင္တာ
ေလ့က်င့္ေပးမႈက သင့္ရဲ႕လုပ္သားအာင္အားရဲ႕ အလားအလာကိုအျပည့္အဝကူညီေပးႏိုင္ပါတယ္။ ေလ့က်င့္မႈက အက်ိဳးေက်းဇူးအမ်ားႀကီးရွိပါတယ္။ တခ်ိဳ႕ကစိတ္ပိုင္းဆိုင္ရာထိန္းညႇိမႈ၊ စိတ္ဖိစီးမႈကို စီမံခန႔္ခြဲမႈနဲ႔ ခံႏိုင္ရည္အားကိုတိုးျမႇင့္ေစတာေတြပါဝင္ပါတယ္။ ေလ့က်င့္သင့္ၾကားမႈက ပင္ပန္းႏြမ္းနယ္မႈကို ေလ်ာ့က်ေစၿပီး အလုပ္နဲ႔ဘဝၾကားဟန္ခ်က္ညီမႈကိုရွာေဖြဖို႔ ကူညီေပးပါတယ္။ဒီအခ်က္ေတြကေတာ့ ကိုယ့္ရဲ႕လုပ္သားအင္အားကို ထိန္းသိမ္းဖို႔အတြက္အဓိကအခ်က္ေတြပဲျဖစ္ပါတယ္။
MYit
Leave a Reply