ဂရမ်မီဆုပေးပွဲမှာ ဖျော်ဖြေမယ့် SZA

ဂရမ်မီရဲ့ဆန်ခါတင်စာရင်းမှာနေရာများစွာယူထားနိုင်တဲ့ SZA က ဂရမ်မီဆုပေးပွဲမှာလည်းဖျော်ဖြေမှုပြုလုပ်မယ်လို့သိရပါတယ်။ ဒီလိုပါဝင်ဖျော်ဖြေမယ့်အကြောင်းကို ဇန်နဝါရီလ (29)ရက်နေ့က CBS ကအတည်ပြုကြေညာခဲ့တာဖြစ်ပါတယ်။ ဒါဟာ SZA အတွက် ဒုတိ ယအကြိမ်မြောက်ဂရမ်မီပွဲမှာ ဖျော်ဖြေခြင်းဖြစ်လာမှာပါ။လွန်ခဲ့တဲ့ (6) နှစ်က သူမဟာဂရမ်မီဆုပေးပွဲမှာ Broken Clocks သီချင်းကိုဖျော်ဖြေခဲ့ဖူးပါတယ်။

ပုံမှန်အားဖြင့်ဆန်ခါတင်စာရင်းပါတဲ့သူတွေဟာ ဆုပေးပွဲမှာဖျော်ဖြေလေ့ရှိကြပေမယ့်တချို့ကျတော့လည်း ဖျော်ဖြေဖို့ငြင်းပယ်လေ့ရှိကြပါတယ်။ လက်ရှိအချိန်ထိဂရမ်မီဆုပေးပွဲမှာဖျော်ဖြေမယ့်အဆိုတော်စာရင်းကို ထုတ်ပြန်ရာမှာ Olivia Rodrigo ၊ Billie Eilish ၊ Dua
Lipa ၊ Billy Joel ၊ U2 ၊ Mitchell ၊ Burna Boy ၊ Travis Scott ၊ Luke Combs နဲ့ SZA တို့ပါဝင်နေတာတွေ့ရပါတယ်။ (66) ကြိမ်မြောက်ဂရမ်မီဆုပေးပွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့ကျင်းပမှာဖြစ်ပြီးလော့စ်အိန်ဂျလိစ်မြို့မှာရှိတဲ့ Crypto.com Arena မှာ ပြုလုပ်မှာဖြစ်ပါတယ်။

Ju Ju

zawgyi

ဂရမ္မီရဲ႕ဆန္ခါတင္စာရင္းမွာေနရာမ်ားစြာယူထားႏိုင္တဲ့ SZA က ဂရမ္မီဆုေပးပြဲမွာလည္းေဖ်ာ္ေျဖမႈျပဳလုပ္မယ္လို႔သိရပါတယ္။ ဒီလိုပါဝင္ေဖ်ာ္ေျဖမယ့္အေၾကာင္းကို ဇန္နဝါရီလ (29)ရက္ေန႔က CBS ကအတည္ျပဳေၾကညာခဲ့တာျဖစ္ပါတယ္။ ဒါဟာ SZA အတြက္ ဒုတိ ယအႀကိမ္ေျမာက္ဂရမ္မီပြဲမွာ ေဖ်ာ္ေျဖျခင္းျဖစ္လာမွာပါ။လြန္ခဲ့တဲ့ (6) ႏွစ္က သူမဟာဂရမ္မီဆုေပးပြဲမွာ Broken Clocks သီခ်င္းကိုေဖ်ာ္ေျဖခဲ့ဖူးပါတယ္။

ပုံမွန္အားျဖင့္ဆန္ခါတင္စာရင္းပါတဲ့သူေတြဟာ ဆုေပးပြဲမွာေဖ်ာ္ေျဖေလ့ရွိၾကေပမယ့္တခ်ိဳ႕က်ေတာ့လည္း ေဖ်ာ္ေျဖဖို႔ျငင္းပယ္ေလ့ရွိၾကပါတယ္။ လက္ရွိအခ်ိန္ထိဂရမ္မီဆုေပးပြဲမွာေဖ်ာ္ေျဖမယ့္အဆိုေတာ္စာရင္းကို ထုတ္ျပန္ရာမွာ Olivia Rodrigo ၊ Billie Eilish ၊ Dua
Lipa ၊ Billy Joel ၊ U2 ၊ Mitchell ၊ Burna Boy ၊ Travis Scott ၊ Luke Combs နဲ႔ SZA တို႔ပါဝင္ေနတာေတြ႕ရပါတယ္။ (66) ႀကိမ္ေျမာက္ဂရမ္မီဆုေပးပြဲကို ေဖေဖာ္ဝါရီလ ၄ ရက္ေန႔က်င္းပမွာျဖစ္ၿပီးေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕မွာရွိတဲ့ Crypto.com Arena မွာ ျပဳလုပ္မွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*