အလုပ်မှာ Deadline ထပ်တိုးပေးဖို့ဘယ်လိုတောင်းဆိုနိုင်မလဲ

ကိုယ့်ကိုခိုင်းထားတဲ့ Project တစ်ခုအတွက် သတ်မှတ်ထားတဲ့အချိန်နဲ့မလုံလောက်တဲ့အခါအလုပ်ပြီးဆုံးရမယ့်နောက်ဆုံးရက်ကိုပြင်ဆင် ပေးဖို့တောင်းဆိုနိုင်ပါတယ်။ကုမ္ပဏီမှာလူချင်းတွေ့ပြီးအလုပ်လုပ်ရတာမျိုးဆိုရင် အခြေအနေကိုပြောပြပြီးတောင်းဆိုလို့ရပေမယ့်ကိုယ်ကတခြားနိုင်ငံရဲ့ရုံးခွဲမှာအလုပ်လုပ်နေတာ ဒါမှမဟုတ် Remote Work ၊ Work From Home လုပ်နေတာမျိုးဆိုရင်တော့ အီးမေးလ်နဲ့စနစ်တကျအသိပေးတောင်းဆိုတတ်ဖို့လိုပါတယ်။ဒါ့ကြောင့် Deadline ကိုပြန်ညှိပေးဖို့တောင်းဆိုချင်တယ်ဆိုရင်ဒီအချက်တွေအတိုင်းလုပ်ဆောင်နိုင်ပါတယ်။

-ပထမအဆင့်ကတော့ အချိန်ဘယ်လောက်ထပ်တောင်းရမလဲဆိုတာ သေသေချာချာတွက်ဆဖို့ပါပဲ။ကိုယ်က နောက်သုံးရက်လောက်တိုးပေးပါလို့ပြောလိုက်ပြီးမှ သုံးရက်နဲ့မပြီးလို့ထပ်ပြင်ဆင်ရတယ်ဆိုရင်အဆင်မပြေနိုင်ပါဘူး။ ဒါ့ကြောင့်လုံလောက်တဲ့အချိန်တစ်ခုဖြစ်အောင် စဥ်းစားဆုံးဖြတ်ဖို့လိုပါတယ်။

-ဒုတိယအချက်ကတော့ တိကျတဲ့အကြောင်းပြချက်ရှိရမှာဖြစ်ပါတယ်။နှာစေးချောင်းဆိုးတဲ့အကြောင်းပြချက်လောက်နဲ့တော့ ဘယ်သူမှခွင့်ပြုမှာမဟုတ်ပါဘူး။ ဒါ့ကြောင့်ဘာ့ကြောင့်အချိန်ပို လိုအပ်ပါတယ်ဆိုတာကို တိတိကျကျရိုးရိုးသားသားပြောနိုင်ဖို့လိုပါတယ်နော်။

-တတိယတစ်ချက်ကတော့ Customer ၊ Client တွေကိုဆွဲထည့်ဖို့ပါ။ Customer တွေလိုချင်တဲ့အနေအထား၊ ပြည့်စုံသပ်ရပ်တဲ့အခြေ အနေကိုရဖို့ အချိန်ထပ်လိုကြောင်းကိုပြောပေးပါ။ဒီလို အကြောင်းပြချက်တွေက အထက်လူကြီးတွေငြင်းဆန်ဖို့ခက်ပါတယ်။

-စတုတ္ထအဆင့်ကတော့ အလုပ်တွေဘယ်အဆင့်အထိပြီးနေပြီ၊ ဘယ်လောက်ထိကောင်းမွန်နေပြီ၊ဘယ်အဆင့်ပဲဆက်လုပ်ဖို့ကျန်တော့တယ်ဆိုတာတွေကို ပြောပြဖို့ဖြစ်ပါတယ်။ကိုယ်ကနိုင်ငံခြားသားတွေနဲ့အလုပ်လုပ်ရတာမို့ Deadline အတွက် Request လုပ်ချင်တယ်ဆိုရင်ဒီလိုမျိုးပြောဆိုနိုင်ပါတယ်။

“Hi Maria, this month’s budget report is more complicated than usual due to the two new marketing campaigns and training new employees. If you like, I can send you the portions that are ready so far, but if I could have another two days to finish the full report, then I’ll be able to give you a more accurate analysis.”

ဆိုတာမျိုးဖြစ်ပါတယ်။မေးလ်ကနေဆက်သွယ်မယ်ဆိုရင်တော့ ဒီဥပမာလေးကို နမူနာယူနိုင်ပါတယ်။

Subject: Project Extension Request
Dear …..,
I am emailing to request a deadline extension on the market research project. Accessing the correct sources has taken longer than I anticipated, but several vendors informed me that they would get back to me this week. I believe the delay will result in a more accurate and comprehensive report.
I would like to submit the project on Friday, August 16, instead of Monday, August 12. I would be happy to submit a preliminary report before that date if you would like to see it. I apologize for the delay and thank you for your understanding in this matter.
Sincerely,
………..
စသဖြင့် ရေးသားနိုင်ပါတယ်နော်။အားလုံးပဲအလုပ်တွေအချိန်မီပြီးစီးပြီး ကောင်းမွန်တဲ့ရလဒ်တွေသာပိုင်ဆိုင်နိုင်ပါစေ။

Ju Ju

zawgyi

ကိုယ့္ကိုခိုင္းထားတဲ့ Project တစ္ခုအတြက္ သတ္မွတ္ထားတဲ့အခ်ိန္နဲ႔မလုံေလာက္တဲ့အခါအလုပ္ၿပီးဆုံးရမယ့္ေနာက္ဆုံးရက္ကိုျပင္ဆင္ ေပးဖို႔ေတာင္းဆိုႏိုင္ပါတယ္။ကုမၸဏီမွာလူခ်င္းေတြ႕ၿပီးအလုပ္လုပ္ရတာမ်ိဳးဆိုရင္ အေျခအေနကိုေျပာျပၿပီးေတာင္းဆိုလို႔ရေပမယ့္ကိုယ္ကတျခားႏိုင္ငံရဲ႕႐ုံးခြဲမွာအလုပ္လုပ္ေနတာ ဒါမွမဟုတ္ Remote Work ၊ Work From Home လုပ္ေနတာမ်ိဳးဆိုရင္ေတာ့ အီးေမးလ္နဲ႔စနစ္တက်အသိေပးေတာင္းဆိုတတ္ဖို႔လိုပါတယ္။ဒါ့ေၾကာင့္ Deadline ကိုျပန္ညႇိေပးဖို႔ေတာင္းဆိုခ်င္တယ္ဆိုရင္ဒီအခ်က္ေတြအတိုင္းလုပ္ေဆာင္ႏိုင္ပါတယ္။

-ပထမအဆင့္ကေတာ့ အခ်ိန္ဘယ္ေလာက္ထပ္ေတာင္းရမလဲဆိုတာ ေသေသခ်ာခ်ာတြက္ဆဖို႔ပါပဲ။ကိုယ္က ေနာက္သုံးရက္ေလာက္တိုးေပးပါလို႔ေျပာလိုက္ၿပီးမွ သုံးရက္နဲ႔မၿပီးလို႔ထပ္ျပင္ဆင္ရတယ္ဆိုရင္အဆင္မေျပႏိုင္ပါဘူး။ ဒါ့ေၾကာင့္လုံေလာက္တဲ့အခ်ိန္တစ္ခုျဖစ္ေအာင္ စဥ္းစားဆုံးျဖတ္ဖို႔လိုပါတယ္။

-ဒုတိယအခ်က္ကေတာ့ တိက်တဲ့အေၾကာင္းျပခ်က္ရွိရမွာျဖစ္ပါတယ္။ႏွာေစးေခ်ာင္းဆိုးတဲ့အေၾကာင္းျပခ်က္ေလာက္နဲ႔ေတာ့ ဘယ္သူမွခြင့္ျပဳမွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ဘာ့ေၾကာင့္အခ်ိန္ပို လိုအပ္ပါတယ္ဆိုတာကို တိတိက်က်႐ိုး႐ိုးသားသားေျပာႏိုင္ဖို႔လိုပါတယ္ေနာ္။

-တတိယတစ္ခ်က္ကေတာ့ Customer ၊ Client ေတြကိုဆြဲထည့္ဖို႔ပါ။ Customer ေတြလိုခ်င္တဲ့အေနအထား၊ ျပည့္စုံသပ္ရပ္တဲ့အေျခ အေနကိုရဖို႔ အခ်ိန္ထပ္လိုေၾကာင္းကိုေျပာေပးပါ။ဒီလို အေၾကာင္းျပခ်က္ေတြက အထက္လူႀကီးေတြျငင္းဆန္ဖို႔ခက္ပါတယ္။

-စတုတၳအဆင့္ကေတာ့ အလုပ္ေတြဘယ္အဆင့္အထိၿပီးေနၿပီ၊ ဘယ္ေလာက္ထိေကာင္းမြန္ေနၿပီ၊ဘယ္အဆင့္ပဲဆက္လုပ္ဖို႔က်န္ေတာ့တယ္ဆိုတာေတြကို ေျပာျပဖို႔ျဖစ္ပါတယ္။ကိုယ္ကႏိုင္ငံျခားသားေတြနဲ႔အလုပ္လုပ္ရတာမို႔ Deadline အတြက္ Request လုပ္ခ်င္တယ္ဆိုရင္ဒီလိုမ်ိဳးေျပာဆိုႏိုင္ပါတယ္။

“Hi Maria, this month’s budget report is more complicated than usual due to the two new marketing campaigns and training new employees. If you like, I can send you the portions that are ready so far, but if I could have another two days to finish the full report, then I’ll be able to give you a more accurate analysis.”

ဆိုတာမ်ိဳးျဖစ္ပါတယ္။ေမးလ္ကေနဆက္သြယ္မယ္ဆိုရင္ေတာ့ ဒီဥပမာေလးကို နမူနာယူႏိုင္ပါတယ္။

Subject: Project Extension Request
Dear …..,
I am emailing to request a deadline extension on the market research project. Accessing the correct sources has taken longer than I anticipated, but several vendors informed me that they would get back to me this week. I believe the delay will result in a more accurate and comprehensive report.
I would like to submit the project on Friday, August 16, instead of Monday, August 12. I would be happy to submit a preliminary report before that date if you would like to see it. I apologize for the delay and thank you for your understanding in this matter.
Sincerely,
………..
စသျဖင့္ ေရးသားႏိုင္ပါတယ္ေနာ္။အားလုံးပဲအလုပ္ေတြအခ်ိန္မီၿပီးစီးၿပီး ေကာင္းမြန္တဲ့ရလဒ္ေတြသာပိုင္ဆိုင္ႏိုင္ပါေစ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*