ကိုရီးယားမှာလူကြည့်အများဆုံးနံပါတ်တစ်ဖြစ်နေတဲ့ Deadman

မင်းသား Cho Jin Woong နဲ့ မင်းသမီး Kim Hee Ae တို့ပါဝင်သရုပ်ဆောင်ထားတဲ့နောက်ဆုံးထွက်ရုပ်ရှင်ကား Deadman ဟာလူစိတ်ဝင်စားမှုအမြင့်မားဆုံးဇာတ်ကားအဖြစ်စံချိန်တင်နေတယ်လို့သိရပါတယ်။ Deadman ဇာတ်ကားကို ဖေဖော်ဝါရီ 7 ရက်နေ့မှာရုံတင်ပြသမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ကြိုတင်လက်မှတ်ဝယ်ယူသူများစွာကြောင့် နံပါတ်တစ်နေရာကိုရောက်ရှိနေတာဖြစ်ပါတယ်။
Deadman ရုပ်ရှင်ကို ဒါရိုက်တာ Ha Jun won ကရိုက်ကူးတာဖြစ်ပြီး အကျိုးအမြတ်အတွက်နာမည်ရောင်းစားကြတဲ့စီးပွားရေးလုပ်ငန်းအကြောင်းဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေအတွက်နာမည်ငှားစားလေ့ရှိတဲ့လူတစ်ယောက်ဟာ တစ်နေ့မှာတော့သူ့နာမည်နဲ့ဝမ်ငွေ 100 ဘီလီယံအလွဲသုံးစားလုပ်ခံရပြီး သူ့ကိုသေဆုံးပြီးသူအဖြစ်သတ်မှတ်ခံခဲ့ရတာပါ။တကယ်ကတော့သူဟာ တရုတ်ပြည်မှာထောင်ကျခံနေရတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာမှန်းဆလို့မရတဲ့လှည့်ကွက်များစွာ နဲ့ဖန်တီးထားတာမို့ ပရိသတ်တွေအကြိုက်တွေ့စေမယ့်ဇာတ်ကားဖြစ်တယ်လို့ထုတ်လုပ် သူတွေကပြောထားပါတယ်။နာမည်ရောင်းစားတဲ့စီးပွားရေးစျေးကွက်အကြောင်းကို ပထမဆုံးရိုက်ကူးတင်ဆက်တဲ့ဇာတ်ကားမို့လူအများစိတ်ဝင်စားကြတာဖြစ်ကြောင်း မီဒီယာတွေကသုံးသပ်ထားပါတယ်။

Ju Ju

zawgyi

မင္းသား Cho Jin Woong နဲ႔ မင္းသမီး Kim Hee Ae တို႔ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ေနာက္ဆုံးထြက္႐ုပ္ရွင္ကား Deadman ဟာလူစိတ္ဝင္စားမႈအျမင့္မားဆုံးဇာတ္ကားအျဖစ္စံခ်ိန္တင္ေနတယ္လို႔သိရပါတယ္။ Deadman ဇာတ္ကားကို ေဖေဖာ္ဝါရီ 7 ရက္ေန႔မွာ႐ုံတင္ျပသမွာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ႀကိဳတင္လက္မွတ္ဝယ္ယူသူမ်ားစြာေၾကာင့္ နံပါတ္တစ္ေနရာကိုေရာက္ရွိေနတာျဖစ္ပါတယ္။
Deadman ႐ုပ္ရွင္ကို ဒါ႐ိုက္တာ Ha Jun won က႐ိုက္ကူးတာျဖစ္ၿပီး အက်ိဳးအျမတ္အတြက္နာမည္ေရာင္းစားၾကတဲ့စီးပြားေရးလုပ္ငန္းအေၾကာင္းျဖစ္ပါတယ္။

စီးပြားေရးလုပ္ငန္းေတြအတြက္နာမည္ငွားစားေလ့ရွိတဲ့လူတစ္ေယာက္ဟာ တစ္ေန႔မွာေတာ့သူ႔နာမည္နဲ႔ဝမ္ေငြ 100 ဘီလီယံအလြဲသုံးစားလုပ္ခံရၿပီး သူ႔ကိုေသဆုံးၿပီးသူအျဖစ္သတ္မွတ္ခံခဲ့ရတာပါ။တကယ္ကေတာ့သူဟာ တ႐ုတ္ျပည္မွာေထာင္က်ခံေနရတာျဖစ္ပါတယ္။ ဒီဇာတ္ကားဟာမွန္းဆလို႔မရတဲ့လွည့္ကြက္မ်ားစြာ နဲ႔ဖန္တီးထားတာမို႔ ပရိသတ္ေတြအႀကိဳက္ေတြ႕ေစမယ့္ဇာတ္ကားျဖစ္တယ္လို႔ထုတ္လုပ္ သူေတြကေျပာထားပါတယ္။နာမည္ေရာင္းစားတဲ့စီးပြားေရးေစ်းကြက္အေၾကာင္းကို ပထမဆုံး႐ိုက္ကူးတင္ဆက္တဲ့ဇာတ္ကားမို႔လူအမ်ားစိတ္ဝင္စားၾကတာျဖစ္ေၾကာင္း မီဒီယာေတြကသုံးသပ္ထားပါတယ္။

Ju Ju

 

Be the first to comment

Leave a Reply

Your email address will not be published.


*