Spotify ရဲ့ Global Chart ဇယားမှာ အရှည်ကြာဆုံးနေရာယူထားနိုင်သူ Jungkook

BTS က Jungkook အနေနဲ့ Spotify’s Top Albums Global Chart ရဲ့ထိပ်ပိုင်းမှာအရှည်ကြာဆုံးနေရာယူထားနိုင်တဲ့ ကေပါ့ပ်တစ် ကိုယ်တော်အဆိုရှင်ဖြစ်တယ်လို့ သတင်းတွေမှာဖော်ပြကြပါတယ်။ Jungkook ဟာ သူ့ရဲ့တစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်တဲ့ Golden နဲ့အခုလိုအောင်မြင်မှုကိုရယူထားနိုင်တာဖြစ်ပါတယ်။ Golden ဟာ ဖေဖော်ဝါရီ ၉ ကနေ ၁၅ ရက်အတွင်း Top Albums Global ဇယားရဲ့နံပါတ် ၁၁ မှာရောက်ရှိနေတယ်လို့ Spotify ကထုတ်ပြန်ထားပါတယ်။

Golden အယ်လ်ဘမ်ဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကတည်းက Top Albums Global ထဲပါဝင်နေခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ 15 ပတ်ဆက်တိုက်အောင်မြင်မှုရနေဆဲဖြစ်ပါတယ်။ဒီလိုစံချိန်တင်ကျန်ရှိမှုနဲ့အတူ Jungkook ဟာလည်း Top Albums Global Chart ထဲမှာအချိန်အကြာဆုံးတည်ရှိနေတဲ့ တစ်ကိုယ်တော်အဆိုရှင် ဖြစ်လာခဲ့တာပါ။ Spotify ရဲ့ Top Songs Global Chart မှာတော့ Jungkook ရဲ့ Seven သီချင်းက နံပါတ် 26 ၊ 3D သီချင်းက နံပါတ် 114၊ Standing Next To You က နံပါတ် 49 မှာရောက်ရှိနေတယ်လို့သိရပါတယ်။

Ju Ju

zawgyi

BTS က Jungkook အေနနဲ႔ Spotify’s Top Albums Global Chart ရဲ႕ထိပ္ပိုင္းမွာအရွည္ၾကာဆုံးေနရာယူထားႏိုင္တဲ့ ေကပါ့ပ္တစ္ ကိုယ္ေတာ္အဆိုရွင္ျဖစ္တယ္လို႔ သတင္းေတြမွာေဖာ္ျပၾကပါတယ္။ Jungkook ဟာ သူ႔ရဲ႕တစ္ကိုယ္ေတာ္အယ္လ္ဘမ္ျဖစ္တဲ့ Golden နဲ႔အခုလိုေအာင္ျမင္မႈကိုရယူထားႏိုင္တာျဖစ္ပါတယ္။ Golden ဟာ ေဖေဖာ္ဝါရီ ၉ ကေန ၁၅ ရက္အတြင္း Top Albums Global ဇယားရဲ႕နံပါတ္ ၁၁ မွာေရာက္ရွိေနတယ္လို႔ Spotify ကထုတ္ျပန္ထားပါတယ္။

Golden အယ္လ္ဘမ္ဟာ ၿပီးခဲ့တဲ့ႏွစ္ႏိုဝင္ဘာလကတည္းက Top Albums Global ထဲပါဝင္ေနခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္ထိ 15 ပတ္ဆက္တိုက္ေအာင္ျမင္မႈရေနဆဲျဖစ္ပါတယ္။ဒီလိုစံခ်ိန္တင္က်န္ရွိမႈနဲ႔အတူ Jungkook ဟာလည္း Top Albums Global Chart ထဲမွာအခ်ိန္အၾကာဆုံးတည္ရွိေနတဲ့ တစ္ကိုယ္ေတာ္အဆိုရွင္ ျဖစ္လာခဲ့တာပါ။ Spotify ရဲ႕ Top Songs Global Chart မွာေတာ့ Jungkook ရဲ႕ Seven သီခ်င္းက နံပါတ္ 26 ၊ 3D သီခ်င္းက နံပါတ္ 114၊ Standing Next To You က နံပါတ္ 49 မွာေရာက္ရွိေနတယ္လို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*