အလုပ်မှာ Burnout ဖြစ်တဲ့ အဆင့် (၃)ဆင့်

အလုပ်မှာ Burnout ဖြစ်တယ်ဆိုတာဘာပါလဲ။ အလုပ်မှာ ပျော်ရွှင်မှုကင်းမဲ့နေတာ၊စိတ်တက်ကြွမှုမရှိတာ၊ အလုပ်များပြီးမြောက်နိုင်မှုအပေါ်ယုံကြည်မှုမရှိတာကို Burnout ဖြစ်တယ်လို့ ခေါ်ပါတယ်။ သင်က အလုပ်တွေနဲ့ရုန်းကန်နေရတယ်၊ လုပ်ဖော်ကိုင်ဖက်တွေဒါမှမဟုတ်ချစ်ရတဲ့သူတွေကို အလွယ်တကူစိတ်ပျက်နေပြီး ဘာမှမလုပ်နိုင်ဘူးလို့ ခံစားနေရင် Burnout ဖြစ်နေတာပါ။ Burnout အဆင့်မှာ အဆင့် ၅ခုရှိပါတယ်။ လုပ်ငန်းခွင် Burnout အတွက်သုတေသနပြုချက်ကို Winona State University ကပြုလုပ်ထားတာဖြစ်ပါတယ်။

စိတ်ဓာတ်တက်ကြွမှုနည်းတာ

အလုပ်မှာ စိတ်တက်ကြွမှုနည်းသွားတယ်။ သင့်မှာ ကောင်းတဲ့နေ့များနဲ့ဆိုးတဲ့နေ့များရှိနိုင်ပါတယ်။ အလုပ်မှာမင်းရဲ့စွမ်းဆောင်ရည်ကို ဆက်ထိန်းထားနိုင်ရင်တောင်မှတခါတလေမှာ အလုပ်ကို Burnout ဖြစ်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် သင်ကမေ့တတ်တာတွေဖြစ်နိုင်သလို၊ စိတ်ဖိစီးမှုကြောင့် အိပ်မပျော်တာတွေဖြစ်တတ်ပါတယ်။

နာတာရှည် စိတ်ဖိစီးမှု လက္ခဏာများ

စိတ်ဖိစီးမှုနဲ့ စိတ်မသက်မသာဖြစ်စေတဲ့ နေ့ရက်များထက် ပိုခံစားနေရတာ၊ လူတွေကြောင့်သင်စိတ်မကောင်းဖြစ်ရတာတွေက ပုံမှန်ထက်ပိုပြီး ခံစားနေရတယ်ဆိုရင် Burnout ဖြစ်နေတာသေချာပါပြီ။ မောပန်းနွမ်းနယ်နေတာ၊ စိတ်ဓာတ်ကျတာတွေဖြစ်နေတာက Burnout ရဲ့ လက္ခဏာတွေပါပဲ။

ပင်ပန်းနွမ်းနယ်တာ

မောပန်းနွမ်းနယ်တာ၊ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများစတင်ခံစားရပါတယ်။ သင်က အလုပ်ကိုအချိန်ဆွဲတာ ဒါမှမဟုတ် သတ်မှတ်ရက်တွေထက်နောက်ကျပြီးမှ လုပ်တာ၊ အချိန်ဆွဲတာတွေက ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးနေတာရဲ့ အစပါပဲ။
အလုပ်ထွက်ဖို့၊ အလုပ်ကနေပြေးဖို့ စဉ်းစားနေတတ်ပါတယ်။

MYit

zawgyi






ပင်ပန်းနွမ်းနယ်တာ


MYit

Be the first to comment

Leave a Reply

Your email address will not be published.


*