မယုံကြည်ရတဲ့ လူတွေရဲ့လက္ခဏာ (၃)ခု

ဘဝမှာ တစုံတယောက်အပေါ် မသေချာမရေရာမှုတွေနဲ့ မယုံကြည်ရဘူးလို့ ခံစားနေရပါသလား။ယုံကြည်မှုက ပါဆင်နယ်မှာဖြစ်စေ၊ ပရော်ဖက်ရှင်နယ်ဘဝမှာဖြစ်စေ ဆက်ဆံရေးတခုအတွက်အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ တယောက်ယောက်က မင်းရဲ့ယုံကြည်မှုနဲ့ ထိုက် တန်ရဲ့လား။ဒီအချက်တွေကတော့ လူတယောက်ကို မယုံကြည်ဖို့ သိသာစေတဲ့အချက်တွေပဲဖြစ်ပါတယ်။

ဇာတ်လမ်းများ ကိုက်ညီမှုမရှိတာ

လူတွေကိုမယုံကြည်ရတဲ့လက္ခဏာတွေထဲကနေ ထင်ရှားတဲ့အခါကတော့သူတို့ပြောတဲ့ဇာတ်လမ်းတွေက ကိုက်ညီမှုမရှိတာပါပဲ။ သူတို့ပြောတဲ့စကားတွေထဲမှာကွဲလွဲမှုများကို သင်အာရုံစိုက်မိနိုင်ပါတယ်။ အထူးသဖြင့် မေးခွန်းထုတ်တဲ့အခါမျိုးမှာသူတို့ရဲ့ဇာတ်ကြောင်းကို မကြာခဏ ပြောင်းလဲနေတတ်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ပုဂ္ဂိုလ်များကတော့ တသမတ်တည်း ဇာတ်လမ်းတပုဒ်ရှိကြပါတယ်။

တာဝန်ခံမှုမရှိတာ

နောက်တစ်ခုကတော့ တစုံတယောက်က သူတို့ရဲ့ လုပ်ရပ်အတွက် တာဝန်မယူဖို့ ငြင်းဆန်တဲ့လက္ခဏာပါပဲ။ သူတို့ရဲ့အမှားတွေအတွက် တခြားသူတွေကို အပြစ်တင်နေသလား ဒါမှမဟုတ်အဆက်မပြတ် ဆင်ခြေပေးသလား။ ယုံကြည်စိတ်ချရတဲ့ ပုဂ္ဂိုလ်များကတော့အမှားလုပ်မိတဲ့အခါတာဝန်ယူဖို့နဲ့ ပြုပြင်ဖို့ကြိုးစားကြပါတယ်။

မယုံကြည်နိုင်မှုနဲ့ ဖရိုဖရဲဖြစ်တာ

ညီညွတ်တာက ယုံကြည်မှုတည်ဆောက်ရာတွင် အဓိကသော့ချက်ဖြစ်ပါတယ်။တစုံတယောက်က အစီအစဉ်များကိုထပ်ခါတလဲလဲမလိုက်နာတာ၊ကတိကဝတ်များကိုလိုက်နာဖို့ပျက်ကွက်တာတွေက စိတ်မချရတဲ့လက္ခဏာတွေပါပဲ။သူတို့တွေက ယုံကြည်မှုအတွက်တော့ အနီရောင်အလံတွေပါပဲ။တခြားသူများရဲ့အချိန်ကိုမလေးစားတဲ့သူတွေကလည်းယုံကြည်စိတ်ချရမှုမရှိတာကိုပြသပါတယ်။

MYit

zawgyi




တာဝန်ခံမှုမရှိတာ




MYit

Be the first to comment

Leave a Reply

Your email address will not be published.


*