Tennis ပွဲကြည့်ရင်းချိန်းတွေ့ကြတဲ့ Zendaya နဲ့ Tom Holland

Zendaya နဲ့ Tom Holland တို့ဟာ BNP Paribas Open Women's Final မှာ တင်းနစ်ပွဲအတူကြည့်ရင်းဒိတ်ခဲ့ကြပါတယ်။သူတို့နှစ်ဦးလုံးဟာ အသက် ၂၇ နှစ်အရွယ်တွေဖြစ်ကြပါတယ်။ ပွဲအတွင်းကင်မရာရိုက်ကူးစဉ်မှာတော့သူတို့ဟာ Whitney Houston ရဲ့ I wanna dance with somebody သီချင်းကိုအတူတူဆိုနေကြတယ်လို့‌ဖော်ပြထားပါတယ်။ Zendaya ကအဖြူရောင် ဂျာကင်အကျီကိုဝတ်ဆင်ထားပြီး Tom Holland ကိုတော့ အဖြူပေါ်ကအညိုရောင်ရှပ်လက်ရှည်၊ ဘောင်းဘီအမည်းတွေနဲ့တွေ့ရတာပါ။

သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေအဖြစ်အချိန်အကြာကြီးရှိနေခဲ့ကြပြီးမှချစ်သူတွေဖြစ်လာခဲ့ကြတာဖြစ်ပါတယ်။ Tom Holland က Zendaya ကိုရယ်မောအောင်လုပ်ပေးနိုင်ပြီး Zendaya ကလည်း Celebrity ကမ္ဘာထဲကျင်လည်တတ်စေဖို့ Tom Holland ကိုလမ်းညွှန်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။သူတို့နှစ်ဦးဟာအခုဆိုရင် ချစ်သူသက်တမ်း ၆ နှစ်ခန့်ရှိပြီဖြစ်ပါတယ်။အနုပညာလှုပ်ရှားမှုအနေနဲ့ Zendaya ဟာ ဧပြီ ၂၆ ရက်မှာဖြန့်ချိမယ့် Challengers ရုပ်ရှင်ကားမှာ tennis coach တစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။

Ju Ju

zawgyi

Zendaya နဲ႔ Tom Holland တို႔ဟာ BNP Paribas Open Women's Final မွာ တင္းနစ္ပြဲအတူၾကည့္ရင္းဒိတ္ခဲ့ၾကပါတယ္။သူတို႔ႏွစ္ဦးလုံးဟာ အသက္ ၂၇ ႏွစ္အ႐ြယ္ေတြျဖစ္ၾကပါတယ္။ ပြဲအတြင္းကင္မရာ႐ိုက္ကူးစဥ္မွာေတာ့သူတို႔ဟာ Whitney Houston ရဲ႕ I wanna dance with somebody သီခ်င္းကိုအတူတူဆိုေနၾကတယ္လို႔‌ေဖာ္ျပထားပါတယ္။ Zendaya ကအျဖဴေရာင္ ဂ်ာကင္အက်ီကိုဝတ္ဆင္ထားၿပီး Tom Holland ကိုေတာ့ အျဖဴေပၚကအညိဳေရာင္ရွပ္လက္ရွည္၊ ေဘာင္းဘီအမည္းေတြနဲ႔ေတြ႕ရတာပါ။

သူတို႔ႏွစ္ဦးဟာ သူငယ္ခ်င္းေတြအျဖစ္အခ်ိန္အၾကာႀကီးရွိေနခဲ့ၾကၿပီးမွခ်စ္သူေတြျဖစ္လာခဲ့ၾကတာျဖစ္ပါတယ္။ Tom Holland က Zendaya ကိုရယ္ေမာေအာင္လုပ္ေပးႏိုင္ၿပီး Zendaya ကလည္း Celebrity ကမာၻထဲက်င္လည္တတ္ေစဖို႔ Tom Holland ကိုလမ္းၫႊန္ေပးႏိုင္ခဲ့တယ္လို႔ဆိုပါတယ္။သူတို႔ႏွစ္ဦးဟာအခုဆိုရင္ ခ်စ္သူသက္တမ္း ၆ ႏွစ္ခန႔္ရွိၿပီျဖစ္ပါတယ္။အႏုပညာလႈပ္ရွားမႈအေနနဲ႔ Zendaya ဟာ ဧၿပီ ၂၆ ရက္မွာျဖန႔္ခ်ိမယ့္ Challengers ႐ုပ္ရွင္ကားမွာ tennis coach တစ္ေယာက္အျဖစ္သ႐ုပ္ေဆာင္ထားပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*