အလုပ်မှာကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးဖို့ အကြံပြုချက် (၈)ချက်

လုပ်ငန်းခွင်မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့က အရေးကြီးတယ်ဆိုတာအများကြီးပြောစရာမလိုတော့ပါဘူး။ နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ လုပ်ငန်းခွင်ကိစ္စရပ်တွေကိုကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိဘဲ ဘယ်လိုမှအောင်မြင်ပြီးမြောက်အောင်လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ ပေါင်းသင်းဆက်ဆံရေးပဲဖြစ်စေ၊လုပ်ငန်းတာဝန်တွေပဲဖြစ်စေ၊ ဆွေးနွေးညှိနှိုင်းမှုတွေပဲဖြစ်စေ ဒါတွေအားလုံးကကိုယ့်ကိုယ်ကိုယ်ယုံ ကြည်မှုနဲ့ ဆက်စပ်နေပါတယ်။အခုဖော်ပြပေးမယ့်အကြံပြုချက်တွေကတော့ လုပ်ငန်းခွင်မှာကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးဖို့အတွက်လုပ်ဆောင်ရမယ့် အကြံပြုချက်တွေပဲဖြစ်ပါတယ်။

ခြေတလှမ်းကနေစတင်ပါ

သင့်အတွက် အပြောင်းအလဲဖြစ်စေဖို့ လွယ်ကူပြီး သေးငယ်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေကိုသတ်မှတ်ခြင်းကနေ စတင်လို့ရပါတယ်။ ဒီလိုလွယ်ကူပြီးသေးငယ်တဲ့ရည်မှန်းချက်ပန်းတိုင်တွေကို သင်အလွယ်တကူအောင်မြင်တယ်ဆိုရင်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာစေပါတယ်။ ဒါကြောင့်ပဲ သေးငယ်တဲ့အရာလေးကနေပဲစတင်ပါ။ တခါတလေမှာ အသေးအမွှားလေးက စိုးရိမ်မှုနည်းပြီး ထိရောက်မှုရှိစေပါတယ်။

မေးခွန်းများမေးဖို့ လေ့လာပါ

ကိုယ့်အတွက်လိုအပ်တဲ့အသိပညာ၊ ယုံကြည်မှုတိုးဖို့ဆိုရင်ကိုယ်မသိတာတွေကိုသိအောင်လုပ်ဖို့ပါပဲ။ အဲဒီလိုလုပ်ဖို့ဆိုရင် ထိရောက်တဲ့မေးခွန်းတွေမေးဖို့သင်ယူရမယ့်အချိန်ပါပဲ။ ဒီအချက်က တချိန်ထဲမှာပဲ သင့်အသိပညာကိုတိုးမြင့်လာစေပြီးအမှားတွေပြုလုပ်နိုင်ဖို့ အခွင့် အလမ်းလျှော့နည်းသွားစေပါတယ်။

သက်တောင့်သက်သာရှိအောင် ၀တ်စားဆင်ယင်ပါ

အဝတ်အစားက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိအောင် မြှင့်တင်ပေးနိုင်တဲ့အကောင်းဆုံးအချက်တခုဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ ဒါကြောင့်အဝတ်အစားဝတ်တဲ့အခါ သက်သောင့်သက်သာဖြစ်ပြီး ကိုယ်နဲ့တကယ်လိုက်ဖက်တယ်လို့ခံစားရတဲ့ အဝတ်အစားကို ဝတ်ဆင်ပါ။ ဖက်ရှင်ကအရေးမကြီးဘူးဆိုပေမဲ့ ကိုယ်နဲ့လိုက်ဖက်မှုရှိ၊မရှိကလည်း အရေးပါပါတယ်။

ကိုယ့်ကိုယ်ကိုယ် credit ပေးပါ

သင့်ရဲ့အောင်မြင်မှုများအတွက် ကိုယ့်ကိုယ်ကိုယ် credit ပေးဖို့ မမေ့ပါနဲ့။ကိုယ့်ရဲ့လက်ရှိအားသာချက်တွေ၊ အရည်အချင်းတွေကို အမြဲသတိရပါ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတည်ဆောက်တဲ့အခါ ကိုယ့်ရဲ့ရှိပြီးသား အရည်အချင်းတွေကိုလည်းအသိအမှတ်ပြုလက်ခံတတ်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ထူးခြားတဲ့ကိုယ်ရည်ကိုယ်သွေးကိုအသိအမှတ်ပြုတာက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ ကိုယ့်ရဲ့တန်ဖိုးကိုတည် ဆောက်ဖို့အတွက်မရှိမဖြစ်လိုအပ်ပါတယ်။

အမှားတွေနဲ့ ကျရှုံးမှုတွေကို လက်ခံလိုက်ပါ

စိန်ခေါ်မှုများကို ခံယူပြီး ပန်းတိုင်အသစ်များချမှတ်တဲ့အခါ အမှားအယွင်းများနဲ့ဆုတ်ယုတ်မှုများ မလွဲမသေကြုံရကောင်းကြုံရနိုင်ပါတယ်။ ဒါတွေကိုလက်ခံတတ်ဖို့ကြိုးစားပါ။ဒါတွေအားလုံးက လူတဦးချင်းစီရဲ့ ပါဆင်နယ်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်ရဲ့အစိတ်အပိုင်းတခုဖြစ်တယ်ဆိုတာကို လက်ခံပါ။ အမှားတွေကနေသင်ယူပြီး သင်ခန်းစာယူပါ။

ယုံကြည်ရတဲ့ နည်းပြကို ရှာပါ

ကိုယ့်ကိုလမ်းညွှန်မှုပေးနိုင်ဖို့အတွက် မှန်ကန်တဲ့နည်းပြတဦးကိုရှာဖွေပါ။သူ့ရဲ့ကိုယ်ပိုင်အတွေ့အကြုံကနေ အသက်မွေးဝမ်းကြောင်းဆိုင် ရာ ထိုးထွင်းသိမြင်မှုနဲ့အကြံဉာဏ်တွေ မျှဝေနိုင်မယ့်သူမျိုးကိုဆိုလိုပါတယ်။

အပျက်သဘောဆောင်တဲ့ စကားပြောဆိုခြင်းကိုရှောင်ပါ

ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြီး ကြောက်ရွံ့ခြင်းကလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလျော့နည်းစေတဲ့အချက်တခုဖြစ်ပါတယ်။ အပျက်သ ဘောဆောင်တဲ့ စကားတွေကို ပြောဆိုနေခြင်းကနေအခုချိန်ကစပြီး ရပ်တန့်လိုက်ပါ။ အဲဒီအစားကိုယ့်ရဲ့အားသာချက်တွေကို အာရုံစိုက်ပါ။

ကိုယ့်ကိုယ်ကိုယ်ကတိကဝတ်ပေးပါ

အပြုသဘောဆောင်သော ကတိပြုချက်များကို လေ့ကျင့်တာကလည်း ကောင်းမွန်တဲ့အလေ့အကျ့င်ကောင်းဖြစ်ပါတယ်။ မကောင်းတဲ့အတွေးတွေ၊ ဝေဖန်မှုတွေကို ဖယ်ရှားပါ။ဒီအချက်တွေက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတည်ဆောက်ဖို့အတွက်အထောက်အကူဖြစ်စေပါတယ်။ အပြုသဘောဆောင်တဲ့ ကတိသစ္စာပြုချက်များကိုရေးမှတ်ထားတာကလည်း သင့်အာသာချက်ကို တချက်ခြင်း သတိရစေပါတယ်။ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမြှင့်တင်လိုသူတွေအတွက် ဒီနည်းလမ်းတွေက ထိရောက်မှုရှိမယ်လို့မျှော်လင့်ပါတယ်။

MYit

zawgyi


ခြေတလှမ်းကနေစတင်ပါ
















MYit

Be the first to comment

Leave a Reply

Your email address will not be published.


*