အချစ်မှာ ရပ်တန့်မရတဲ့ ရာသီခွင် (၄)ခု
ဘယ်ရာသီခွင်တွေက နှလုံးသားကို အားစိုက်ထုတ်ပြီး အနိုင်ယူနိုင်စွမ်းရှိလဲ သိချင်ပါသလား။တချို့လူတွေက အချစ်အတွက်မွေးဖွားလာကြတဲ့သူတွေလို ထင်ရနိုင်ပါတယ်။နှလုံးသားကိစ္စရပ်တွေမှာ မရပ်တန့်နိုင်တဲ့သဘောသဘာဝကြောင့် ထင်ရှားကျော်ကြားတဲ့ရာသီခွင် ၄ခုကိုဖော်ပြပေးချင်ပါတယ်။
Aries
မျက်စိမှိတ်ချစ်နေမယ်ဆိုတဲ့ လူစားမျိုးတွေပါ။ မကြောက်မရွံ့နဲ့ အချစ်ကိုပဲမျက်စိမှိတ်ရွေးချယ်ကြပါတယ်။ ပြင်းပြတဲ့စိတ်အားထက်သန်မှုကြောင့် လူသိများပါတယ်။သူတို့တွေက ချစ်ဆက်ဆံရေးမှာ စွန့်စားဖို့မကြောက်ကြပါဘူး။စွန့်စားမယ်ကိုယ့်အချစ်ရေ…လိုက်ရဲလား…ဆိုတာ သူတို့ရဲ့မူပိုင်ဖြစ်ပါတယ်။ စွန့်စားလိုစိတ်ကအသွေးထဲအသားထဲမှာရှိနေပြီး အချစ်အတွက် အရာရာစွန့်လွှတ်ဖို့ ဝန်မလေးကြပါဘူး။
Leo
ဆွဲဆောင်မှုရှိတဲ့ ချစ်သူတွေဖြစ်ကြတဲ့ လီယိုတွေကတော့ သူတို့ရဲ့နွေးထွေးမှုကြောင့်ဆွဲဆောင်မှုဖြစ်စေပါတယ်။ စိတ်နှလုံးအကြွင်းမဲ့ချစ်မြတ်နိုးမှုကို ဖော်ပြကြပါတယ်။ သူတို့ကအချစ်အတွက်ဆိုရင် ရပ်တန့်လို့မရ၊ တားဆီးလို့မရအောင် ချစ်တတ်ကြပါတယ်။ သူတို့အတွက်
ရင်နဲ့အမျှချစ်ရသူတွေအတွက် ခမ်းနားတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြကြပါတယ်။ သူတို့ကလက်တွဲဖော်အတွက်အကောင်းဆုံးနဲ့ အခမ်းနားဆုံး ချစ်ခြင်းမေတ္တာတွေပေးကြပါတယ်။
Scorpio
အချစ်မှာရပ်တန့်မရတာက ကင်းမြီးကောက်တွေကိုလည်း ချန်ခဲ့လို့မရပါဘူး။ သူတို့တွေရဲ့ပြင်းထန်ပြီး ဆွဲဆောင်မှုရှိတဲ့ အချစ်တွေကိုဖော်ပြလေ့ရှိပါတယ်။ သူတို့တွေက ခိုင်မြဲတဲ့သစ္စာရှိသူတွေဖြစ်ကြပြီး မယုံကြည်နိုင်လောက်အောင် ကတိသစ္စာြမဲသူများဖြစ်ကြပါတယ်။သူတို့က အချစ်အတွက်ဆိုရင် ရှုပ်ထွေးမှုများကို စူးစမ်းဖို့၊ ရင်ဆိုင်ဖို့မကြောက်ရွံ့ကြဘဲနှလုံးသားအတွက် အရာရာကိုအနိုင်ယူနိုင်ကြပါတယ်။
Pisces
အချစ်ရေးမှာစိတ်ကူးယဉ်ဆန်ဆန်ချစ်တတ်ကြသူတွေဖြစ်ပြီးအချစ်ကိုရပ်တန့်လို့မရအောင်ချစ်တတ်ကြသူများဖြစ်ပါတယ်။ နူးညံ့တဲ့နှလုံးသားနဲ့အကန့်အသတ်မဲ့ သနားကြင်နာမှုတို့နဲ့ ချစ်သူကိုဂရုစိုက်တတ်ကြပါတယ်။ သူတို့က နားလည်မှုနဲ့လိုက်လျောမှုတွေကြောင့် လက်တွဲဖော်နဲ့ အပေးအယူမျှမျှ ရှိကြတဲ့အတွဲလည်းဖြစ်ပါတယ်။သူတို့က အချစ်အတွက်ဆိုရင် ပေးဆပ်ဖို့ဝန်မလေးကြပါဘူး။
MYit
zawgyi
Aries
Leo
Scorpio
Pisces
MYit
Be the first to comment
Leave a Reply
Your email address will not be published.
*