ပါရီမှာ အဖမ်းခံနေရတဲ့ အမေရိကန် ရက်ပ်အဆိုတော် Travis Scott

အမေရိကန် ရက်ပ်အဆိုတော် Travis Scott က သူ့ရဲ့သက်တော်စောင့်နဲ့ရန်ဖြစ်ပြီး သောကြာနေ့နံနက်အစောပိုင်းက ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ အာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။ဒီခိုက်ရန်ဖြစ်ပွားမှုကို ဖြိုခွင်ဖို့အတွက် ကြာသာပတေးနေ့နံနက် ၅နာရီမှာ George V ဇိမ်ခံဟိုတယ်သို့ ရဲများခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဆိုတော်ကိုတော့ တခြားသူတဦးအပေါ်အကြမ်းဖက်မှုဖြင့် ဖမ်းဆီးခဲ့တယ်လို့ ရဲပြောရေးဆိုခွင့်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။

အိုလံပစ်အားကစားပွဲအတွက် ပါရီမြို့မှာ ရှိနေတဲ့ အဆိုတော်က သူ့ရဲ့သက်စောင့်သက်နဲ့ရန်ဖြစ်ခဲ့တာဖြစ်ပါတယ်။ဒီကိစ္စရပ်ကို မြန်မြန် ဆန်ဆန်ဖြေရှင်းဖို့ ဒေသဆိုင်ရာ Parisian အာဏာပိုင်တွေနဲ့တိုက်ရိုက်ဆက်သွယ်နေပြီး အလျဉ်းသင့်ရင် အပ်ဒိတ်တွေ ပေးမှာပါ လို့ စကော့ရဲ့ကိုယ်စားလှယ်တစ်ဦးက CNN ကိုပြောကြားခဲ့ပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*