Remote အလုပ်အကိုင်ရှာဖွေဖို့အတွက် Website (၅)ခု

Remote အလုပ်အကိုင်အတွက် ဘယ်လိုရှာမလဲ။ ဘယ်လိုလျှောက်မလဲ။ဒီဝက်ဆိုက်တွေကတော့ Remote အလုပ်အကိုင်တွေကိုဖော်ပြပေးတဲ့အကောင်းဆုံးဝက်ဆိုက်တွေပဲဖြစ်ပါတယ်။ Virtual job boards တွေ ရာနှင့်ချီပြီးရှိပေမဲ့ ဒါတွေအားလုံးက Remote နဲ့လူကိုယ် တိုင်သွားရောက်လုပ်ကိုင်ရတဲ့အလုပ်ရယ်လို့ ခွဲခြားသတ်မှတ်ထားတာမရှိပါဘူး။ ဒါပေမဲ့ဒီဝက်ဆိုက်တွေကတော့ Remote တွေချည်း သီးသန့်ဖော်ပြထားတာဖြစ်ပါတယ်။

FlexJobs
FlexJobs က စာချုပ်၊ အချိန်ပိုင်း၊ အချိန်ပြည့် Remote အလုပ်တွေအစုံပါဝင်တဲ့အလုပ်ဝက်ဆိုက်တခုဖြစ်ပါတယ်။ လူကြိုက်အများဆုံးအလုပ်အမျိုးစားများကတော့နည်းပညာ၊ ဈေးကွက်ရှာဖွေရေး၊ ဘဏ္ဍာရေး၊ ပရောဂျက်စီမံခန့်ခွဲမှု၊ ဆေးဘက်ဆိုင်ရာ၊ HR နဲ့Customer Servive တို့ဖြစ်ပါတယ်။ ဒီမှာတင်တဲ့အလုပ်အကိုင်တွေက ၁၀၀ရာခိုင်နှုန်းစိစစ်ပြီးမှတင်တာဖြစ်တာကြောင့် လိမ်လည်တာမျိုးအတွက် စိတ်ပူစရာမလိုပါဘူး။

We Work Remotely
We Work Remotely က remote ကုမ္ပဏီများနဲ့ အဖွဲ့အစည်းများအတွက်အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ပြပေးတဲ့ ဝက်ဆိုက်တခုဖြစ်ပါတယ်။လူကြိုက်အများဆုံး အလုပ်တွေကတော့ ပရိုဂရမ်ရေးဆွဲတာ၊ အရောင်းပိုင်း၊ဈေးကွက်ချဲ့ထွင်တာ၊ ဒီဇိုင်းနဲ့ Customer Support တို့ဖြစ်ပါတယ်။ ဒီဝက်ဆိုက်ကလည်း remote အလုပ်တွေကိုသာ သီးသန့်တင်တဲ့ ဝက်ဆိုက်တခုဖြစ်ပါတယ်။

Upwork
Upwork ကတော့ အလွတ်တန်းကန်ထရိုက်တာများအတွက် ဒီဇိုင်းထုတ်ထားတဲ့ဝဘ်ဆိုဒ်တစ်ခုဖြစ်ပါတယ်။ ဒီမှာ ဂရပ်ဖစ်ဒီဇိုင်း၊ web နဲ့ Mobile development၊ တီထွင်ဖန်တီးမှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းများအတွက် စံပြကမ္ဘာ့အကြီးဆုံး remote အလုပ်အကိုင်ဆိုက်များထဲမှတစ်ခုဖြစ်ပါတယ်။

Virtual Vocations
Virtual Vocations က အပတ်စဉ် အလုပ်ရာထူးပေါင်း ၃၅၀၀ကို ရွေးချယ်ရန် remote အလုပ်ခေါ်စာများကို ဖော်ပြပေးပါတယ်။ သူတို့ရဲ့ထိပ်တန်းအလုပ်အမျိုးစားတွေကတော့အရောင်း၊ Account Management နဲ့ Business Operation များပါဝင်ပါတယ်။

Wellfound
Wellfound ကို အရင်က AngelList Talent လို့လူသိများပြီး start-ups များအတွက်အလုပ်တင်ပေးတဲ့ site တစ်ခုဖြစ်ပါတယ်။ ဒီဝက်ဆိုက်မှာ remote အလုပ်အကိုင်ပေါင်း ၁သိန်း ၃သောင်းကျော်ကို တင်ထားပါတယ်။ အလုပ်အကိုင်အများစုကတော့နည်းပညာနယ်ပယ်အတွက် အလုပ်များဖြစ်ပါတယ်။

MYit

zawgyi

Remote အလုပ္အကိုင္အတြက္ ဘယ္လိုရွာမလဲ။ ဘယ္လိုေလွ်ာက္မလဲ။ဒီဝက္ဆိုက္ေတြကေတာ့ Remote အလုပ္အကိုင္ေတြကိုေဖာ္ျပေပးတဲ့အေကာင္းဆုံးဝက္ဆိုက္ေတြပဲျဖစ္ပါတယ္။ Virtual job boards ေတြ ရာႏွင့္ခ်ီၿပီးရွိေပမဲ့ ဒါေတြအားလုံးက Remote နဲ႔လူကိုယ္ တိုင္သြားေရာက္လုပ္ကိုင္ရတဲ့အလုပ္ရယ္လို႔ ခြဲျခားသတ္မွတ္ထားတာမရွိပါဘူး။ ဒါေပမဲ့ဒီဝက္ဆိုက္ေတြကေတာ့ Remote ေတြခ်ည္း သီးသန႔္ေဖာ္ျပထားတာျဖစ္ပါတယ္။

FlexJobs
FlexJobs က စာခ်ဳပ္၊ အခ်ိန္ပိုင္း၊ အခ်ိန္ျပည့္ Remote အလုပ္ေတြအစုံပါဝင္တဲ့အလုပ္ဝက္ဆိုက္တခုျဖစ္ပါတယ္။ လူႀကိဳက္အမ်ားဆုံးအလုပ္အမ်ိဳးစားမ်ားကေတာ့နည္းပညာ၊ ေဈးကြက္ရွာေဖြေရး၊ ဘ႑ာေရး၊ ပေရာဂ်က္စီမံခန႔္ခြဲမႈ၊ ေဆးဘက္ဆိုင္ရာ၊ HR နဲ႔Customer Servive တို႔ျဖစ္ပါတယ္။ ဒီမွာတင္တဲ့အလုပ္အကိုင္ေတြက ၁၀၀ရာခိုင္ႏႈန္းစိစစ္ၿပီးမွတင္တာျဖစ္တာေၾကာင့္ လိမ္လည္တာမ်ိဳးအတြက္ စိတ္ပူစရာမလိုပါဘူး။

We Work Remotely
We Work Remotely က remote ကုမၸဏီမ်ားနဲ႔ အဖြဲ႕အစည္းမ်ားအတြက္အလုပ္အကိုင္အခြင့္အလမ္းမ်ားကို ေဖာ္ျပေပးတဲ့ ဝက္ဆိုက္တခုျဖစ္ပါတယ္။လူႀကိဳက္အမ်ားဆုံး အလုပ္ေတြကေတာ့ ပ႐ိုဂရမ္ေရးဆြဲတာ၊ အေရာင္းပိုင္း၊ေဈးကြက္ခ်ဲ႕ထြင္တာ၊ ဒီဇိုင္းနဲ႔ Customer Support တို႔ျဖစ္ပါတယ္။ ဒီဝက္ဆိုက္ကလည္း remote အလုပ္ေတြကိုသာ သီးသန႔္တင္တဲ့ ဝက္ဆိုက္တခုျဖစ္ပါတယ္။

Upwork
Upwork ကေတာ့ အလြတ္တန္းကန္ထ႐ိုက္တာမ်ားအတြက္ ဒီဇိုင္းထုတ္ထားတဲ့ဝဘ္ဆိုဒ္တစ္ခုျဖစ္ပါတယ္။ ဒီမွာ ဂရပ္ဖစ္ဒီဇိုင္း၊ web နဲ႔ Mobile development၊ တီထြင္ဖန္တီးမႈဆိုင္ရာ အသက္ေမြးဝမ္းေက်ာင္းမ်ားအတြက္ စံျပကမာၻ႔အႀကီးဆုံး remote အလုပ္အကိုင္ဆိုက္မ်ားထဲမွတစ္ခုျဖစ္ပါတယ္။

Virtual Vocations
Virtual Vocations က အပတ္စဥ္ အလုပ္ရာထူးေပါင္း ၃၅၀၀ကို ေ႐ြးခ်ယ္ရန္ remote အလုပ္ေခၚစာမ်ားကို ေဖာ္ျပေပးပါတယ္။ သူတို႔ရဲ႕ထိပ္တန္းအလုပ္အမ်ိဳးစားေတြကေတာ့အေရာင္း၊ Account Management နဲ႔ Business Operation မ်ားပါဝင္ပါတယ္။

Wellfound
Wellfound ကို အရင္က AngelList Talent လို႔လူသိမ်ားၿပီး start-ups မ်ားအတြက္အလုပ္တင္ေပးတဲ့ site တစ္ခုျဖစ္ပါတယ္။ ဒီဝက္ဆိုက္မွာ remote အလုပ္အကိုင္ေပါင္း ၁သိန္း ၃ေသာင္းေက်ာ္ကို တင္ထားပါတယ္။ အလုပ္အကိုင္အမ်ားစုကေတာ့နည္းပညာနယ္ပယ္အတြက္ အလုပ္မ်ားျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*