အကောင့်မှာပုံတွေအများကြီးတင်ရင်း အေးအေးဆေးဆေးဖြစ်နေတဲ့ Hyeri နဲ့ Han So Hee

မင်းသား Ryu Jun Yeol နဲ့ချစ်သူတွေအဖြစ် 6 နှစ်ကြာဖြတ်သန်းလာခဲ့တဲ့ Hyeri နဲ့ Ryu Jun Yeol ရဲ့ချစ်သူအသစ်ဖြစ်တဲ့ Han So Hee တို့ဟာ မကြာသေးခင်က အချင်းချင်းအကြားပို့စ်တင်ရေးသားပြောဆိုမှုတွေနဲ့ပတ်သက်ပြီး မီဒီယာတွေ၊ ပရိသတ်တွေကြားထဲမှာသတင်းတွေဖြစ်ပေါ်ခဲ့ပါတယ်။Han So Hee ကလည်း သူနဲ့ Ryu Jun Yeol တို့ကချစ်သူတွေဖြစ်နေပါပြီလို့ ပွင့်ပွင့်လင်းလင်းဝန်ခံခဲ့ပြီးနှစ်ပတ်အကြာမှာလမ်းခွဲလိုက်ပြီလို့သိရပါတယ်။ မင်းသား Ryu Jun Yeol ဘက်ကတော့ထိုကိစ္စတွေအပေါ် ဘာမှမှတ်ချက်ပြုပြောဆိုတာမျိုးမလုပ်ခဲ့ပါဘူး။

လက်ရှိမှာတော့ Hyeri ဟာလည်း သူမရဲ့သွားလာလှုပ်ရှားမှုပုံရိပ်တွေကိုပရိသတ်တွေမြင်အောင်မျှဝေနေသလို Han So Hee ကလည်းသူမရဲ့အကောင့်ကနေပုံတွေများစွာတင်နေတာကိုတွေ့မြင်နေရပါတယ်။ Hyeri ဟာ အားကစား Brand တစ်ခုရဲ့ဆိုင်ဖွင့်ပွဲကိုတက်ရောက်ပြီး သူမရဲ့ပုံရိပ်တွေကိုမျှဝေလာတာဖြစ်ပါတယ်။ လတ်တလောမှာသူမဟာ Victory ဆိုတဲ့ရုပ်ရှင်ကို ရိုက်ကူးပြီးစီးသွားပြီလို့သိရပါတယ်။
Han So Hee ကတော့ သူမရဲ့ SNS မှာ မဂ္ဂဇင်းကာဗာပုံရိပ်တွေ၊ ဆယ်လ်ဖီပုံတွေနဲ့“အခုချိန်မှစပြီးမင်းရဲ့လမ်းဟာပန်းခင်းလမ်းဖြစ်ပါစေ” လို့ စာသားရေးထားတဲ့ကိတ်မုန့်ပုံတွေကိုမျှဝေလာတာဖြစ်ပါတယ်။ သူမတို့နှစ်ဦးလုံးဟာ ရှုပ်ထွေးနေတဲ့အနေအထားအားလုံးကိုအဆုံး သတ်ပြီးပုံမှန်အတိုင်းအလုပ်တွေလုပ်ရင်းအေးအေးဆေးဆေးရှိနေတဲ့အနေအထားကိုတွေ့မြင်လာရတာဖြစ်ပါတယ်။

Ju Ju

zawgyi

မင္းသား Ryu Jun Yeol နဲ႔ခ်စ္သူေတြအျဖစ္ 6 ႏွစ္ၾကာျဖတ္သန္းလာခဲ့တဲ့ Hyeri နဲ႔ Ryu Jun Yeol ရဲ႕ခ်စ္သူအသစ္ျဖစ္တဲ့ Han So Hee တို႔ဟာ မၾကာေသးခင္က အခ်င္းခ်င္းအၾကားပို႔စ္တင္ေရးသားေျပာဆိုမႈေတြနဲ႔ပတ္သက္ၿပီး မီဒီယာေတြ၊ ပရိသတ္ေတြၾကားထဲမွာသတင္းေတြျဖစ္ေပၚခဲ့ပါတယ္။Han So Hee ကလည္း သူနဲ႔ Ryu Jun Yeol တို႔ကခ်စ္သူေတြျဖစ္ေနပါၿပီလို႔ ပြင့္ပြင့္လင္းလင္းဝန္ခံခဲ့ၿပီးႏွစ္ပတ္အၾကာမွာလမ္းခြဲလိုက္ၿပီလို႔သိရပါတယ္။ မင္းသား Ryu Jun Yeol ဘက္ကေတာ့ထိုကိစၥေတြအေပၚ ဘာမွမွတ္ခ်က္ျပဳေျပာဆိုတာမ်ိဳးမလုပ္ခဲ့ပါဘူး။

လက္ရွိမွာေတာ့ Hyeri ဟာလည္း သူမရဲ႕သြားလာလႈပ္ရွားမႈပုံရိပ္ေတြကိုပရိသတ္ေတြျမင္ေအာင္မွ်ေဝေနသလို Han So Hee ကလည္းသူမရဲ႕အေကာင့္ကေနပုံေတြမ်ားစြာတင္ေနတာကိုေတြ႕ျမင္ေနရပါတယ္။ Hyeri ဟာ အားကစား Brand တစ္ခုရဲ႕ဆိုင္ဖြင့္ပြဲကိုတက္ေရာက္ၿပီး သူမရဲ႕ပုံရိပ္ေတြကိုမွ်ေဝလာတာျဖစ္ပါတယ္။ လတ္တေလာမွာသူမဟာ Victory ဆိုတဲ့႐ုပ္ရွင္ကို ႐ိုက္ကူးၿပီးစီးသြားၿပီလို႔သိရပါတယ္။
Han So Hee ကေတာ့ သူမရဲ႕ SNS မွာ မဂၢဇင္းကာဗာပုံရိပ္ေတြ၊ ဆယ္လ္ဖီပုံေတြနဲ႔“အခုခ်ိန္မွစၿပီးမင္းရဲ႕လမ္းဟာပန္းခင္းလမ္းျဖစ္ပါေစ” လို႔ စာသားေရးထားတဲ့ကိတ္မုန႔္ပုံေတြကိုမွ်ေဝလာတာျဖစ္ပါတယ္။ သူမတို႔ႏွစ္ဦးလုံးဟာ ရႈပ္ေထြးေနတဲ့အေနအထားအားလုံးကိုအဆုံး သတ္ၿပီးပုံမွန္အတိုင္းအလုပ္ေတြလုပ္ရင္းေအးေအးေဆးေဆးရွိေနတဲ့အေနအထားကိုေတြ႕ျမင္လာရတာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*